Doctor’s Ethics ဆရာဝန်ကျင့်ဝတ်
• ကိုယ်ရေးကိုယ်တာ မေးလာကြလို့၊
• အဝေးမှာနေရပေမဲ့ ပြေးလာစရာမလိုပဲသိပါသည်။
• မမြင်ကွယ်ရမှာ ဘာဖြစ်နေတာမေးလာကြလို့၊
• အထဲမှာမနေရပေမဲ့ ထဲထဲဝင်ဝင်သိပါသည်။
• နာမည်နဲ့လိပ်စာမပါ သိချင်တာမေးပါရစေဆိုလို့၊
• နေရာမသိ လာမကြည့်ရပေမဲ့ အထာအတိအကျသိပါသည်။
• ဒီတခါမှားသွားပါတယ်ဆရာ ကယ်ပါအုန်းဆိုလို့၊
• လူလုံးလှဖို့ရာ ကူဖုံးပေးထားရတာတွေရှိပါသည်။
• သူများတွေကို ဒုက္ခမပေးချင်ပါဆရာဆိုလို့၊
• မုချ ရုပ်မလှဖြစ်နေကြမှန်းသိပါသည်။
• ယူကြုံးမရတာ မေးလာကြလို့၊
• လူအဖြစ်ရှုံးနေကြရမှန်းလည်းသိပါသည်။
• သမားကျင့်ဝတ်ဆိုတာ သူ့လူနာ ဘယ်နေရာဘာဖြစ်နေတာ တပါးသူတွေကို မပြောသင့်တာ မပြောအပ်ပါ၊
• သားသမီးတို့၏အတွင်းရေးကို မျိုသိပ်ဖုံးဖိတတ်သော အမေကဲ့သို့ ကျင့်ကြံပါအံ့၊
• နီးသောဝေးသောမဟူ အတူထားသည့် မိခင်မေတ္တာမျိုး ထားရှိနိုင်အောင် ကြိုးစားပါအံ့၊
• ပြန်စာရ၍ ကျန်းမာကြပါစေ။
ဒေါက်တာတင့်ဆွေ
၉-၈-၂၀၁၆

Comments
Post a Comment