Causes of gallstones သည်းခြေကျောက် ဖြစ်စေနိုင်သည့် အကြောင်းခံများ

ကွန်မင့်တခု = အကြော်တွေကသည်းခြေကျောက်တည်တတ်တယ်တဲ့။

မှတ်ချက်

သည်းခြေအိတ်အတွင်း သိုလှောင်ထားသော သည်းခြေရည်များသည် မာကျောသည့် အခဲများဖြစ် သွားသောအခါ သည်းခြေကျောက်များ ဖြစ်ပေါ်လာပါသည်။ သည်းခြေရည်တွင် ကိုလက်စထရော သို့မဟုတ် ဘီလီရူးဘင်း (bilirubin) ဓာတ် များပြားလွန်းခြင်း သို့မဟုတ် သည်းခြေအိတ် အပြည့်အဝ မညှစ်ထုတ်နိုင်ခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ 

အဓိက ဓာတုဗေဒဆိုင်ရာ အကြောင်းအရင်းများ

• ကိုလက်စထရော များပြားလွန်းခြင်း - အသည်းသည် ကိုလက်စထရောကို ထုတ်လုပ်ပေးပါသည်။ သည်းခြေရည်က အရည်ဖျော်ပေးနိုင်သည်ထက် ပိုမိုထုတ်လုပ်ပါက ပိုလျှံနေသော အစိတ်အပိုင်းများသည် မာကျောသည့် စပလင်း ( crystals ) အဖြစ် ပြောင်းလဲသွားသည်။

• ဘီလီရူးဘင်း များပြားလွန်းခြင်း - သွေးနီဥများ ပျက်စီးစွန့်ထုတ်ရာမှ ဤစွန့်ပစ်ပစ္စည်း စတင်ဖြစ်ပေါ်လာသည်။ အသည်းပျက်စီးခြင်း သို့မဟုတ် သွေးဆိုင်ရာ ရောဂါများကြောင့် ဘီလီရူးဘင်းဓာတ် လွန်ကဲလာရခြင်းဖြစ်သည်။

• သည်းခြေရည် ပျစ်ခဲလွန်းခြင်း - သည်းခြေအိတ်သည် မှန်ကန်စွာ မညှစ်ထုတ်နိုင်ပါက သည်းခြေရည်များ အလွန်ပျစ်ခဲလာပြီး ကျောက်များ ဖြစ်ပေါ်လာစေသည်။

ဖြစ်ပွားနိုင်ခြေများသည့် အကြောင်းအရင်းများ

• အမျိုးသမီးဖြစ်ခြင်း သို့မဟုတ် အသက် ၄၀ ထက်ကြီးခြင်း

• အဝလွန်ခြင်း သို့မဟုတ် ဝိတ်အလွန်မြန်စွာ ကျသွားခြင်း

• ကိုယ်ဝန်ဆောင်ထားချိန် သို့မဟုတ် တားဆေးသောက်သုံးနေရခြင်း

• မိသားစုတွင် သည်းခြေကျောက်တည်သည့် ရာဇဝင်ရှိခြင်း

• ဆီးချိုရောဂါ သို့မဟုတ် အချို့သော အသည်းရောဂါများ ရှိနေခြင်း

ကောက်ချက်

အထက်ပါဆေးသုသေနထဲမှာ အကြော်တွေကြောင့် သည်းခြေကျောက်ဖြစ်သည်ဟု မပါ။

အကြော်ကြော်ရာမှာသုံးတဲ့ဆီအမျိုးအစားကြောင့် ကိုလက်စထော များနိုင်တယ်။ ကျန်းမာရေးနဲ့ညီတဲ့ဆီသုံးရင် မဖြစ်ပါ။ ကိုလက်စထောကလည်း အချက်အလက်တခုတည်းသာ ရှိသေးတယ်။ ကျန်အကြောင်းတရားတွေလည်း အထက်မှာ တင်ပြထားပါတယ်။

ဘယ်အကြောင်းအရာကိုမဆို စနစ်တကျလေ့လာမှုအရသာ ကောင်းတယ်၊ ဆိုးတယ်၊ ဖြစ်မယ်၊ မဖြစ်ဘူး ပြောရပါတယ်။

အရင်ကတော့ female fat forty အသက်၄၀ကျော် ဝတဲ့အမျိုးသမီးတွေမှာ အဖြစ်များတယ်လို့ ရောဂါဗေဒစာအုပ်မှာဆိုတယ်။ အခုအဲလို မပြောတော့ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ