အခါး ပြီးတော့ အချဉ်
စောစောက အခါးအသီးအရွက် အရသာအကြောင်း တင်ပြထားတယ်။
အခု အချဉ်။
ကျွန်တော်ကတော့ အချဉ်ကို တယ်မကြိုက်။ ကျွန်တော်မကြိုက်ဆိုတိုင်း မကောင်းတာ မဟုတ်ပါ။
နယူးဒေလီမှာနေခဲ့ကြစဉ်က ရှစ်လေးလုံးဘုန်းကျောင်းကို သွားလာ၊ ကုသိုလ်ပြုကြတယ်။
တခါတော့ ဆရာတော်က လူရင်းတကာနဲ့ တကာမကို မျှစ်ချဉ်ချက် ကပ်စေတယ်။
ဝမ်းသာအားရ ကောင်းအောင်ချက်ပြီး သွားကပ်ကြတာပေါ့။
တဇွန်း နှစ်ဇွန်း အပြီး ဆရာတော်က
"မင့်တို့မျှစ်ချဉ်က မချဉ်ပါလား။"
"တင်ပါ့ တပည့်တော်တို့က စားကောင်းအောင် ရေးနဲ့ သေချာပြုတ်၊ အချိုမှုန့်၊ ပုစွန်ခြောက် ထည့်ချက်တာပါဘုရား"
"မျှစ်ချဉ်အရသာ စားချင်လို့ ခိုင်းတာဟ"
အဲလိုပါဘဲ။
"လုံးဝ မခါးစေရ"
"ခါးတဲ့အရသာ မရှိစေရ"
"အရမ်းကို မချဉ်တဲ့"
အဲလို ဖုဒ်ဘလော့ကာ တွေနဲ့တော့ ဂွကျတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment