Chickpeas ကုလားပဲ
အလှပြင်လွန်းသူ၊ ရှိုးများသူကို “ပဲများသူ” လို့ခေါ်ကြတယ်။
ပဲအမည်တွေကလည်း များတယ်။
ကုလားပဲတမျိုးတည်းကို အမျိုးမျိုးခေါ်ကြတယ်။ အင်္ဂလိပ်လို၊ ဟင်ဒီလို၊ မြန်မာလို။
ကုလားပဲကို Chickpeas တဲ့။ မြန်မာလို “ချစ်ပဲ” လို့ မခေါ်ကြပါ။
• ကုလားပဲ (Chickpeas သို့မဟုတ် Garbanzo beans) ဆိုတာ ပဲမျိုးရင်းဝင် အပင်မှရတဲ့ လုံးဝိုင်းတဲ့ ပဲတမျိုးဖြစ်ပါတယ်။ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ သံဓာတ်တွေ အမြောက်အမြား ပါဝင်တယ်။ အရှေ့အလယ်ပိုင်း၊ မြေထဲပင်လယ်ဒေသ၊ အိန္ဒိယနဲ့ မြန်မာ့ ဟင်းချက်နည်းတွေမှာ သုံးကြတယ်။
• Chana dal ဆိုတာက အခွံနွှာပြီး ခြမ်းထားတဲ့ ကုလားပဲနက် (desi chana) ကနေ ပြုလုပ်ထားတယ်။ အဓိက အိန္ဒိယပဲအမျိုးအစား ဖြစ်တယ်။ သစ်စေ့နံ့သင်းသင်း၊ အနည်းငယ်ချိုတဲ့ အရသာရှိပြီး ချက်ပြုတ်သည့်အခါ ပုံစံမပျက်ဘဲ ကျန်ရှိနေတတ်ပါတယ်။ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ သံဓာတ် ကြွယ်ဝတယ်။
ကုလားပဲနက်ခြမ်းကို Chana dal (split Bengal gram) လို့ ခေါ်ကြတယ်။ ကုလားပဲနက် kala chana သို့မဟုတ် desi chana ရဲ့အပြင်ဘက် အမဲရောင်အခွံကို ဖယ်ရှားပြီး အတွင်းက အဝါရောင်အစေ့ကို ခြမ်းထားတာ ဖြစ်တယ်။
• Kala chana ဆိုသည်မှာ အညိုရင့်ရောင် သို့မဟုတ် အနက်ရောင်ရှိတဲ့ ကုလားပဲ။ ကုလားပဲနက် သို့မဟုတ် desi chana လို့လည်း ခေါ်ကြတယ်။ ကုလားပဲနက်ကို ဆီ၊ ဇီရာစေ့၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ နံနံစေ့မှုန့်၊ ငရုတ်သီးမှုန့်စတာတွေနဲ့ ချက်ပြုတ်ကြတယ်။
• လှော်ထားသော ကုလားပဲနက် (Roasted Bengal gram သို့မဟုတ် kala chana / split chickpea / roasted chana dal)
• Sattu flour ကို အဓိကအားဖြင့် အပူဖြင့် အခြောက်လှော်ထားတဲ့ ကုလားပဲနက်မှုန့်။ အကျက်မှုန့်။
• ကုလားပဲနက် (Black Chickpeas) ကုလားဆိုတာ အရောင်ညိုတာ၊ မည်းတာကိုခေါ်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment