A fish bone gets stuck in the throat လည်ချောင်းထဲတွင် ငါးရိုးစူးပါက
ဆရာရှင့်တခုလောက်မေးပရစေ လွန်ခဲ့သော ဆယ်ရက်လောက် ငါးအသေးအရိုးလေးမျက်သွားပါသည် အရိုးကတော့ ကျသွားပါသည် ဒါပေမဲ့ လည်ပင်းအတွင်းထဲ ညာဘက်ဘေးကနာသလို တစ်သလိုခံစားရသည် ချွဲသလိပ်ကလဲ ညာဘက်ကဘဲကပ်သပ်သပ် ဖြစ်နေပါသည် ချွဲထွက်သွားရင် သက်သာပါသည် တံထွေးမျိူလဲ ညာဘက်ဘေးခံတွင်းထဲက တစ်နေသလိုခံစားရပါသည် ဘာလုပ်ရမလဲ ညွှန်ကြားပေးစေလိုပါသည် ကျမကကြောက်တတ်ပါသည် အမှားပါရင်ခွင့်လွတ်နားလည်ပေးပါရှင့်
ဘေးကင်းသော အိမ်တွင်းပြုစုနည်းများ
အားပြင်းပြင်းဖြင့် ချောင်းဆိုးကြည့်ပါ သို့မဟုတ်
ငှက်ပျောသီး သို့မဟုတ် ရေဆွတ်ထားသော ပေါင်မုန့်ကဲ့သို့ ပျော့ပျောင်းသည့် အစားအစာများကို အတုံးကြီးကြီး မြိုချပါ သို့မဟုတ်
သံလွင်ဆီ စားပွဲဇွန်းတဇွန်း သောက်ပေးပါ။
ရှောင်ကြဉ်ရမည့် အချက်များ
ငါးရိုးကို ရှာဖွေရန် လက်ချောင်းများ၊ ဇာဂနာများ သို့မဟုတ် ဇွန်းများကို ပါးစပ်အတွင်းသို့ ထည့်၍ မနှိုက်ပါနှင့်။
ထိခိုက်မှုဒဏ်ကြောင့် ရောင်၊ နာနေခြင်းဖြစ်ပါမယ်။ Paracetamol/Tylenol တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် ရက်တိုသောက်ပါ။
အေးတဲ့ (ရေခဲ၊ အိုက်စ်ခရင်) စားသောက်ပါ။
တချို့တော့ ပိုးသေဆး Amoxicillin 500 mg တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်၊ ၅ ရက်လိုနိုင်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment