Pudina leaves ပူဒီနာရွက်နှင့် ကျန်းမာရေး

အစားအသောက်တွေမှာ အဓိကသုံးပါတယ်။ အိန္ဒိမှာတော့ နေရာအတော်များများမှာ သုံးတယ်။ ဟင်း၊ လက်ဖက်ရည်၊ သောက်စရာ၊ ဂျယ်လီ၊ အချိုရည်၊ အိုင်စ်ခရင်မ်၊ ကင်ဒီ။

အစာကျေချက်တာကူညီတယ်။ ရောင်တာသက်သာစေတယ်။ ခံတွင်းသန့်ရှင်းရေးမှာလည်း သုံးကြတယ်။

Mint essential oil နဲ့ menthol ရောသုံးတယ်။ သွးတိုက်ဆေးထဲထည့်တယ်။ chewing gum ငုံဆေးချိုချဉ်။

အမှုန့်က ဆံပင်ကျွတ်တာသက်သာစေတယ်။ ဝက်ခြံ သက်သောစေတယ်။

Mint water သောက်စရာလုပ်တယ်။

Mint essential oil အဆီလုပ်ပြီးသုံးရင် aromatherapy အဖြစ် အစာကျေစေတယ်။

ဒီလေ့လာချက်တဲ့မှာ အိပ်ဆေးအဖြစ်သုံးတာ မပါ။

ဒါပေမဲ့ မြန်မာပြည်သားတွေက တယောက်ယောက်နေ တက်စာလို့ပြောတာနဲ့ တက်ကြတယ်။ အိပ်ချင်တယ်ဆိုလည်း အိပ်ပျော်ကြသတဲ့။

ငယ်ငယ်က ပူစီနံ၊ ပူစီနာလို့ အလွယ်ခေါ်ခဲ့တယ်။ နယူးဒေလီရောက်မှ ပူဒီနာ အသံထွက်မှန်သိတယ်။ အိန္ဒိယမှာ Mentha arvensis, Mentha piperita နဲ့ Mentha spicata လို့ခေါ်ကြတယ်။

သူများတွေဆီမှာ ဆေးအဖြစ်သုံးကြတယ်။ ဟာဘယ်ဆေး ကျမ်းတွေမှာ အက်စစ်များတာ၊ လေအောင့်တာ၊ လေတက်တာအတွက် ညွှန်းတယ်။ IBS ခေါ် ဝမ်းမငြိမ်ရောဂါအတွက်လည်း ညွှန်းတယ်။ Spearmint oil ဆိုတာလည်း အဲတာကို အဆီထုတ်ထားတာ။ အနံ့က သိသာတယ်။ Antioxidants အင်တိုင်ကောက်ဆီဒင့်ဓါတ် ပါတယ်။ မကောင်းတာတွေကိုချေဖျက်ပေးနိုင်စွမ်းရှိတယ်။ Peppermint နဲ့ Mint ခေါ် အနံ့ဆိုးသက်ဆေးအဖြစ် သုံးတယ်။

မြန်မာပြည်မှာ စမူဆာနဲ့တွဲစားတယ်။ ဆိတ်သားကင်သုပ်ထဲထည့်စားတယ်။ ဒံပေါက်နဲ့စားကြတယ်။ အိမ်မှာတော့ စားချင်တဲ့အခါ စားရအောင် စိုက်တာ။ စမူဆာနဲ့ ဆိတ်သားကင်သုပ်။ ကျွန်တော်က စမူဆာကို မြန်မာပြည်ကလိုကြော်တာ၊ သုပ်တာသာကြိုက်တယ်။ မဒရပ်စ်မှာ မြန်မာပြည်နဲ့ အတူတူ။ ကျွန်တော်တို့က သူတို့သွားတူတာ။ 

ကွန်မင့်တခု = ဘာကြောင့်တော့မသိဘူး....အ်ပ်လို့တော့အရမ်းကောင်းဗျ အမှန်ကန်ဘဲ။

အဲဒါကြောင့် ဆေးသုတေသနထပ်ရှာရပါတယ်။

ပူဒီနာ (ပူဒီနာရွက်) သည် စိတ်ငြိမ်းဆေး စစ်စစ် မဟုတ်သော်လည်း လန်းဆန်းပြေလျော့စေပြီး အိပ်စက်ရန် အသင့်ဖြစ်စေရန် ကူညီပေးနိုင်ပါသည်။ ပူဒီနာတွင် ကဖိန်းဓာတ် မပါဝင်သည့်အပြင် အစာအိမ် မအီမသာဖြစ်ခြင်းကို သက်သာစေပြီး ကြွက်သားများကို ပြေလျော့စေသောကြောင့် အနားယူရ လွယ်ကူစေပါသည်။ သို့သော်လည်း ၎င်း၏ သင်းပျံ့သော အနံ့ကြောင့် အချို့သူများတွင် စိတ်နိုးကြားသွားစေနိုင်ပါသည်။

ပူဒီနာက အိပ်စက်ခြင်းကို မည်သို့ ကူညီပေးသနည်း

ကဖိန်းဓာတ် မပါဝင်ခြင်း - ပုံမှန် လက်ဖက်ရည်များနှင့် မတူဘဲ ညဘက်တွင် ပူဒီနာရေနွေးကြမ်း ပူပူလေး သောက်သုံးခြင်းက သင့်ကို အိပ်မပျော်ဘဲ ဖြစ်မနေစေပါ။

ကြွက်သားများကို ပြေလျော့စေခြင်း - ပူဒီနာတွင် ပါဝင်သော မင်းသိုး (Menthol) ဓာတ်သည် သဘာဝ ကြွက်သားပြေလျော့ဆေးအဖြစ် လုပ်ဆောင်ပေးပါသည်။

အစာအိမ်ကို ငြိမ်းအေးစေခြင်း - လေပွခြင်း၊ ဗိုက်ကယ်ခြင်းနှင့် အစာမကြေခြင်းများကို သက်သာစေသဖြင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေပါသည်။

စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း - ရေနွေးကြမ်း ပူပူတခွက် သောက်သုံးခြင်းက အိပ်စက်ခါနီး စိတ်အေးချမ်းစေသည့် အလေ့အထကောင်းတခုကို ဖန်တီးပေးပါသည်။

မည်သည့်အတွက်ကြောင့် သင့်ကို အိပ်ချင်စိတ် မဖြစ်စေနိုင်သနည်း

အာရုံစူးစိုက်မှုကို တိုးတက်စေခြင်း - ပူဒီနာ၏ ပြင်းထန်သော အနံ့သည် ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်ပြီး စိတ်ကို ပိုမို နိုးကြားသွားစေနိုင်ပါသည်။

ပြင်းထန်သော ဆေးဝါးမဟုတ်ခြင်း - ဗာလာရီယန်မြစ် (Valerian root) သို့မဟုတ် ကမိုမိုင် (Chamomile) ကဲ့သို့သော ဆေးဘက်ဝင်အပင်များတွင် ပါဝင်သည့် ပြင်းထန်သော စိတ်ငြိမ်းဓာတ်များ မပါဝင်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ