Shan coriander ရှမ်းနံနံ
အဲလို တယောက်မေးထားရင် ကွန်မင့်တွေ ၁၀ ခု၊ အခု ၂၀၊ ၃၀ လာလေ့ရှိတယ်။
ဟင်္သတဘက်ကတောဘကုလားဂျပိုးစော်နံပင်လို့ခေါ်တယ်
ကုလားဂျပိုးနံ။ ရှမ်းနံနံ ဘန်ကောက်နံနံ
ရခိုင်ကချင်းတွေ့က ကလားနံနံခေါ်ကြတယ်
သဘ်ောနံနံတဲ့ ချင်းတွင်းအထက်ပိုင်းက
ဒို့ရွာမှာတော့ ဖက်လွန် လို့ခေါ်တယ်
နံနံပင် အမျိုးမျိုး
- Anethum graveolens (Anet, Dill, Dill-Oil Plant, East Indian Dill, Indian Dill စမြိတ်နံနံ
- Apium graveolens (Celery, Smallage, Wild Celery) တရုတ်နံနံ
- Celery parsley တရုတ်နံနံ
- Coriander စမြိတ်နံနံ
- Dill ဇီယာစေ့
- Eryngium foetidum ရှမ်းနံနံ (ခေါ်) သင်္ဘောနံနံ
- garden parsley ဥယျာဉ်ခြံနံနံပင်
- Parsley Plants ဗမာနံနံ
- Parsley Plants ဗမာနံနံ (နံနံပင်)
- Shan coriander ရှမ်းနံနံ
ရှမ်းနံနံ (Eryngium foetidum) သည် အပူပိုင်းဒေသတွင်ပေါက်ရောက်သော Apiaceae မျိုးရင်းရှိ အပင်ဖြစ်သည်။ culantro, recao, shadow beni, Mexican coriander, bhandhania, long coriander, sawtooth coriander စသည်ဖြင့် ခေါ်ဆိုကြသည်။[၂][၃] မက္ကဆီကိုနိုင်ငံ၊ ကာရီဘီယန်၊ ဗဟိုအမေရိက၊ တောင်အမေရိကတို့တွင် မူလပေါက်ရောက်သောအပင်ဖြစ်သည်။ သို့သော် တကမ္ဘာလုံး၌လည်း ပေါက်ရောက်ပြီး တခါတရံ သမပိုင်းရာသီဥတုတွင် တနှစ်ခံပင်အဖြစ် စိုက်ပျိုးကြသည်။
Culantro (ရှမ်းနံနံ / နံနံပင်စိုင်း)
Long Coriander, Spiritweed
Culantro သည် Cilantro (နံနံပင်) သို့မဟုတ် Coriander (နံနံစေ့) တို့နှင့် ရောထွေးလေ့ရှိသော်လည်း ၎င်းတို့နှင့် မတူဘဲ စူးရှသော အနံ့အရသာရှိသည့် ဟင်းခတ်အမွှေးအကြိုင် သီးနှံပင်တမျိုး ဖြစ်သည်။ ၎င်းကို အရှေ့အာရှ၊ လာတင်အမေရိကနှင့် ကာရစ်ဘီယံ ဒေသများ၏ ဟင်းလျာများတွင် အကျယ်တဝင့် အသုံးပြုကြသည်။ ကမ္ဘာတဝန်းရှိ စီးပွားရေးဈေးကွက်များတွင် ဤဟင်းခတ်ပင်၏ ဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ စိုက်ပျိုးထုတ်လုပ်မှုလည်း ပိုမိုတိုးတက်လာနေသည်။ အပူပိုင်းဒေသများတွင် ဤအပင်ကို နှစ်ရှည်ခံအပင်အဖြစ် စိုက်ပျိုးနိုင်သော်လည်း ပိုမိုအေးမြသော ဒေသများတွင်မူ တနှစ်ခံအပင်အဖြစ်သာ စိုက်ပျိုးနိုင်ခြေ ရှိပါသည်။
မြန်မာနိုင်ငံတွင် Culantro (Eryngium foetidum) ကို "ရှမ်းနံနံ" သို့မဟုတ် "နံနံပင်စိုင်း" ဟု အများအားဖြင့် ခေါ်ဝေါ်ကြပါသည်။
စမြိတ်နဲ့ စမုန်စပါး မတူပါ https://burmese-spelling.blogspot.com/2026/01/blog-post_783.html
စမြိတ်နံနံနှင့် ဟင်းခတ်မွှေးကြိုင်များ https://burmese-spelling.blogspot.com/2026/01/blog-post_25.html
Pudina ပူဒီနာ https://burmese-spelling.blogspot.com/2024/12/pudina.html
နံနံပင် အမျိုးမျိုး https://burmese-spelling.blogspot.com/2024/11/blog-post_541.html
ဗမာနံနံ ရှမ်းနံနံ တရုပ်နံနံ ကုလားနံနံ စမြိတ်နံနံ ပူစီနံ ဗမာပင်စိမ်း ထိုင်းပင်စိမ်း https://burmese-spelling.blogspot.com/2024/11/blog-post_30.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment