Trelagliptin 50 mg ဆီးချိုစားဆေးတမျိုး

မေးခွန်း = အသက် ၅၅။ ကျားဆီးချိုအမျိုးစားဆီးချိုသက် ၃ နှစ်။ Hba1c 7.4 လက်ရှိ မနက် ဒိုင်မိခရွန် ၃၀ အား တလုံး မနကနေ့လည် ည မက်ဖော်မင် 500 အား သောက်ရပါတယ်။ ယခု တပတ်မှ တကြိမ်သာ သောက်ရတဲ့ ဆေး မြန်မာပြည်မှာ ဝယ်လို့ရလို့ သောက်ရင်ကောင်းမလားလို့ အဲ့ဒါ သောက်ရင် သောက်လက်စဆေး အကုန်ရပ်ရမှာလားဆရာ။

ပြန်စာ

Trelagliptin 50 mg ဟာ တပတ်မှ တကြိမ်သာသောက်ရတဲ့ ဆီးချိုအမျိုးအစား ၂ အတွက် ဆေးသစ်ဖြစ်တယ်။

DPP-4 inhibitors (Dipeptidyl Peptidase-4 inhibitors) ဆေးအုပ်စုဝင်ဖြစ်တယ်။

Trelagliptin Succinate equivalent to Trelagliptin 50 mg ဆေးပါတယ်။

Common Side Effects ဘေးထွက်သက်ရောက်မှုများ

Headache ခေါင်းကိုက်

Nasopharyngitis အအေးမိသလိုခံစား

Upper respiratory tract infection အသက်ရှူလမ်းအပေါ်ပိုင်းပိုးဝင်ခြင်း

Gastrointestinal discomfort အစာလမ်းအနေရခက်ခြင်း

Less Common but Serious Side Effects ရှားရှားပါးပါး

Hypoglycemia သကြေားါါ်တ်ကျသွားခြင်း

Type 1 diabetes mellitus အမျိုးအစား၁ အတွက် မသုံးရ။

Diabetic ketoacidosis အဆင့်ရောက်နေသူတွေ မသောက်ရ။

insulin, sulfonylureas ဆေးတွေနဲ့ တွဲမသောက်ရ။

Renally excreted drugs ဆေးတွေနဲတွဲမသောက်ရ

metformin နဲ့ တွြသောက်လို့ရ

သွေးထဲကသကြားဓါတ်ကို ပုံမှန်စစ်ဆေးနေသင့်။

အစားအသောက် ဂရုစိုက်ရမည်။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ