မေးချင်လို့ပါဆရာ

ဆရာနေကောင်းကျန်းမာပါစေ ကျမသွေးတိုးရှိလို့ မနက်ည သွေးပေါင်ကျဆေး အစာအိမ်ဆေး အမူးပြေဆေး အအန်ပျောက်ဆေး လေးမျိုးသောက်ပါတယ်ဆရာ မနက်ကို သွေးညှိဆေး Asomex 2.5 သောက်ပါတယ် ညကျမှ သွေးပေါင်ကျဆေး Angilock50 ဆေးနဲ့ caruecard 6-25 နဲ့တခြားဆေးတွေ တွဲသောက်ပါတယ် နေ့ခင်းအားဆေး ဇင်ကိုဗစ် တလုံး သောက်ပါတယ် ဘားပလက်ကတော့ အရင်ကတဲက တနေ့နှစ်လုံးသောက်ပါတယ် အခုတလော ခြေထောက်တွေတအားရောင်လို့ဆရာ ခြေသားလုံးအောက်ကနေ တောက်လျှောက်ရောင်တာဆရာ မနက်ထမင်းဟင်းချက်ရင် မတ်တပ်(မတ်တတ်)ရပ်တာတော့ တနာရီခွဲလောက်ကြာတယ်ဆရာ ပြီး တံပျက်စည်း (တံမြက်စည်း) အောက်ဆင်းလှည်းတယ်ဆရာ ရပ်တာကြာလို့လား မသိဘူး အရင်ကလဲ လုပ်တာဘာမှမဖြစ်ဘူးဆရာ အခုတလောဖြစ်တာ မနက်အိပ်ရာထရင် မရောင်ဘူးဆရာ အဲ့ဒါ ဘာဆေးသောက်ရမလဲဆရာ အကြံပြုပါအုံးဆရာ ကျေးဇူးပါဆရာ ဆီးချိုတော့မရှိဘူးဆရာ

ပြန်စာ
ဖြစ်တဲ့သူ အသက် မသိပါ။
ဆေးတွေအားလုံးက ဆရာဝန်ညွှန်တာဟုတ်ပါသလား။
ရောင်တာအတွက် အငန် (ဆား၊ ငပိ၊ ငန်ပြည်ရာ်၊ ငါးခြေက်) လျှော့စားရမယ်။
တချို့လူနာတွေကို ဆီးသွာေးစတဲ့ဆေး ပေးတယ်။
တခြား
တလုံး
တနေ့
တအား
တနာရီခွဲ
ခုတလော
စာရေးတာတွေ မှန်။ မှန်အောင်ရေးတတ်သူ ရှားတယ်။
လိုသေး မေးနိုင်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ