Carambola (star fruit) စောင်းလျားသီး

စောင်းလျားသီးပုံနဲ့ တင်ထားသူက ဘယ်လိုခေါ်သလဲ မေးတော့ ဖြေထားကြတာတွေကို ဖတ်ပါတယ်။ 

အမည်ပေါင်း ၁၂ ခုတွေ့ရတယ်။

ထို့ကြောင့် ကျွန်ုပ်တို့၏ မြန်မာစာသည် ၁၂ မျိုးဟင်းချို ဖြစ်နေပြီ။

စျောင်းဝါးသီး

2. စောင့်လျားသီးလို ခေါ်ပါတယ်

3. စောင်းလျှားသီးပါ

4. စောင်းလျားသီး( သို့မဟုတ်) စမ်းဝါးသီး

5. ဆောင်းပါးသီး 

6. ဆောင်းရွက်သီး 

7. ဇောင်းကားသီး

8. ဇောင်းခါးသီး

9. ဇောင်းလျှာင်းသီး

10. ဇောင်းလျားသီး

11. ဇောင်းဝါးသီး အခေါင်းနားနီး ဌက်ဖျားဖြစ်တဲ့အချိန်စားသေတတ်တယ်

12. ပဲစောင်းလျား

စောင်းလျား – န / လောင်းယား / လောင်းလယား / အမြှောင်း ငါးမြှောင်းပါသော အသီး သီးသည့် သစ်ပင်။ (အချို့မျိုး အချဉ်မျိုး ကွဲသည်။) “စောင်းလျားသီး အစိမ်းသည် ချဉ်၏။ ပူ၏။ ထက်၏။” ဥတု။ ၂၀၃။

ပဲစောင်းလျား – န / ပဲလောင်းယား / ပဲလောင်းငါး / အမြှောင်း လေးမြှောင်းပါသော အသီးတောင့်သီးသည့် အသီးတောင့်စား ပဲတမျိုး။ (အမြစ်ကိုလည်း ပဲမြစ်အဖြစ် စားသုံးရသည်။)

Winged beans ပဲစောင်းလျား

AI ကို ပုံပို့ပြီးမေးရင် ဘယ်လိုဖြေမယ် မသိ။ သူကတော့ မြန်မာလို ရေးပေမဲ့ မြန်မာလူမျိုး မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ