Enhydra fluctuans Lour (ကနဖော့)


Botany Term : Enhydra fluctuans Lour

Species/Family : Compositae

Kankong-kalabau

Hilamochika

မြန်မာနိုင်ငံအနှံ့အပြား ရေချိုပိုင်း ရေစပ်များတွင် ပေါက်ရောက်သည်။ သဘာ၀အလျောက် အလေ့ကျပေါက်သည်။

ရခိုင်လူမျိုးများသည် ကနဖော့ ကို ခေါင်းရော် ဟုခေါ်ကြသည်။

အပင် ရေစပ် ရွှံ့နွံများကြား၌ ပေါက်သည့် ပင်ပျော့ပင်ငယ်တမျိုး ဖြစ်သည်။ အမြင့် ၁- ၂ ပေထိ ရှိ၏။ တပင်လုံး ပြောင်ချောနေသည်။ သို့မဟုတ် တခါတရံ အမွေးနုများ ဖုံးလွှမ်းနေသည်။ ကိုင်းဖြာသည်။ အဆစ်များမှ ဖော့ကဲ့သို့ ပေါ့ပါးသော အဖြူရောင် အမြစ်များ ဖြာထွက်သည်။

အရွက် ရွက်ဆိုင် အလှည့်ကျထွက်သည်။ အရွက်များ သေးသွယ်ပြီး ငှက်တောင်ပုံ ရှိသည်။ ၁ လက်မမှ ၃ လက်မထိ ရှည်သည်။ ရွက်ရင်း ကျဉ်းသွယ်သည်။ ရွက်ညှာမဲ့၍ ရွက်နားညီသည်။ သို့မဟုတ် သေးငယ်သော ခွေးသွားစိပ်များ ရှိသည်။

အပွင့် စိမ်းနုရောင်ရှိသည်။ ပွင့်ညှာမဲ့သည်။ ထိပ်ထွက်ပန်းပွင့် ဖြစ်သည်။ ပွင့်ချိန်မှာ သီတင်းကျွတ်လမှ တပေါင်းလ အထိ ဖြစ်သည်။ တစေ့သီး ဖြစ်သည်။

ကနဖော့ ဆေးဘက်ဝင်လို့ ရေးကြတယ်။

မှတ်ရန်မှာ လူအများစာသုံးကြတဲ့ အရွက်၊ အသီး၊ အပွင့်၊ ဥနဲ့ အမြစ်တွေအားလုံး ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ