Roselle ချဉ်ပေါင်ပင်


ချဉ်ပေါင်ရာသီ ဖြစ်ပါသည်
(၁)
ချဉ်ပေါင်နီ (Hibiscus sabdariffa / Roselle) 
အရသာချဉ်သန့်ပြီး အရောင်နီရောင်ရှိ
ချဉ်ပေါင်နီ အချဉ်ဟင်း
ပဲငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တို့နှင့် ချက်
ပြုတ်ပြီး ဆီ၊ ငံပြာရည်၊ ပဲငံပြာ၊ ငရုတ်သီးနှင့် သုပ်
ချဉ်ပေါင်ဖျော်ရည်
သွေးဖိအားကို လျှော့ချနိုင်
ကိုလက်စထရော ထိန်းညှိခြင်း
Antioxidant ကြွယ်ဝမှု
သွေးချို ထိန်းညှိခြင်း
အသည်းအဆီဖုံးခြင်း (steatosis) ကို လျှော့ချနိုင်
Vitamin C ကြွယ်ဝ
calcium၊ iron၊ magnesium ပါဝင်
ကိုယ်ခံအား တိုးစေ
ကိုယ်အလေးချိန် ထိန်းညှိရာတွင် ကူညီနိုင်
အဆိပ်အတောက်များ ဖယ်ရှားရာတွင် ကူညီ
အစာချေစနစ် တိုးတက်စေ
(၂)
ချဉ်ပေါင်ခါး (Hibiscus cannabinus)
အင်္ဂလိပ်လို kenaf ဟုခေါ်ပြီး antioxidant၊ anti-inflammatory နှင့် antimicrobial အာနိသင်များ ကြွယ်ဝသော အပင်တမျိုးဖြစ်သည်။ အရသာ ခါးချဉ်သဘောရှိ
ဝမ်းချုပ်ခြင်း လျော့စေ
အစာချေမှု ကောင်းမွန်စေ
အချဉ်ဟင်း
ငါး၊ ပုစွန်နှင့် ချက်
တို့စရာ (ပြုတ်စား)
ငံပြာရည်၊ ပဲငံပြာနှင့် တွဲစား
ကြက်သွန်ဖြူ၊ ဆီနှင့် ကြော်စား
(၃) ချဉ်ပေါင်သီး (Roselle calyx)
ချဉ်ပေါင်နီပင်မှ ထွက်သော ပန်းခွံ
စားသုံးပုံ
ဖျော်ရည်
ချဉ်ချဉ်ချိုချို သောက်စရာ ပြုလုပ်
ယို (jam/jelly)
သကြားနှင့် ချက်ပြီး သိုလှောင်
အချဉ်ဟင်း
ဟင်းချက်ရာတွင် အချဉ်အဖြစ် ထည့်သုံး
နွေရာသီတွင် ပိုမိုစားသုံးကြ
ငါး၊ ပုစွန်၊ ငါးပိတို့နှင့် တွဲဖက်ချက်စားမှု များပြား။
(၄)
“အညာစတိုင် ချဉ်ပေါင်ဟင်းချက်နည်း”
ချဉ်ပေါင်ရွက်ကို သန့်စင်ပြီး
အရွက်ပင်နူးအောင် ခွာထား
ငါးခြောက် (သို့) ပုစွန်ခြောက်ကို ရေစိမ်ပြီး သန့်စင်
ကြက်သွန်နီ၊ ကြက်သွန်ဖြူကို သေးသေး လှီးထား
အိုးထဲတွင် ဆီအနည်းငယ် ထည့်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကို ဆီသတ်
ပဲငါးပိ ထည့်
ငါးခြောက် (သို့) ပုစွန်ခြောက်ထည့်
အနည်းငယ် လှော်
ရေထည့်ပြီး ပြုတ်
ရေတောက်လာသောအခါ
ချဉ်ပေါင်ရွက်ထည့်
ဆားအနည်းငယ် ထည့်၍ အရွက်နူးအောင် ချက်ပါ
(၅)
ရန်ကုန်စတိုင် ချဉ်ပေါင်ဟင်း
ချဉ်ပေါင်ရွက် — လက်တဆုပ်ခန့်
ငါးသစ် (သို့) ပုစွန်သစ် — ၁၀၀–၁၅၀ ဂရမ်
ပဲငါးပိ — လက်ဖျားတလုံးခန့်
ကြက်သွန်နီ — ၁ လုံး
ကြက်သွန်ဖြူ — ၃–၄ ခွာ
ချင်း — အနည်းငယ်
ငရုတ်သီးခြောက် (သို့) ငရုတ်သီးမှုန့် — သင့်တော်သလောက်
နနွင်းမှုန့် — အနည်းငယ်
ဆား — သင့်တော်သလောက်
ဆီ — ၁–၂ ဇွန်းခန့်
ရေ — လိုအပ်သလောက်
(၆)
ချဉ်ပေါင်ကြော် – ချဉ်ပေါင်ရွက်ကို ကြက်သွန်၊ ငရုတ်သီး၊ မျှစ်၊ မျှစ်ချဉ်၊ ပုစွန်ခြောက်၊ သို့မဟုတ် မျှင်ငါးပိတို့ဖြင့် ဆီပြန်ကြော်လေ့ ရှိပါသည်။
သားငါးများနှင့် တွဲဖက်ဆီပြန်ချက်ခြင်း – ပုစွန်၊ ကြက်သား၊ ဝက်သား စသည့် သားငါးများနှင့် ချဉ်ပေါင်ရွက်ကို ရောနှော၍ ချဉ်စိမ့်စိမ့် ဆီပြန်ဟင်းအဖြစ် ချက်ပြုတ်စားသုံးကြပါသည်။
"ချဉ်ပေါင်တုံးခါမှ မောင်ဘုန်းပြန်ခဲ့မယ်"
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ