Posts

Palmistry လက္ခဏာ

Image
ဆေးစစ်ချက်တွေကို ပုံရိုက်ပြီး တင်ကြတယ်။ ကိုယ်ရေးအချက်အလက်တွေကို ဖုံးထားရပါမယ်။ တပါးသူတွေကို မသိစေရပါ။ ဆေးပုလင်းပုံတွေ တင်ကြတယ်။ တိုးတက်တဲ့တိုင်းပြည်တွေကရောင်းချတဲ့ ဆေးပုလင်းတွေမှာ လူနာအမည် စတဲ့အချက်အလက်တွေပါတယ်။ ကိုယ်ရေးအချက်အလက်တွေကို တပါးသူတွေကို မသိစေရပါ။ ပစ္စည်းဖြစ်ဖြစ် ဆေးဖြစ်ဖြစ် လက်နဲ့ကိုင်ပြီး ပုံရိုက်ပြကြတယ်။ သတိထားရပါမယ်။ လက်ဝါးအရေးအကြောင်းကို ဖတ်ခြင်းဟာ လက္ခဏာပညာ။ သိတဲ့သူတွေက သိတယ်။ ကျွန်တော်လည်း ငယ်ငယ်ကတော့ ကိုင်ရိုစာအုပ်တွေ ဖတ်ဘူးတယ်။ ဆိုရှယ်မီဒီယာမှာ ခန္ဓာကိုယ်ကို ရောင်းချချင်လို့ဖြစ်စေ အခမဲ့ဖြစ်စေ ဆွဲဆောင်စေတဲ့ ပုံတွေတင်တာနဲ့ ဆေးတွေ၊ ဆေးစာတွေတင်တာ မတူသင့်ပါ။ စည်းကမ်းရှိရပါမယ်။ ဆိုရှယ်မီဒီယာမှာ လူတွေက မျိုးစုံ။ စည်းမထားသူတွေက များတယ်။ ဒေါက်တာတင့်ဆွေ

ကျွန်တော့ "မူ" ကတော့

Image
မက်ဆေ့ချ် တခု = ကျွန်တော့ စိတ်ထဲမှာတော့ ဆရာကြီး လို့ခေါ်ချင်မိပါတယ် ကျွန်တော်တော့ မြန်မာစာပြ ဆရာကြီးက ( - ) ပါ ကျွန်တော်တို့က ဆရာကြီးလို့ပဲ ခေါ်ပါတယ် လေးစားချစ်ခင်ခြင်းအားဖြင့် အဖေလို သူငယ်ချင်းလို့ ချစ်နေရသော မြန်မာစာပြ ဆရာကြီးပါ ကျွန်တော့ "မူ" ကတော့ ဆရာကြီးတွေ ဆရာငယ်တွေ မသင့်လို့ ယူဆပါတယ်။  တကယ်အမျိုးမတော်ဘဲ အမျိုးစပ်ခေါ်တာမှန်သမျှကိုလည်း မမှန်လို့ ယူဆပါတယ်။ နေမကောင်းလို့မေးသူတွေက သား၊ သမီးလို့ရေး မေးကြရင် ပြန်ပြန်မေးနေရတယ်။ မေးတဲ့သူလား သူတို့သားသမီးလား။ သမီးရဲ့သမီးဆိုတာ မြေးမိန်ကလေး မဟုတ်လား။ သားကောင်မလေးဆိုတာ ချွေးမ။ ကျွန်တော့အမည်က ဒေါက်တာတင်ဆွေ သာ ဖြစ်တယ်။ "ဆရာ" အသုံးဟာ သင့်မှန် + ယဉ်ကျေးတယ်။ ကျန်မာရေး အမေးတွေမှာ "ဒေါက်တာ" ကလည်း သင့်ပါတယ်။ ကျွန်တော်တို့ ဆရာဝန်တွေက ဆေးရုံအုပ်၊ တိုင်းနဲ့ ဗဟိုကျန်းဦးစီးမှူး၊ အထူးကုဆရာဝန်တွေကိုသာ "ကြီး" ထည့်ခေါ်ကြပါတယ်။ အမျိုးသမီး အိုဂျီ ကိုတော့ "မမ"။ သူ့ခေတ်နဲ့သူပေါ့။ ဟုတ်ကဲ့ဆရာ ဆရာမူ ကို ကျွန်တော်လေးစားပါတယ် လိုက်နာပါ့မယ် ဆရာ လူမြင် "အဘ" ခေါ်တဲ့ခေတ်က မကုန်သေးပါ။ မနေ့က ၂ ယောက်ကို ဘလော့ရတယ်။ ...

Fake Medicines မှား မမှန် လွဲ

Image
ရင်သားအကျိတ်၊ လည်ပင်းအကျိတ်၊ အဆီကျိတ်၊ ကိုယ်ခန္ဓာအနှံ့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု အားလုံးအတွက်  တပင်တိုင်မြနန်း၊ နှစ်ပင်တိုင် ရွှေနန်း၊ သုံးပင်တိုင် ငွေနန်း၊ လေးပင်တိုင် ငှက်သိုက်၊ ငါးပင်တိုင် လောက်သေ၊ ခြောက်ပင်တိုင် အောက်မဲညို၊ ခုနစ်ပင်တိုင် အိုးဗုတ်၊ ရှစ်ပင်တိုင် ဘလာ ဘလာဘလာ၊ ကိုးပင်တိုင် ဘလာ ဘလာဘလာ၊  ဆယ်ပင်တိုင် ဘလာ ဘလာဘလာ၊ Fake Medicines Do Real Damage: Thousands Die, Superbugs Get Stronger : Goats and Soda : NPR ဒေါက်တာတင့်ဆွေ

R-Cinex 600 Tablet တီဘီဆေး

Image
သွေးစစ်ရာကနေ  အဆုပ် Spot တွေ့တယ်ပြောပါတယ် လူက ချောင်းမဆိုး အလေးချိန်မကျ မဖျားပါ  အကောင်းတိုင်းပါ ကြောက်ပီး အဆုပ် ရင်ခေါင်း အထူကုနဲပြတော့ သလိပ်စစ်ခိုင်းပါတယ် သလိပ်မထွက်တော့ Gold test စစ်ခိုင်းပါတယ် Posotive ထွက်ပါတယ် အခုပြထားတဲဆေး ၁  လသောက်ခိုင်းလိုက်ပါတယ်ခင်ဗျ ဆေးရဲ့ Side effect ကိုလဲ သိခြင်ပါတယ်ခင်ဗျ ဆေးအမည် စာလုံးပေါင်း ဖတ်မရပါ။ R-Cinex 600 Tablet တီဘီဆေး ဘေးထွက်သက်ရောက်မှုများ အများဆုံးဖြစ်နိုင်တဲ့ ဘေးထွက်သက်ရောက်မှုများ ဆီးအရောင်ရင့်၊ အရေပြားအနီပြင်ထွက်၊ အန်၊ အသားဝါ၊ ကိုယ်ပူ၊ အသည်းအင်ဇိုင်းများ၊ ပျို့၊ ခြေလက်ထုံကျဉ်၊ ချွေးထွက်၊ တံတွေးများ။ ဘေးထွက်သက်ရောက်မှုတွေ သက်သာအောင် ဆေးကို ရေ၊ အရည် များများသောက်ပါ။ ဘီယာ၊ အရက် မသင့်ပါ။ aဆေးကို အစာမရှိချိန်မှာသောက်ပါ။ ဘယ်လောက်ကြာကြာသောက်ရမယ်ဆိုတာကို ဆရာဝန်ညွှန်ကညွှန်ပါမယ်။ အများအားဖြင့် ၆ လတိတိသောက်ရတယ်။ ဒေါက်တာတင့်ဆွေ

ဂေါ်ရင်ဂျီ ဂေါ်ရန်ဂျီ ဘရင်ဂျီ

Image
- ဧရာဝတီတိုင်းဒေသကြီးရှိ ဂေါ်ရန်ဂျီကျွန်း  - ဂေါ်ရင်ဂျီကျွန်း - ပုသိမ်-မော်တင်ကာလမ်းမှ ငရုတ်ကောင်းမြို့သို့ ၅ နာရီခန့် ကားဖြင့်သွားရပြီး ငရုတ်ကောင်းမြို့မှ မြေသားလမ်းအတိုင်း ၁၇ မိုင်ခန့် သွားရသည်။ - မုန်တိုင်းလည်းပြီးသွားပြီဆိုတော့ မျှင်ငပိရောင်းပါဦးမယ်။ ဂေါ်ရန်ဂျီဒေသထွက် ရခိုင်မျှင်ငပိစစ်စစ်ပါ။ - ဂေါ်ရန်ဂျီဒေသက ဘယ်နားမှာ ရှိပါသလဲ - ငွေဆောင်သွားတဲ့လမ်းကနေ လမ်းခွဲသွား တာဆရာ ငရုပ်ကောင်းမြို့အနီး  - ဂေါ်ရင်ဂျီကျွန်း သို့ - ဂေါ်ရန်ဂျီ ဒိုင်ယာရီ  - ဂေါ်ရင်ဂျီငါးကြင်းဟင်း - ဂေါ်ရင်ဂျီကျွန်း (ငရုတ်ကောင်းကျွန်း) သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာတွင် တည်ရှိသည်။ ဂေါ်ရန်ဂျီစာလုံးက ပေါ်တူကီ(ပေါ်တူဂီ )နဲ့ ဆက်စပ်သလား မသိပါ။ ပေါ်တူကီလူမျိုးတွေ မြန်မာပြည်ကို စရောက်တာက ရခိုင်။ ကဝိဓဇ သတ်ပုံကျမ်းမှာတော့ ဂေါ်ရင်ဂျီလို့ ပါတယ်။ - ဖရန်ကီတို့ရဲ့ကျေးဇူးဆိုတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းရေးတဲ့စာအုပ်ထဲမှာ သမိုင်းကြောင်း အကုန်ပါပါတယ်ဆရာ၊ ကျေးဇူးပါ။ - ကျနော် ချမ်းသာရွာရောက်ဖူးတယ်ဗျ။ ကျနော်တို့နယ်ကတော့ ဗရင်ဂျီ (စာလုံးပေါင်းမသေချာ) တွေလို့ ခေါ်ကြတယ်။ - ဧရာဝတီမှာ ၄-၂-၂ဝ၁၄ န...

Palliative care အထူးပြုစုစောင့်ရှောက်ရေး

Image
ဆောရီး။ ဆရာဝန်ကို မေးတာတော့ မဟုတ်။ ဖြေပါမည်။ ၁။ နေ့ရက်တိုင်းကို လက်ချိုးရေရင်း ရှင်သန့်ရတာ အရမ်းပင်ပမ်း(ပင်ပန်း)တယ် နေလဲ နေချင်သေးတယ် မပြည့်မစုံ မကုနိုင် မစားနိုင်တဲ့ ဘဝမှာ ကိုယ့်အတွက်တော့ နေရတာထက် လောကကြီးထဲက ထွက်သွား ရတာကမှ ပိုပီး(ပြီး)ကောင်းမယ်ထင်ပါတယ် နေ့ရက်တိုင်း ညရောက်တိုင်း မျက်စိမှိတ်လို့ အိပ်ပီး(ပြီး)တာနဲ့ မျက်လုံးပြန်ပွင့်လာနိုင်သေးလို့ ပျော်မိတာနဲ့ ခံစားရတဲ့ဝေဒနါကြောင့် ငါဝဠ်(ဝဋ်)မကျွတ်သေးပါလားဆိုတဲ့ နာကျင်မှုက အမြဲဒွန်တွဲနေတယ် ဝေဒနါမခံစားရဘဲ သက်တောင့်သက်သာလေး ထွက်သွားချင်မိတယ် ၂။ အသည်းနဲ့ခါးရိုးကင်ဆာဖြစ်ရင် အသက်ဆုံးသွားသည်အထိ မနာမကျင် မခံစားရအောင် ဆေးတွေနဲ့လုပ်ပေးလို့ရလား  ဖေဖေအတွက် ဝေဒနါ မခံစားရဘဲ ညင်ညင်သာသာလေးဖြစ်စေချင်တဲ့ ဆန္ဒပါ သ်ိတာရှိရင် ပြောပေးကြပါရှင် ၃။ အသဲကင်ဆာစဖြစ်တာသိချိန်အဆင့်၃ပါ ၅လကျော်အတွင်း ဆေးသောက်လည်း အကျိတ်ကပိုကြီးလာတာမို့ ဆေးဖြန်းတာလည်း လုပ်မရတော့ဘူး သောက်ဆေးလည်းဆရာဝန်ကပြောလို့မတိုက်ရတော့ပါဘူး နာကျင်တာ သက်သာအောင် ဆေးထိုး ဆေးသောက်လုပ်နေရတာပါ သိချင်တာက အဲလိုလူနာတွေကို ဘယ်လိုပြုစုနေထိုင်မှာနဲ့ အစားအသောက်တွေက လူနာအတွက်အဆင်ပြေသက်တောင့်သက်သာပိုဖြစ်စေမလဲ အက...

Breast Cancer "ဆောလျှင် စစ်ဆေးကုသပါ ရင်သားကင်ဆာ"

Image
အရင်က တကြိမ်ထောက်ပြထားပါတယ်။ ပြင်တာ မတွေ့သေးပါ။ ဆရာဝန်ကမှားတာမဟုတ်ဘဲ စာရေးသူမှားတာ ဖြစ်နိုင်ပါတယ်။ "စ" နဲ့ "ဆ" မှားနေသူတွေ အတော်ကိုများပါသည်။ "ဆောလျှင်" သို့မဟုတ် "ဆောလျှင်စွာ" လို့ ရေးသင့်ပါသည်။ စောလျှင်ဆိုတာ အသိစောတာ၊ အဆင့်စော (နိမ့်၊ နည်း) တာ ဖြစ်ပါသည်။ နံနက်စောစောလည်း ဖြစ်နိုင်သည်။ "စောလျှင် စစ်ဆေးကုသပါ" ဆိုရင်တော့ အဆင့် ၁ အထက်တွေကို စစ်ဆေးကုသရန် မလိုတော့သလို ထင်မှတ်စေပါမည်။ ဘယ်ကင်ဆာမဆို သိစအဆင့်၊ အလယ်အလတ်အဆင့်နဲ့ နောက်ဆုံးအဆင့်တွေလည်း "အချိန်မရွေး" လာရောက်ကုသကြပါသည်။ ပြန်ဖြစ်သူတွေလည်း လာကြသည်။  လူနာတိုင်း အဆင့်တိုင်းကို ဆေးကုသလျှင် ဆေးမကုသသူတွေထက် အသက်ပိုရှည်ကြမည်။ ကင်ဆာလို့ ရောဂါအမည်မတပ်ရသူတွေကလည်း သံသယရှိသူတွေနဲ့ မိသားစုကင်ဆာရာဇဝင်ရှိသူတွေပါ ဆေးစစ်နေကြရပါမည်။ Secrrening လို့ခေါ်ပါတယ်။ တိတိကျကျသတ်မှတ်ချက်တွေကို တင်ပြထားပါတယ်။ ဒေါက်တာတင့်ဆွေ