လူကြီးကတော်၏ မြန်မာသဒ္ဒါ

မြန်မာစာအကြောင်း ဖြေတော့ ပြန်ရေးလာတယ်။

ငါးတန်းစတက်တော့ မြန်မာစာဘာသာရပ်မှာ သဒ္ဒါစာအုပ် အပြာရောင်ကို ဖတ်စာအုပ်နဲ့ အတူရခဲ့ပါတယ်။ အဲဒီစာအုပ်က အလယ်တန်း မြန်မာသဒ္ဒါ ၅တန်း ၆တန်း ၇တန်းအထိကိုင်ရတဲ့စာအုပ် ထင်ပါတယ်။ ဒါပေမဲ့ မြန်မာစာသင်တဲ့ ဘယ်ဆရာ ဆရာမမှ အဲဒီသဒ္ဒါ စာအုပ်ထဲကစာကို မသင်ခဲ့ပါ။ အဲဒီလိုနဲ့ စာအုပ်ဟာ အသစ်အတိုင်းကျန်ခဲ့ပါတယ် မှတ်မိခဲ့တာပါဆရာ။

ဆောရီး။ အဲလိုအဖြစ်အပျက်တွေ များတယ်။ မနေ့က ဒေါ်မြမြအေးက သူငယ်စဉ်ကကျောင်းအတွေ့အကြုံတခု ပြောတယ်။ ဆရာမ ဒေါ် - က ကျောင်းရောက်လာရင် စာမသင်ဘူးတဲ့။ သူ့အတန်းကမဟုတ်လို့ တော်သေးတဲ့။ စကားပဲ လည်ပြောနေတာ၊ လူကြီးကတော်တဲ့။

ဘယ်စာမဆို သဒ္ဒါဟာ အိမ်တိုင်လိုပဲ။ အခုခေတ်မှာ မြန်မာအိမ်အိုကြီး ယိုင်နဲ့နေတယ်။

အဲလို လူကြီးကတော်တွေ ဗိုလ်ကြီးကတော်တွေခေတ် ကုန်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

၃၁-၁၂-၂၀၁၉

၃၁-၁၂-၂၀၂၀

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ