ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ

ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးမျိုး ဖေါ်ညွှန်းကြပါတယ်။ ပင်လုံစိတ်ဓါတ်လို့ ပြောဆိုရေးသားကြတာ များတယ်။ လွတ်လပ်ရေးနဲ့အတူပေါ်လာတဲ့ အမျိုးသားသီချင်း ခေါ် နိုင်ငံတော်သီချင်းရဲ့ ခြေဆင်းစာသားဟာ ဖက်ဒရယ်မူဖြစ်ပါတယ်။

မြန်မာနိုင်ငံတော် သီချင်း


တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊

တို့ ပြည်၊ တို့ မြေ၊

များလူ ခတ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ၊ ၀ါဒဖြူစင်တဲ့ပြည်၊

တို့ပြည်၊ တို့မြေ၊

ပြည်ထောင်စု အမွေ၊ အမြဲတည်တန့်စေ၊ အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ။


(ကမ္ဘာကြေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။) ၂


ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊

ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။

တို့ပြည် တို့မြေ 

အကျိုးကို ညီညာစွာတို့တတွေ ထမ်းဆောင်ပါစို့လေ

တို့တာဝန်ပေ အဖိုးတန်မြေ။


ဗမာ ကနေ မြန်မာလို့ ၁၈-၆-၁၉၈၉ နေ့က နဝတ အမိန့်အမှတ် ၂/၈၉ နဲ့ ပြောင်းခိုင်းထားပါတယ်။ မူရင်းစာသားဟာ ဗမာ ဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ ကနေ့အထိ ဗမာ နဲ့ မြန်မာ ငြင်းနေကြတာနဲ့ ညီညွတ်မှု ပျက်ပြားစေတယ်။ ကွန်မင့်ကနေ လာမငြင်းကြစေလိုပါ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ