Basil in the wild ပင်စိမ်းအမျိုးအစား များတယ်



Sweet Basil၊ Thai Basil နှင့် Lemon Basil တို့မှာ အသုံးအများဆုံး ဖြစ်ကြသည်။

သိတာကိုက အနည်းဆုံး ၃ မျိုး၊ ဗမာ၊ အိန္ဒိယနဲ့ ယိုးဒယား။ ဗမာပင်စိမ်းတော့ လူတိုင်းသိမယ်။ ဗီယက်နမ်စွပ်ပြုတ်ကို ထိုင်းပင်စိမ်းနဲ့ ပဲပင်ပေါက်ခပ်သန်သန်နဲ့ တွဲစားကြတယ်။ ကောင်းတယ်။ 

အိန္ဒိယပင်စိမ်းနဲ့ ဗမာပင်စိမ်း အတူတူဘဲ။ သိသိသာသာ ကွာခြားမှုက သူတို့က ကိုးကွယ်ကြပြီး၊ ကျွန်တော်တို့ စားကြတယ်။

မြန်မာပြည်မှာ ပူစီနံကို စမူဆာနဲ့တွဲစားတယ်။ ဆိတ်သားကင်သုပ်ထဲထည့်စားတယ်။ ဒံပေါက်နဲ့စားကြတယ်။

ငယ်ငယ်က ပူစီနံ၊ ပူစီနာလို့ အလွယ်ခေါ်ခဲ့တယ်။ နယူးဒေလီရောက်မှ ပူဒီနာ အသံထွက်မှန်သိတယ်။

အိန္ဒိယမှာ Mentha arvensis, Mentha piperita နဲ့ Mentha spicata လို့ခေါ်ကြတယ်။ သူများတွေဆီမှာ ဆေးအဖြစ်သုံးကြတယ်။ ဟာဘယ်ဆေး ကျမ်းတွေမှာ အက်စစ်များတာ၊ လေအောင့်တာ၊ လေတက်တာအတွက် ညွှန်းတယ်။ IBS ခေါ် ဝမ်းမငြိမ်ရောဂါအတွက်လည်း ညွှန်းတယ်။ 

Spearmint oil ဆိုတာလည်း အဲတာကို အဆီထုတ်ထားတာ။ အနံ့က သိသာတယ်။ Antioxidants အင်တိုင်ကောက်ဆီဒင့် ဓါတ်ပါတယ်။မကောင်းတာတွေကို ချေဖျက်ပေးနိုင်စွမ်းရှိတယ်။ 

Peppermint နဲ့ Mint ခေါ် အနံ့ဆိုး သက်ဆေးအဖြစ်သုံးတယ်။ 

ခြင်ကိုနှင်ထုတ်စေနိုင်တဲ့အပင်များစာရင်းထဲမှာ အဲလိုအပင်တွေပါတယ်။

Basil ပင်စိမ်း

Catnip ပင်စိမ်းတမျိုး

Peppermint ပင်စိမ်းတမျိုး

Pudina ပူဒီနာ

သွေးတိုးကျစေတဲ့ အိန္ဒိယက တိုင်းရင်းဆေးနည်းထဲမှာ တမာရွက်နဲ့ Tulsi (Basil) ပူဒီနာရွက်တွေပါတယ်။

သွေးကျဲစေတဲ့အစာများထဲမှာ Peppermint ပင်စိမ်းနဲ့ သွေးခဲစေနိုင်တဲ့အစာများထဲမှာ Parsley တရုပ်နံနံ၊ Celery တရုပ်နံနံကြီးတို့ ပါတယ်။

ပင်စိမ်း (Basil) မျိုးစိတ်ပေါင်း အနီးစပ်ဆုံး ၅၀ မှ ၁၅၀ အထိ သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိပြီး ကမ္ဘာတဝန်းရှိ စိုက်ပျိုးရေးသမားများနှင့် စားဖိုမှူးများ စိုက်ပျိုးကြသည့် စိုက်ပျိုးထုတ်လုပ်ထားသော မျိုးစိတ်ကွဲ (cultivars) ပေါင်း ၁၅၀ ကျော် ရှိပါသည်။ ထိုအပင်များသည် အီတလီဟင်းချက်ရာတွင် သုံးသည့် အခြေခံပင်စိမ်းမှသည် စပ်သောအရသာ၊ နွယ်ချို/စမုန်စပါးနံ့နှင့် ရှံမုန်းသီးနံ့သင်းသော အမျိုးအစားများအထိ စုံလင်စွာ ရှိကြပါသည်။

ထင်ရှားသော စိုက်ပျိုးရေး/ဟင်းချက်သုံး မျိုးစိတ်များ

• Genovese Basil (ဂျီနိုဗီးစ် ပင်စိမ်း): အီတလီစတိုင် အရွက်ကြီးအမျိုးအစားဖြစ်ပြီး ပက်စတို (Pesto) ဆော့စ်ပြုလုပ်ရန် အသင့်တော်ဆုံး ဖြစ်ပါသည်။

• Thai Basil (ထိုင်း ပင်စိမ်း / ပင်စိမ်းရိုးနီ): ပင်စည် ခရမ်းရောင်ရှိပြီး နွယ်ချို သို့မဟုတ် စမုန်စပါးနံ့ သင်းပျံ့ပြင်းထန်ပါသည်။

• Holy Basil (Tulsi / ပင်စိမ်းနက် သို့မဟုတ် ပင်စိမ်းဖြူ): အိန္ဒိယနိုင်ငံတွင် အလေးအမြတ်ထားကြပြီး ငရုတ်ကောင်းကဲ့သို့ စပ်ရှိန်းသောအရသာရှိ၍ လက်ဖက်ရည်နှင့် အကင်/အကြော်ဟင်းလျာများတွင် သုံးကြပါသည်။

• Lemon Basil (ပင်စိမ်းသံပုရာ / ပင်စိမ်းမွှေး): အာရှဟင်းချက်နည်းများတွင် ရေပန်းစားပြီး လတ်ဆတ်သော ရှံမုန်းသီးနံ့ မွှေးပျံ့ပါသည်။

• Cinnamon Basil (သစ်ဂျက်ပိုးနံ့ ပင်စိမ်း): သစ်ဂျက်ပိုးခေါက်ကဲ့သို့ နွေးထွေးသောရနံ့နှင့် ခပ်ပါးပါး စပ်ရှိန်းသောအရသာကို ပေးစွမ်းပါသည်။

• Purple Basil (ပင်စိမ်းညို / ခရမ်းရောင် ပင်စိမ်း): Dark Opal အပါအဝင် အရွက်များ ရင့်မှောင်သော ခရမ်းရောင်ရှိပြီး ဟင်းလျာများတွင် အရောင်အသွေးလှပစေရန်နှင့် အနံ့သင်းစေရန် သုံးကြပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ