Name Change အမည်ပြောင်းလဲခြင်းဟူသည်

၁။ ဆရာခင်ဗျ ဗမာ မြန်မာ ပြဿနာလေးမေးချင်လို့ပါ ဗမာဆိုတာ တိုင်းရင်းသားလူမျိုးအစုံပါတဲ့ရည်ညွှန်းချက်လား ဒါမှမဟုတ် မြန်မာလား ဆရာရေးထားပြီးသား ရှိရင်လဲ လင့်ခ်လေး ပို့ပေးဖို့တောင်းဆိုပါရစေဆရာ

၂။ Burma လား Myanmar လား ဆရာ

၃။ ကိုလိုနီခေတ်အပြင် လွတ်လပ်ရေးခေတ်အထိ နိုင်ငံဆိုရင် Burma လို့သုံးပြီး လူမျိုးဆိုရင် Burmese လို့သုံးရာကနေ ဘယ်လိုကြောင့် Myanmar ရယ်လို့ သတ်မှတ်ခဲ့တာလဲ ဆိုတာကို ကျွန်တော်နားလည်ချင်လို့ပါခင်ဗျ။

Burma Myanmar စာတွေ တင်ပြထားပါတယ်။ စစ်အစိုးရဆိုတာကြိုက်သလိုလုပ်ပါတယ်။ တခြားတိုင်းပြည် တချို့မှာလည်း ပြောင်းတာရှိတယ်။ ကိုလိုနီလက်အောက်အမည်တွေကို ပြောင်းတယ်။ ကိုလိုနီလက်အောက်နေ လွတ်လပ်ရေးရလာတဲ့တိုင်းပြည်တချို့မှာ အရင်ကအမည်တွေကို ပြောင်းကြပါတယ်။ အထင်ရှားဆုံးက ကျွန်တော်တို့နိုင်ငံနဲ့ အိန္ဒိယ။ အမည်ပြောင်းတာကို ကန့်ကွက်ရန် မရှိပါ။ ဒါပေမဲ့ ဝေါဟာရတွေကို နိုင်ငံရေးလုပ်နေကြတယ်။ အမြင်တွေကွဲစေပြီး လူတွေပါကွဲအောင် တမင်ကြံဆောင်တာဖြစ်နေတယ်။

လွတ်လပ်ရေးရပြီး ပြောင်းခဲတဲ့ အမည်တွေထဲက တချို့ကို တင်ပြပါတယ်။
Boundary Road ကနေ ဓမ္မစေတီလမ်း၊
Dalhousie Road ကနေ မဟာဗန္ဓုလလမ်း၊
Fraser Road ကနေ အနော်ရထာလမ်း၊
Goodliff Street ကနေ ဆရာစံလမ်း၊
Montgomery Road ကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်း
Scott Market ကနေ ဗိုလ်ချုပ်အောင်ဆန်းစျေး၊
Sparks Road ကနေ ဗိုလ်အောင်ကျော်လမ်း၊
Victoria Lake ကနေ အင်ယားကန်၊
Voyle Road ကနေ ဦးဝိစာရလမ်း၊
York Street ကနေ ယောမင်းကြီးလမ်း၊

ဘယ်သမိုင်းမဆို မဖျောက်ဖျက်ရပါ။ အခု ကျောင်းစာအုပ်ထဲမှာ ဗမာကနေ မြန်မာပြောင်းပြီး နိုင်ငံတော်သီချင်းသမိုင်းကို ဖျက်ထားတယ်။ မလုပ်ကောင်းပါ။ အခုလိုရေးလို့ Burma ကသာ သင့်တယ်လို့ပြောတာမဟုတ်ကြောင်း သတိပြုစေလိုပါတယ်။

လင့်တွေက ဘလော့အဟောင်းမှာသာ များတယ်။ အသစ်ထဲ မရေးအားသေး။ ဆောရီး။ အဟောင်းက ပို့မရ ပြင်မရ တင်မရ။
Adjective မြန်မာဆိုသော နာမဝိသေသန https://doctortintswe.blogspot.com/2018/02/adjective.html
Ancient Burma ရှေးမြန်မာတွေ https://doctortintswe.blogspot.com/2016/01/ancient-burma.html
Burma Vs Myanmar (1) မြန်မာဆိုတာဘာလဲ (၁) https://doctortintswe.blogspot.com/2017/06/burma-vs-myanmar-1.html
Burma Vs Myanmar (2) ဗမာနဲ့ မြန်မာ (၂) https://doctortintswe.blogspot.com/2015/06/burma-vs-myanmar.html
Burma Vs Myanmar (3) မြန်မာဆိုတာဘာလဲ (၃) https://doctortintswe.blogspot.com/2016/04/myanmar-vs-burma.html
Interpreters မြန်မာပြန်သူများ https://doctortintswe.blogspot.com/2017/12/interpreters.html
Myanmar Vs Burma ပစိဖိတ်သမုဒ္ဒရာနဲ့ ဧဝရက်တောင် https://doctortintswe.blogspot.com/2017/06/burma-vs-myanmar-3.html
Myanmar မြန်မာဆိုတာဘာလဲ https://doctortintswe.blogspot.com/2015/06/myanmar.html
The Eight State ဗမာ နဲ့ မြန်မာ (သို့) အဋ္ဌမပြည်နယ် https://doctortintswe.blogspot.com/.../the-eight-state.html
You သင် https://doctortintswe.blogspot.com/2018/08/you.html
ကျွန်တော် https://doctortintswe.blogspot.com/2015/05/i.html
ကျွန်တော် ကျွန်နော် ကျနော် https://doctortintswe.blogspot.com/2017/06/blog-post_76.html
ကျွန်တော် ဖြေပါရစေ https://doctortintswe.blogspot.com/2018/09/blog-post_773.html
ဂျမ်းဘုံ နဲ့ မာဂရက် https://doctortintswe.blogspot.com/2018/11/blog-post_362.html
တို့ဗမာအစည်းအရုံး https://doctortintswe.blogspot.com/2016/07/blog-post_35.html
ဗမာ နဲ့ မြန်မာ မောင်သာနိုး http://itvlibrary.blogspot.com/2016/09/blog-post.html

အသစ်ပြောင်းလဲခြင်းဆိုတာ ပိုမှန် ပိုလွယ်ကူ ပိုပြီးသင့်တော်တာ ဖြစ်ရမယ်။ တခြားအကျိုတွေအတွက် မဟုတ်ရပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ