Posts

ကင်ဆာအတွက် အစားအစာ

Image
ပုံကတော့ အဆုတ်ကင်ဆာအတွက် အာဟာရအမည်နဲ့ အင်္ဂလိပ်လိုတင်ထားတာ။ ဘာသာမပြန်တော့ပါ။ ဘယ်တိုင်းပြည်မှာနေနေ၊ ဘာကင်ဆာဖြစ်ဖြစ် အစားအသောက်ဟာ ရန်သူမဟုတ်ပါ။ • ချို-ချဉ်-စပ်-ငန်-ဖန်-ခါး။ အသားငါး-ဥ-နွားနို့။ ပဲ-အသီး-အသီးအရွက် စုံအောင်စားနိုင်တယ်။ • ကိုယ့်ကို ကုသပေးနေတဲ့ဆရာဝန်ကနေ သွေးတိုးရှိလို့ အငန်၊ ဆီးချိုရှိလို့ အချို လျှော့စားခိုင်းရင် လိုက်နာရမယ်။  • ခွဲစိတ်ကုသမှုအတွက် ခဏတာ ရှောင်စရာ ညွှန်တာကို လိုက်နာရမယ်။ • အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာအတွက် ကုသပေးနေတဲ့ဆရာဝန်က ညွှန်ပါမယ်။ • ခီမိုဆေးကြောင့် အန်ချင်နေချိန် ဘာတွေကို ဘယ်လိုစားသောက်သင့်သလဲစာ ၄-၅ ခါ တင်ပြထားပါတယ်။ • ဖေ့စ်ဘွတ်ကနေ ဟိုဟာတွေ ရှာင်၊ ဒီဟာတွေမစားနဲ့ ဆိုသမျှ တခုကိုမှ လိုက်နာရန်မလို။ • ကြော်ငြာပြီးရောင်းတဲ့ ဖြည့်စွက်စာတွေကို ကုသပေးနေတဲ့ဆရာဝန်က မခိုင်းရင် ဝယ်ရန်မလို။ • ပုံထဲကငါးမျိုး ဝယ်မရရင် ဝယ်ရတဲ့ငါး စားနိုင်တယ်။ • အခြေခံအချက်က ကိုယ်တသက်လုံးစားလာတာတွေ ၉၀% ကနေ ၁၀၀% စားနိုင်တယ်။ ဒေါက်တာတင့်ဆွေ

HER2-Positive Breast Cancer Treatment ရင်သားကင်ဆာ ကုသနည်း

Image
၁၄-၁-၂၀၂၂ နေ့မှာ Sarah Cannon Research Institute ကနေ နောက်ဆုံးထွက်သတင်းဖြစ်ပါတယ်။ FDA အတည်ပြုချက်ရထာတဲ့ဆေးကတော့ ၂ မျိုးဖြစ်တယ်။ trastuzumab deruxtecan (Enhertu) ဆေးနဲ့ tucatinib (Tukysa) ဆေးတွေ ဖြစ်တယ်။ ဒေါက်တာတင့်ဆွေ

JN.1 Covid variant ကိုဗစ် မျိုးခွဲသစ် သတိပေး

Image
WHO ကနေ ၂၀-၁၂-၂၀၂၃ နေ့က သတိပေးချက်ထုတ်ပါတယ်။ Omicron အိုမီခွန်မျိုးခွဲသစ်ကို JN.1 လို့ အမည်ပေးထားတယ်။ ကူးစက်မှုမြန်လာကြောင်း ထုတ်ပြန်ပါတယ်။ JN.1 ကို အိန္ဒိယ၊ တရုပ်၊ ယူကေနဲ့ ယူအက်စ်အေမှာ တွေ့တယ်။ ဆောင်းရာသီမှာ ကိုဗစ်အပါအဝင် ကူးစက်ရောဂါတွေ များနိုင်တယ်။ တုပ်ကွေးနဲ့ respiratory syncytial virus (RSV) ပိုးတွေပါတယ်။ childhood pneumonia ကလေးနူမိုးနီးယားလည်း များလာတွေ့ရတယ်။ ယူအက်စ်အေမှာ ဆောင်းရာသီ ကူးစက်ရောဂါတွေထဲမှာ JN.1 က 15-29% ရှိတယ်။ ကာကွယ်နည်းများ 1. အပြင်ထွက်တိုင်းမှာ နှာခေါင်းစည်းတပ်ပါ။ 2. ချောင်းဆိုးတိုင်း နှာချေတိုင်း တံတောင်ဆစ်ထဲမှာသာ ပြုလုပ်ပါ။ 3. လက်ကို မကြာမကြာဆေးပါ။ 4. ကိုဗစ်ကာကွယ်ဆေး ပုံမှန်ထိုးပါ။ 5. နေမကောင်းရင် အပြင်မထွက်ပါနဲ့။ 6. သံသယရှိရင် ကိုဗစ် စစ်ပါ။ ဒေါက်တာတင့်ဆွေ

Hiatal Hernia (hiatus hernia) အစာအိမ်ကျွံခြင်း

Image
၁။ ဆရာရှင် hiatus hernia က ဘာကိုပြောတာလဲ သိချင်လို့ပါရှင် ၂။ ဆရာခင်ဗျား ရိုသေစွာမေးမြန်းအပ်ပါသည် အစာအိမ်ကျွံခြင်းအကြောင်းနှင့်ရောဂါသွင်ပြင်ကိုသိပါရစေ ဆရာကျန်းမာပါစေ။ ၃။ ဆရာခင်ဗျ ကျနော်ဗိုက်ဘယ်ဘက်ခြမ်းအောင့်တာ ၁၁ လပိုင်း ၂၆ ရက်လောက်ကပါခင်ဗျာ ကြားထဲသက်သာသွားပီး(ပြီး) ချက်ပတ်လည်ပြန်အောင့်ပါတယ်ခင်ဗျာ ဆေးရုံသွားပြတော့ဆေးတွေထပ်သောက်ခိုင်းပါတယ် မသက်သာတာနဲ့ ၁၉-၁၂-၂၀၂၃ မှာ မှန်ပြောင်းကြည့်ပါတယ် အစာအိမ်ရောင်ပီး(ပြီး) RUT positive ဖြစ်တော့ ပိုးသတ်ဆေး ၂ ပတ်စာပေးပါတယ်ခင်ဗျာ ကြားထဲ ကျနော်က ထမင်းစားလိုက် ဆန်ပြုတ်သောက်လိုက်နဲ့မလို့လားမသိဘူးဆရာ ချက်ဘယ်ကအောင့်လိုက် ညာဘက်ကအောင့်လိုက်နဲ့ဆရာ ညအိပ်တဲ့အချိန်နဲ့လမ်းလျာက်ချိန်ဆိုသိပ်မနာဘူး ထိုင်တဲ့အချိန်ဆို နဲနဲအောင့်နေပီး(ပြီး)မသက်သာဘူးဆရာ ဒီကြားထဲ သက်သာရင်ထမင်းစားလိုက်မသက်သာရင်ဆန်ပြုတ်သောက်လိုက်နဲ့ အစာနဲ့များဆိုင်ပါလားခင်ဗျ ကျေးဇူးပြု၍ဆောင်ရန်ရှောင်ရန်ဖြေကြားပေးပါဦးခင်ဗျ   ရိုသေစွာဖြင့် မှန်ပြောင်းကြည့်ထားတဲ့အဖြေပါခင်ဗျ အစာအိမ်ရဲ့ အပေါ်ထိပ်ပိုင်းနေရာလေးဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကို ခြားထားတဲ့ ဒိုင်ယာဖရမ် ခေါ် ကြွက်သားကြီးမှာရှိတဲ့ အပေါက်လေးထဲကို ဝင်ခ...

Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ

Image
ကိုယ်ဝန်ဆောင်တာနဲ့ အရင်လိုမဟုတ်တော့ပါ။ ခံစားရမှာတွေ ရှိလာမယ်။ ကိုယ်ဝန်ဆောင်တွေက တယောက်နဲ့ တယောက်၊ တခါနဲ့ တခါ မတူကြပါ။ အခုရေးတာမှန်သမျှ ကိုယ်လဲ ခံရမယ် မထင်စေလိုပါ။ သက်သာအောင် ဘယ်လို လုပ်မလဲ။ ၁။ Pregnancy Breast Changes ရင်သားအပြောင်းအလဲများ၊ • ရင်သား ထွားထွားလာမယ်။ အထဲက နို့ရည်ထွက်မဲ့ (ဂလင်း) လေးတွေကြီးလာ၊ အဆီတွေများလာလို့ပါ။ • တချို့မှာ နာမယ်။ ကိုယ်ဝန်ဆောင်ကာစနဲ့ ကလေးဖွါးခါနီးမှာ သိသာတယ်။ • သွေးကြောတွေလဲ များတာလို့ ပြာစိမ်းစိမ်းသွေးကြောလေးတွေမြင်လာရမယ်။ • နို့သီးအရောင်လဲ ရင့်လာ၊ မဲလာမယ်။ • Colostrum ဆိုတဲ့ ကနဦး-နို့ရည်ထွက်နိုင်တယ်။ ဒါတွေအားလုံးက ပုံမှန်အပြောင်းအလဲတွေသာဖြစ်တယ်။ • Bra (ဘရာ) ချောင်တာသာ ဝတ်ပါ။ မ-တင်ပေးနိုင်အောင်တော့ ဖြစ်ပါစေ။ (ကော်တွန်) နဲ့ သဘာဝပစ္စည်းနဲ့ လုပ်တာသာ ဖြစ်ပါစေ။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ (ဘရာ) အရွယ်အစား ကြီးကြီးလာဘို့လိုမယ်။ နေ့ရော ညပါဝတ်ထားပါ။ နို့ရည်ကြည်ထွက်နေရင် (ဘရာ) အတွင်းမှာ ဂွမ်းစခံထားပါ။ စိုလာရင် အသစ်လဲပါ။ • နို့သီးထိပ်ကို ရေခပ်နွေးနွေးနဲ့သာ ဆေးကြောပေးပါ။ ရေချိုးချိန်ကလွဲရင် ဆပ်ပြာမသုံးပါနဲ့။ ခြောက်သွေ့စေတယ်။ ၂။ Pregnancy Fatigue ကိုယ်ဝန်ဆောင်စဉ်အားယုတ်ခြ...

Cough ချောင်းဆိုးနေတယ်

Image
၁။ အသက် ၄၈ အိမ်ထောင်မရှိ အမျိုးသမီးပါဆရာ ချောင်းဆိုးတာ ၃ရက်ရှိပါပြီ  အရင် ၂ရက်က တအားမဆိုးဘူးဆရာ ခုညနေ ချောင်းဆိုးတော့ ရင်ဘတ်ထဲကနာတယ် ဘေးစောင်းအိပ်နေရင်းချွဲသံလိုထင်ရတဲ့အသံကြားရတယ်ဆရာ ၂ရက် ၃ရက်ချောင်းဆိုးတာဆိုပြီး ခုထိ ဆေးမသောက်ရသေးဘူးဆရာ မနက်ဖန်ခရီးသွားမှာမို့ mask တပ်ရမှာလားဆရာ Express နဲ့သွားမှာပါဆရာ တအား ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ၂။ မ ၃၆ နှစ် ချောင်းဆိုးနေလို့ပါ အမြဲတမ်းဆိုးမနေပဲ လည်ချောင်းယားပြီးဆိုးပါတယ် သလိပ် မထွက်ပါဘူး ဆိုးလိုက်ရင်လည်း တခါတခါ အန်ထွက်တဲ့ထိ ဆိုးပါတယ် ဘာဆေးသောက်ရမလဲဆရာ တခါတခါ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း https://dr-tint-swe.blogspot.com/2021/01/chest-infection.html Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://dr-tint-swe.blogspot.com/2020/12/cough-syrups.html Common Cold အအေးမိရင် https://dr-tint-swe.blogspot.com/2020/12/common-cold_9.html Cough Drops ချောင်းဆိုးသက်သာချိုချဉ် https://dr-tint-swe.blogspot.com/2023/10/cough-drops.html Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://dr-tint-swe.blogspot.com/2020/12...

Age Spots အသက်နဲ့ အစက်

Image
၁။ ဆရာရှင့် သမီးအသက်က ၂၈ နှစ်ကျောင်းဆရာမ၊ အိမ်ထောင်မရှိသူပါ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က လည်ပင်းမှာမှဲ့လိုလို အသားပိုလိုလို တလုံးစနှစ်လုံးစရှိပါတယ်ရှင့့်။ အခုအဲဒီ့အသားပိုတွေက ပိုပီပြင်လာ ပိုကြီးကြီးလာပြီး ယားလာပါတယ်။ ပွားလည်းပွားလာပါတယ်။ လည်ပင်းညာဘက်ကနေအခုအလယ်၊ အလယ်ကနေ ဘယ်ဘက်ကိုပွားလာပါပြီ။ ဆေးခန်းလည်း မပြဖြစ်ခဲ့ပါဘူး။ ဘာဖြစ်မှန်းမသိသလို ဆိုးကျိူးတွေလည်းမသိပါဘူး။ တခုပြီးတခုဖြစ်နေတော့ စိတ်တွေလည်း ညစ်ပါတယ်ရှင့်။ ဓာတ်ပုံနှင့်တကွ ပို့လိုက်ပါတယ်။ ၂။ ဆရာခင်ဗျား ကျွန်တော်၏ဇနီးမှာ အသက် ၅၆ နှစ်ရှိပြီ။ သားသမီး ၃ ယောက်မွေးဖွားခဲ့ပါသည်။ သူမမှာ လွန်ခဲ့သော ၁ဝ နှစ်ကျော်ခန့်မှစ၍ မှည့်ခြောက်များ ထွက်ပေါ်လာရာ ယခုပုံပါအတိုင်း တွေ့နေရပါသည်။ လွန်ခဲ့သော နှစ် ၄ဝ ခန့်က ရပ်ကွက်ထဲရှိ ငွေကြေးတတ်နိုင်သူတ ဦးသည် တင်းတိပ်ပျောက်စေရန် မည်သည့် ဆေးဝါးမိတ်ကပ်များ လိမ်းသည် မသိရသော်လည်း နောက်ပိုင်းတွင် (ပါးရဲထိုးသကဲ့သို့) မည်းသွားသည်ကို တရပ်ကွက်လုံး သိရှိကြသဖြင့် ကျွန်တော်၏ ဇနီးမှာလည်း ထိုကဲ့သို့ ဖြစ်မှာစိုးရိမ်ပြီး မည်သည့်ဆေးဝါးမျှ မလိမ်းမကုသခဲ့ပါ။ သူမသည် သနပ်ခါးနှင့် နံ့သာဖြူကိုသာ လိမ်းလေ့ရှိပြီး မိတ်ကပ်ကို လိမ်းသည့် အလေ့အထ ...