ဂျပန်မှာ ပန်းဝတ်မှုံဓာတ် အလာဂျီ ဖြစ်ပွားနေ

“Pollen allergies ဟာ ဂျပန်နိုင်ငံမှာ အမျိုးသားရေးကျန်းမာရေးပြဿနာတခု ဖြစ်လာနေပါပြီ" 

၁၉-၅-၂၀၂၅ နေ့ သတင်းဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တုန်းကတည်းက ဂျပန်နိုင်ငံမှာ အလာဂျီ ခေါ် ဓါတ်မတည့်မှုတွေကို အမျိုးသားရေး လူမှုရေးပြဿနာတခုအဖြစ် ကြေညာခဲ့ပြီး၊ ဗဟိုအစိုးရက နှစ်ပေါင်း ၃၀ အတွင်း ဝတ်မှုံထွက်ရှိမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်မှန်းချက်ကြီးမားတဲ့ စီမံကိန်းတခုကိုပါ ချမှတ်ခဲ့တယ်။

ဝတ်မှုံကြောင့်ဖြစ်တဲ့ Hay fever ရောဂါကို တနေ့မှာ ကုန်ထုတ်စွမ်းအား အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ ဆုံးရှုံးစေတဲံ စနစ်တခုလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုတခုအဖြစ် အသိအမှတ်ပြုထားပါတယ်။

စစ်ပြီးခေတ် သစ်တောပြန်လည်စိုက်ပျိုးရေး မူဝါဒများကြောင့် လက်ရှိတွင် ကျောင်းသားတွေရဲ့ ပညာရည်စွမ်းဆောင်နိုင်မှုနဲ့ ရေရှည်အမျိုးသားရေး ယှဉ်ပြိုင်နိုင်စွမ်းတို့ကို ခြိမ်းခြောက်နေတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဝတ်မှုံအကျပ်အတည်းတခု ဖြစ်ပေါ်လာခဲ့ရပါတော့တယ်။

ဂျပန်အစိုးရက အချက်အလက်အခြေပြု တိကျသစ်တောလုပ်ငန်းနဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး နှစ်ပေါင်း ၃၀ အတွင်း ဝတ်မှုံပမာဏကို ထက်ဝက်လျှော့ချရန် ရည်မှန်းထားပါသတဲ့။

ဂျပန်ရောက် မြန်မာပြည်သားတွေ ဘေးကင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ