RA လေးဘက်နာ နှင့် အစားအသောက်

မေးခွန်းတခု = ကြိုက်တယ်ဆရာ ဒါပေမယ့် သွေးလေးဘက်နာသမားမို့ ပိန်းဥ က တည့်လားဆိုတာလေးလည်း ဖြေပေးပါ

ပြန်စာ
လေးဘက်နာ အဆစ်ရောင်ရောဂါ (Rheumatoid Arthritis - RA) ရှောင်ကြဉ်ရမည့် ရောင်ရမ်းစေသော အစားအစာများ
၁။ သကြားပါသော အအေးများနှင့် အချိုမုန့်များ – အချိုရည်များ၊ သကြားလုံးများနှင့် အချိုပွဲများသည် သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေပြီး ရောင်ရမ်းမှုကို တိုးပွားစေပါသည်။
၂။ ပြုပြင်ထားသော ကာဗိုဟိုက်ဒရိတ်များ – ပေါင်မုန့်ဖြူ၊ ဆန်ဖြူနှင့် မုန့်ချိုများတွင် အမျှင်ဓာတ် နည်းပါးပြီး ရောင်ရမ်းမှု တုံ့ပြန်မှုကို ပိုမိုဆိုးရွားစေပါသည်။
၃။ အကြော်အလှော်နှင့် အမြန်အစားအစာများ – အောက်စီဒေးရှင်း ဖိစီးမှုကို ဖြစ်ပေါ်စေသည့် AGEs (Advanced Glycation End Products) ဓာတ်နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အဆီဓာတ်များ မြင့်မားစွာ ပါဝင်ပါသည်။
၄။ အနီရောင်အသားနှင့် ပြုပြင်ထားသော အသားများ – အမဲသား၊ ဝက်ပေါင်ခြောက် (Bacon) နှင့် ကြက်အူချောင်းတို့သည် ရောင်ရမ်းမှု အမှတ်အသားများကို ပိုမိုမြင့်တက်စေပါသည်။
၅။ အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးခြင်း – ရောင်ရမ်းမှုကို တိုးပွားစေနိုင်သည့်အပြင် လေးဘက်နာ အဆစ်ရောင် သောက်ဆေးများနှင့်လည်း ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပါသည်။
၆။ ပြုပြင်မွမ်းမံထားသော မုန့်ပဲသရေစာများ – ထုပ်ပိုးထားသော အာလူးကြော်များနှင့် အသင့်စား အစားအစာများတွင် ထရန်စအဆီဓာတ် (Trans fats) နှင့် ဆားဓာတ် အလွန်အမင်း ပါဝင်လေ့ရှိပါသည်။
သတိပေးချက်
အဲဒီထဲမှာ ပိန်းဥမပါ။
မေးခွန်းတွေမှာ လေးဘက်နာ၊ လေးဘက်နာလို့ ပါတယ်။ သေသေချာချာစစ်မေးတော့ လေးဘညက်နာမဟုတ်တာက ပိုများတယ်။
လေးဘက်နာ အဆစ်ရောင်ရောဂါ (Rheumatoid Arthritis - RA) ကို တိကျစွာ အတည်ပြုနိုင်သည့် ဓာတ်ခွဲစမ်းသပ်မှုတခုတည်းဟူ၍ မရှိပါ။
အဓိက အန်တီဘောဒီ စစ်ဆေးချက်များ
1. Rheumatoid Factor (RF) – လေးဘက်နာ အဆစ်ရောင်ရောဂါသည် အများစုတွင် တွေ့ရလေ့ရှိသော အန်တီဘောဒီကို စစ်ဆေးခြင်းဖြစ်သော်လည်း အခြားရောဂါအခြေအနေများတွင်လည်း တွေ့ရှိနိုင်ပါသည်။
2. Anti-CCP (Cyclic Citrullinated Peptide) – RF ထက် လေးဘက်နာအတွက် ပိုမိုတိကျပြီး သီးသန့်ဖြစ်သော အန်တီဘောဒီများကို စစ်ဆေးခြင်းဖြစ်ပါသည်။
3. ရောင်ရမ်းမှုနှင့် အထွေထွေ စစ်ဆေးချက်များ
4. ESR (Erythrocyte Sedimentation Rate) – ခန္ဓာကိုယ်၏ ယေဘုယျ ရောင်ရမ်းမှုကို ကြည့်ရှုရန် ဖန်ပြွန်အတွင်း သွေးနီဥများ အောက်သို့ အနိမ့်ကျဆင်းသည့် အရှိန်ကို တိုင်းတာခြင်းဖြစ်ပါသည်။
5. CRP (C-Reactive Protein) – ခန္ဓာကိုယ်တွင် ရောင်ရမ်းမှု ဖြစ်ပေါ်နေချိန်တွင် မြင့်တက်လာသည့် အသည်းမှ ထုတ်လုပ်သော ပရိုတင်းအဆင့်ကို စစ်ဆေးခြင်းဖြစ်ပါသည်။
6. CBC (Complete Blood Count) – သွေးအားနည်းရောဂါကဲ့သို့ အခြားရောဂါများကို ဖယ်ထုတ်ရန် သို့မဟုတ် ထွေထွေ ကျန်းမာရေးအခြေအနေကို စစ်ဆေးခြင်းဖြစ်ပါသည်။
မြန်မာပြည်မှာ ရောဂါတွေအတွက်
၁။ သင့်တဲ့အစားအသောက်ထက် မသင်တဲ့အစားအစာကိုသာ ပို့ပြီး အာရုံထားနေကြတယ်။
၂။ အရပ်ပြောအစားအသောက်တွေက မမှန်တာများတယ်။
၃။ မမှန်တာကို လိုက်နာရန်မလို။ မှန်တာကိုသာ လိုက်နာရပါမယ်။
၄။ ကျန်းမာရေးနဲ့ဆေး သိလိုတာကို အချက်အလက်မှန်နဲ့တကွ မေးလိုက မေးနိုင်ပါတယ်။
၅။ ဖေ့စ်ဘွတ်ကနေတော့ ဆေးဖြစ်ဖြစ်၊ ရောဂါဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ်၊ တရားဖြစ်ဖြစ် မမေးလေနဲ့။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ