Salt ဆားများလွန်းလို့ နှလုံးရောဂါနဲ့ သေဆုံးနေရသူပေါင်း တနှစ်မှာ ၁့၆၅ သန်းရှိ

(ရေးထားတာ ၁၂ နှစ်တိတိက)

၁၃-၈-၂၀၁၄ နေ့ ဝါရှင်တန်ကနေလာတဲ့သတင်းဖြစ်ပါတယ်။ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ရဲ့သတ်မှတ်ချက် တနေ့မှာ ဆား ခေါ် ဆိုဒီယမ် ၂ ဂရမ်ထက်များရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိပါမယ်။ ကမာ္ဘမှာ ဆားစားသုံးနေမှု ၂၀၁၀ တုံးက ၃့၉၅ ဂရမ်ရှိနေတယ်လို့ သိရတယ်။ သတိပေးချက်ထက် ၂ ဆရှိနေပါတယ်။ အာဖရိက ဆာဟာရ အောက်ပိုင်းနိုင်ငံတွေက ၂့၁၈ ဂရမ်နဲ့ အာရှအလယ်ပိုင်းက ၅့၅၁ ဂရမ် စားတယ်။ နှလုံးရောဂါနဲ့ သေဆုံးရသူတွေထဲက ၁၀% ဟာ ဆားများလို့ ဖြစ်တယ်။ တနှစ်မှာ ၁့၆၅ သန်းရှိတယ်။

အမေရိကန်ပြည်ထောင်စု မှာ သုတေသနလုပ်ထားတာကိုသာ ဖေါ်ပြနိုင်ပါတယ်။

၁။ ပေါင်မုန့်စသည် = စားသမျှဆားရဲ့ ၇့၂% ၇့၄% 

၂။ ပြုပြင်ထားတဲ့အသား = ၅့၅% ၅့၁% 

၃။ ပစ်ဇာ = ၅% ၄့၉% 

၄။ အသား = ၄့၅% ၄့၅% 

၅။ စွပ်ပြုပ် = ၄့၂% ၄့၃% 

၆။ ဘာဂါ + ဆင်းဒဝစ်ချ် = ၄့၅% ၄% 

၇။ ဒိန်ခဲ = ၃့၉% ၃့၈% 

၈။ အသားဟင်းများ = ၃့၅% ၃့၃% 

၉။ ပါစတာစသည် = ၃့၄% ၃့၂% 

၁ဝ။ သွားရည်စာ = ၂့၈% ၃့၁%။

တနေ့မှာ ဆား ၃့၂၆၆ ဂရမ် လဖက်ရည်ဇွန်း ၁ ဇွန်းခွဲ စားသုံးတယ်။ လဖက်ရည်ဇွန်း ၁ ဇွန်းသာ စားသင့်တယ်လို့ အကြံပြုချက်ထုတ်ထားပါတယ်။

မြန်မာအစားအစာတွေအတွက် သုတေသနမတွေ့သေးပါ။ ကိုယ်စားတာ ငန်သလား ကိုယ်တိုင်သိကြပါမယ်။ ဆိုဒီယမ်ကို ဆားတမျိုးထဲကနေရနေကြတာ မဟုတ်ပါ။ ဆားနဲ့လုပ်ရတဲ့အစားအစာတွေ များလွန်းတယ်။ သိပ်မသိဘဲ သုံးနေကြတာက MSG ဟင်းချိုမှုန့်ဖြစ်တယ်။ အိမ်သုံးဆားရဲ့ ၃ ပုံ ၁ ပုံ ပါတယ်။ ဟင်းချိုမှုန့်ရဲ့ ပြဿနာတခုက စွဲတာဖြစ်တယ်။ သွေးတိုးရောဂါမှာ အငန်လျှော့လေ သက်သာလေဖြစ်တယ်။ ကိုယ်ရောင်နေသူတိုင်းဟာ အငန်မတည့်ပါ။

ဒေါက်တာတင့်ဆွေ

၁၅-၈-၂၀၁၄

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ