ကျန်းမာရေး မေးခွန်းတခု
ဆရာခင်ဗျ အသက် ၃၆ ဆေးပြထားတာ ဆရာဝန်က ဆီးပိုးဝင်တယ်ဆိုပြပီး(ပြီး) ဆေး ၅ရက်ပေး ခု ခနာကိုယ် (ခန္ဓာကိုယ်) ယားယံတာရှိနေလို့ပါဗျ အိမ်ထောင်သည် ဆီးကျောက်ဘယ်ဖက် (ဘယ်ဘက်) ၅mm ရှိပါတယ်ဗျ ၁၅ရက်လောက်ရှိ ညဘက်ဆီးများ ခုတော့ ဆေးပေးပြီးနောက်ပိုင်းသက်သာ ဘာတွေဆောင်ရ ရှေင်ရမလဲဗျ ၁၅ရက်လောက်ရှိပါပြီဗျ ခံစားနေရတာ စဖြစ်တုန်းက မျက်နှာအန်းပါတယ်ဗျ ခုသက်သာ လက်ဆစ်ခြေဆစ်လေးတွေတော့ကိုက်ပါတယ်ဗျ
ပြန်စာ
ဆရာဝန်ပြာထား ဆေးသောက်နေပြီး။
ဆီးစစ်ချက်ပါ အချက်အလက်တွေကို မသိရ။
ရောင်အန်းသူတိုင်း အငန် (ဆား/ဆိုဒီယန်) လျှော့စားရမယ်။
ဆီးချို မသိရ။
သွေးဖိအား အထက်/အောက် ဂဏန်းတွေ မသိရ။
ယူရစ်အက်စစ် မသိရ။
လိုသေးမေးနိုင်။
မှတ်ချက်
ဆေးပြအသုံး တတိုင်းတပြည်လုံးမှာ အရင်ကမသုံးကြပါ။
ဆေးခန်းပြ၊ ဆေးရုံပြ၊ ဆရာဝန်ပြ၊ ဆေးစစ်၊ ဆေးကုသမှုခံယူ စသဖြင့် သုံးခဲ့ကြပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment