Posts

Doctor ဆ ဆရာဝန်

Image
ဆရာ ကျမတို့လို ကျန်းမာရေးဝန်ထမ်းတွေ တစ်ပတ်(တပတ်) ၆၀ နာရီ ထက်မက အလုပ်လုပ်ရတဲ့ သူတွေကို သုတေသန ပြုထားတာရှိမလားဆရာ၊ သိချင်ပါတယ်။ ချက်ချင်းတော့ မတွေ့သေးပါ။ တွေ့တာလေးသာ ရေးပါရစေ။ • ဆရာဝန်တွေဟာ တနေ့မှာ ၁၂ နာရီဆက်တိုက်ကနေ ၁၄ နာရီဆက်တိုက်အလုပ်လုပ်နိုင်ကြတယ်။ • အမေရိကားမှာ Resident doctors ဆရာဝန်တွေ တပါတ်မှာ ပျမ်းမျှ ၁ဝ၅ နာရီအလုပ်လုပ်ကြရတယ်။ • Accreditation Council for Graduate Medical Education အဖွဲ့အစည်းကပြောတာက တပါတ်မှာ နာရီ ၈ဝ၊ ၂၄ နာရီ ဆက်တိုက်ထက် ပိုမလုပ်သင့်။ တပါတ်မှာ နားရက် အနည်းဆုံး ၁ ရက်ရှိသင့်တယ်လို့ ဆိုပါတယ်။ အခုထိတော့ ဆရာဝန်တွေဟာ တနေ့မှာ ၁၃ နာရီ၊ ၆ ရက်ဆက်တိုက် အလုပ်လုပ်နေကြရပါတယ်။ ဆရာဝန်တွေ   • Workplace stress လုပ်ငန်းခွင်ဖိစီးမှုက ဒုက္ခပေးနေတယ်။ • Exposure to infectious diseases ကူးစက်ရောဂါတွေနဲ့ ထိတွေ့နေကြရတာ၊ • Hazardous substances အန္တရာယ်မကင်းတာတွေနဲ့ အတူနေရတာတွေကနေ ဆရာဝန်တွေကို ကျန်းမာရေး ထိခိုက်စေတယ်။ • National Institute for Occupational Safety and Health အစီရင်ခံစာတခုအဆိုအရ Substance abuse ဆေးစွဲမှုနဲ့ Suicide ကိုယ့်ကိုယ်ကိုသတ်သေမှု သူများတွေထက်များနေ...

Storing Rice ထမင်းကို မသိုးအောင်ထားနည်း

Image
အမျိုးအစားနဲ့ ဘယ်လိုထားသိုမလည်းအပေါ်မှာမူတည်တယ်။ မချက်ရသေးဆဲ့ဆန်ကို အမှုံအမွှား၊ အင်းဆက်နဲ့ မပါသင့်တာတွေမပါရင် ဘယ်လောက်ကြာကြာ ထားသိုနိုင်ပါတယ်။ အကန့်အသတ်မရှိလို့ပြောနိုင်တယ်။ White rice ဆန်ဖြူ၊ Wild rice ဆန်ရိုင်း၊ Arborio rice အာဘိုရီယိုဆန်၊ Jasmine rice စပယ်ဆန်၊ Basmati rice ဘာ့စ်မာသီဆန် အားလုံး အကန့်အသတ်မရှိထားနိုင်ကြတယ်။ Brown rice ဆန်လုံးညိုကိုတော့ ၃-၆ လ၊ ရေခဲသေတ္တာထဲမှာ ၆-၁၂ လနဲ့ အေးခဲခန်းထဲမှာ ၁၂-၁၈ လထားနိုင်တယ်။ ဆန်ကို အထားခံအောင် အေးပြီး ခြောက်သွေ့ရာမှာထားပါ။ အိတ်ကိုဖွင့်ပြီးရင် လိုတာကိုယူပြီးနောက် အိတ်ကိုပြန်ပိတ်ထားပါ။ လေလုံပါစေ။ ချက်ထားတဲ့ဆန် (ထမင်း) ကို ဘယ်လိုထားသိုမလည်း  ရေခဲသေတ္တာထဲမှာ ၄-၆ ရက်၊ အေးခဲခန်းထဲမှာ ၆ လကြာ ထားနိုင်တယ်။ အဖုံးနဲ့ လေလုံအောင်ထားပါ။ အခန်းတွင်း အပူချိန်မှာထားရင် ဗက်တီးရီးယားပိုးတွေဟာ အပူချိန် ၄ဝ ကနေ ၁၄ဝ ဒီဂရီအတွင်းအမြန်ပေါက်ပွါးကြတယ်။ အဲတာဆို ၂ နာရီအထိသာခံမယ်။ ရေခဲသေတ္တာနဲ့ အေးခဲခန်းမှာ လေလုံစရာထဲမှာ သိမ်းထားပါ။ သုညဒီဂရီမှာအသင့်ဆုံးဖြစ်တယ်။ အေးအောင်ထားတဲ့ထမင်းကို ပြန်နွှေးနည်း မီးဖိုပေါ်မှာ ထမင်း ပမာဏတခွက်တိုင်းကို ရေလက်ဖက်ရည်ဖွန်း ၂ ဇွန်းပါရောထည့...

Breast Conditions ရင်သားကျန်းမာရေး

Image
ရေးထာတာ ၉ နှစ်တိတိကြာပြီ။ ၁။ ကျွန်မက ဧရာဝတီတိုင်း - မြို့ကပါ။ ကျွန်မအမမှာ အသက် ၄၅ ရှိပါပြီ။ ပေါင် ၁၄၀ ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သားအိမ်မှာ အသားလုံးတည်သဖြင့် သားအိမ်ထုတ်ထားပါသည်။ ယခု ဘယ်ဘက် ရင်သားမှာ အပြင်လိုက်ကလေး မာနေသဖြင့် အထွေထွေနှင့်ပြပြီး ဆေးစစ်ကြည့်ရာ ရင်သားမှာ ရေအိပ်တည်နေပြီး အသဲမှာလည်း အဆီဖုံးနေပါသည်။ သည်းခြေမှာလည်းကျောက်တွေ့သဖြင့် ကျောက်ပျော်ဆေးစားနေပါသည်။ အဆီကျဆေးလဲ သောက်နေပါတယ်။ ရေအိပ်(အိတ်)မှာ မခွဲဘဲထားလျှင် မည်သို့ဖြစ်ပါမလဲဆရာ။ ဒိထက်ကြီးလာနိုင်ပါသလားဆရာ။ ခွဲရမှာလည်း နည်းနည်းကြောက်နေပါတယ်ဆရာ။ ဖြစ်တဲ့ဘက် လက်မောင်းကလည်း တခါတခါကိုက်ကိုက်နေပါတယ်ဆရာ။ ဘာလုပ်ရမှန်းလဲ မသိဖြစ်နေပါတယ်ဆရာ။ ဘယ်လိုပြုလုပ်သင့်သည်ကို ညွှန်းကြားပေးစေလိုပါတယ်ဆရာ။  ၂။ သမီးအသက် ၁၇ တုန်းကချိုင်းမှာအကျိတ်ထွက်လို့ ခွဲဖူးပါတယ်ရှင့်။ အခုအသက်၂ဝ မှာ ညာဘက်ရင်သားအတွင်း ဘက်ထောင့်မှာ အကျိတ်ကလေးပေါက်နေပါတယ်။ အကျိတ်ကနာကျင်ခြင်းမရှိပါဘူး။ ဓမ္မတာလာချိန်မှာတော့ အကျ်ိတ်က ရင်သားနာသလိုပဲ အနည်းငယ်နာပါတယ်ရှင့်။ သမီးကခွဲစိတ်ရမှာကြောက်ပါတယ်ရှင့်။ အဲဒီအကျိတ်ဟာ ဘယ်လို အကျိတ်မျိုးလဲဆိုတာ သိချင်ပါတယ်ရှင့်။  ရောဂါနာမည်စ...

ငှက်ဖျားနှင့် ဖါးကန့်

Image
ကျွန်တော်တို့ ဆရာဝန်ဖြစ်စကာလတွေမှာ ငှက်ဖျားရောဂါ သံသယရှိတဲ့လူနာတွေကို ဘယ်ကိုသွားဘူးလဲ မေးရတယ်။ ဖားကန့်လား၊ မဟာမြိုင် (စစ်ကိုင်းတိုင်း)လား၊ ကချင်ပြည်နယ်လား မေးရတယ်။ ကျွန်တော် တာဝန်ကျရာဒေသက ရခိုင်နဲ့ ကယားပြည်နယ်တို့နဲ့ ဝေးလို့ မမေးပါ။ မြေပုံမှာလည်း ငှက်ဖျား ထူထပ်တဲ့ နေရာဒေသတွေ ဖေါ်ပြထားတယ်။ ၂၀၁၈ လေ့လာမှုအရ မြန်မာပြည်မှာ ငှက်ဖျားအထူဆုံးမြို့နယ် ၃ ခုရှိတယ်။ ငပုတော၊ ပုသိမ်နဲ့ သာပေါင်း။ ၁၉၉၀ မတိုင်ခင် ပုလဲမြို့နယ်ဆရာဝန်တာဝန်ကျစဉ်က ဖားကန့်သွားအလုပ်လုပ်ရသူတွေ များပြီး၊ အသက်ရှင် ပြန်လာရင် ငှက်ဖျားကုသပေးခဲ့ရတယ်။ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ

Cancer ဖစ်ဖစ်

Image
၁။ ကင်ဆာဂရုထဲက ညီကိုမောင်နှများကို အကူညီလေး တောင်းပါရစေ ကူညီကြပါအုန်းနော် ဆေးရုံပြန်သွားဖို့ ငွေကြေးအခက်ခဲလေးဖစ်နေလို တတ်နိုင်သလောက် နည်းနည်းစီလောက် ကူညီပေးကြပါလို့ တောင်းပန်ပါတယ်ရှင့် တစ်ထောင်ဖစ်ဖစ်နှစ်ထောင်ဖစ်ဖစ်ပါ ၂။ ဝမ်းနည်းလိုက်တာ အစာဟောင်းကင်ဆာဖစ်နေတာပါ ဆေးလည်း ၁၀ကြိမ်တောင်သွင်းပြီးပြီ ခွဲစိတ်ပြီး ဝမ်းအိတ်လည်းထုတ်ထားရတယ် ဓာတ်လည်းကင်ရဦးမယ် မဖစ်ချင်ဘူး အဲ့လိုတေအရင်လိုပဲပြန်ဖစ်ချင်တယ် သဘာဝအတိုင်းပဲ ဖစ်ချင်တယ် ဝမ်းအိတ်ကြီးနဲ့မနေချင်ဘူး အခုမှအသက်က ၁၇ပဲရှိသေးတာကို တသက်လုံး အဲ့လိုပဲနေရတော့မှာလား မနေချင်ဘူး ပုံမှန်အတိုင်းပဲဖစ်ချင်တယ် ၃။ အစ်မတို့က AMLသွေးဖြူဥများတာ ဖစ်တာချင်းမတူတော့ မပြောပြတတ်ဘူး ဒါမယ့် ကြားထူးတယ် အသားတေနာ အရိုးတောင်နာတယ် ထိလို့မရဘူး အရမ်းကြီးမစိုးရိမ်ပါနဲ့ အညိုး ကွက်တေက သွေးအားနည်းရင် ဖစ်တတ်တယ် သွေးသွင်းကင်ပျောက်သွားတယ်အစ်မ ကင်ဆာဆို ဆရာဝန်ကိုမမေးကြတော့ ဆရာဝန်က ဆရာဝန်အလုပ်မဟုတ်တာသာ လုပ်ရတော့မယ်။ တခြားသတ်ပုံမှားတွေကို မပြင်တော့ပါ။ ကင်ဆာကို ကင်ကင်လို့ တင်စားခေါ်နေကြတယ်။ အမည်ပြောင်းသင့်ပြီ။ ဖစ်ဖစ်။ ဒေါက်တာတင့်ဆွေ

Medical Writings ဆေးပညာစာများ

Image
(ကန်တော့) ဆရာကန်တော့ပါရှင့် အမျိုးသမီးက ရာသီ လတိုင်းမှန်ပါတယ် ကလေးတစ်ယောက်(တယောက်)ရှိပါတယ် 5 နှစ်(၅ နှစ်)ပြည့်တော့မှာပါ  လက်မောင်းအောက်ပိုက်ထုတ်ထားတာက 9 လ(၉ လ)လောက်ရှိသွားပါပီ(ပါပြီ) အမျိုးသားနဲ့တော့ တစ်နယ်စီ(တနယ်စီ) ဖြစ်နေပါတယ်ဆရာ သားဉ (သားဥ)ကြွေရက်တော့ အမျိုးသားက ပြန်လာပါတယ်ဆရာ ဘယ်လိုမျိုးဆို ကလေးရနိုင်လဲဆရာ ကိုယ်ဝန်ရဖို့ ကြိုးစားနေလို့ပါရှင့် - ကလေးတယောက်ရဘူးသူ နောက်ထပ်ရနိုင်။ - ရာသီလမှန်သူ ကိုယ်ဝန်ရနိုင်။ - တားဆေးတားနည်း မသုံးသူ ကိုယ်ဝန်ရနိုင်။ - လစဉ်မျိုးဥထွက် မထွက်တော့ မသိသေး။ စမ်းလို့လည်းရ။ မျိုးဥထွက်ဆေးသောက်လို့လည်းရတယ်။ Clomid ကလိုမစ်ဆေး https://dr-tint-swe.blogspot.com/2021/05/clomid.html Fertomid 50 mg မျိုးဥကျွေဆေး https://dr-tint-swe.blogspot.com/2020/12/clomiphene-citrate.html Ovulation Date မျိုးဥမေးခွန်း https://dr-tint-swe.blogspot.com/2021/07/ovulation-date.html မြန်မာပြည်မှာ ဉာဏ်ကောင်း၊ ကံကောင်း၊ ကျန်းမာရေးကောင်း၊ သတ်ပုံမှန်ရေးတတ်သော လူဦးရေ တိုးပါစေသတည်း။ ဟုတ်ကဲ့ ကျေးဇူးပါဆရာ ရာသီလာနေတုံး clomid ဆေး သောက်ရလားဆရာ လင့်တွေ ပို့ထားပြီး။ စာတပုဒ်ရေးဘို့ဆိုတာ အသင့်မှန်ဆ...

Cancer and Foods အစားအစာနဲ့ ကင်ဆာ ရန်သူမဟုတ်ပါ

Image
၁။ သူငယ်ချင်းတစ်ယောက်(တယောက်)က ရင်သားမှာအကြိတ် (အကျိတ်) တွေရှိတယ်ပြောတယ် အရင်နှစ်က စစ်ဆေးမှုလုပ်ထားတယ် ဒါပေမဲ့ ချက်ချင်း ခွဲစိတ်ဖို့ခြေနေမပေးသေးလို့ ဘယ်လို နေထိုင် စားသောက်ရမယ်ဆိုလေး သိသလောက်မျှဝေပေးပါ ပိုဆိုးမသွားအောင် ထိန်းသိမ်းနေထိုင် စားသောက်နည်းများရှိမလား ၂။ အသိညီမလေး ကင်ဆာဖြစ်နေတယ်လို့ အဖြေထွက်လာလို့ပါ ရှောင်ရမယ့် အစားအသောက်လေးတွေ ပြောပြပေးလို့ရမလားရှင့် တခြားသူတွေလိုပါဘဲ ကင်ဆာဆိုတော့ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ မြန်မာပြည်မှာ။ ကင်ဆာဖြစ်ဖြစ်၊ ကိုဗစ်ဖြစ်ဖြစ် ရှောင်မရမဲ့အစားအစာကိုသာ မေးကြတယ်။ ဘယ်လို ကုသရမလဲ မမေးကြပါ။ မြန်မာပြည်မှာ။ အစားအစာနဲ့ ကင်ဆာ ရန်သူ မဟုတ်ပါ။ အမျိုးလည်း မတော်ပါ။ ဘယ်ရောဂါဖြစ်ဖြစ် ကာကွယ်နည်းနဲ့ ကုသနည်းတွေကသာ အရေးကြီးတယ်။ ကင်ဆာအမျိုးအမည်တွေက အများကြီး။ အမျိုးအစားနဲ့ အဆင့်အလိုက် ကုသနည်း မတူပါ။ လူနာရဲ့ ကိုယ်ခံကျန်းမာရေးလည်း ကြည့်ရသေးတယ်။ 1. Cancer and Foods အစားအစာနဲ့ ကင်ဆာ ရန်သူမဟုတ်ပါ https://dr-tint-swe.blogspot.com/2022/10/cancer-and-foods.html 2. Cancer and Sugar Myth ကင်ဆာ နှင့် သကြား အထင်မှား https://dr-tint-swe.blogspot.com/2021/06/cancer-and-sugar.html 3. Canc...