Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း

(ကန်တော့)

၁။ ဆရာ မင်္ဂလာပါရှင့် apple cider vinegar သောက်တာတို့ extra virgin coconut oil သောက်တာတို့က ဆိုးကျိုးရှိလား သောက်သင့်လား ဖြေပေးပါဦးရှင့်

ဆိုးကျိုးတော့ မရှိ။ ထိရောက်မှု သေချာ မပြောနိုင်။ သောက်မဲ့သူ ကျား-မ-အသက်-ရောဂါ မသိ။

မ ၂၁နစ် ရောဂါမရှိ

၂။ မင်္ဂလာပါဆရာ။ ကျမအသက်က ၃၆ နှစ်ပါ။ ခြောက်လအရွယ်သားလေးရှိပါတယ်။ ကိုယ်ဝန်မရှိခင်တုန်းက PH level က (7) ပါ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွေး၊ ဆီး စသည်ဖြင့် လိုအပ်တာတွေစစ်ပါတယ်။ အဲဒီတုန်းက PH level က (6) ပါ။ အခုစစ်ကြည့်တော့ (6.5) ပါ။ PH level (7) က အကောင်းဆုံးအနေအထားအဖြစ်သိထားပါတယ်ဆရာ။ ကျမသိချင်တာက PH level 7 ဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရပါမလဲဆရာ။ ဘယ်လိုအစားအသောက်မျိုး စားသုံးရမှာပါလဲ။ PH level ကွာခြားနေဟာ ဘယ်အရာတွေပေါ်မူတည်ပြီး အတက်အကျကွာခြားနေပါသလဲဆရာ။ PH level အနည်းအများကွာခြားချက်ဟာ တခြားမည်သည့်ရာတွေကို အကျိုးသက်ရောက်စေပါသလဲဆရာ။ ဆရာ ရွှင်လန်းချမ်းမြေ့ပါစေ။

၃။ ဆရာ ကျွန်တော်နေပူထဲသွားမိရင် ဆီးအောင့်ပါတယ်။ နေပူထဲကြာကြာနေမိလေ ပိုဆိုးလေပါပဲ။ ဆီးတစက် သွားဖို့အရေး တော်တော်ကြိုးစားရတယ်။ သွားမိရင်လည်းအတော်ကျင်တယ်။ ရေနွေးတွေများထွက်လာသလို ခံစားရတယ်ဆရာ။ နေပူ ထဲကလည်း မထွက်ရင်မဖြစ်တဲ့အလုပ်မို့ပါ။ ဖြစ်နေတာကတော့ ၉ နှစ် သားလောက် ကတည်းကပါ။ အမြဲတမ်းဖြစ်နေတာတော့မဟုတ်ပါဘူး။ နွေရာသီဆိုရင်တော့ နေ့တိုင်း နီးပါးဖြစ်ပါတယ်။ အေးရင် လုံးဝမဖြစ်ပါဘူး ဆရာ။ ဘာ့ကြောင့် ပူရင်ဖြစ်ရတာလဲဆိုတာနဲ့ ဘာဆေးတွေသောက်ရင်ပျောက်မလဲဆိုတာ လေးသိချင်လို့ပါဆရာ။ ယောက်ျားလေးပါ။ အသက်ကတော့ ၂၇ နှစ်ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

လူရဲ့ဆီးဟာ ပုံမှန်ကိုက အက်စစ်လိုဘဲ။ ပူစပ်စပ်နေတယ်။ ဓါတုဗေဒလို အက်စစ်ဓါတ်ကို pH နဲ့ တိုင်းရတယ်။ ဆီးက pH 5.8 နဲ့ 7 အတွင်းရှိတာ ပုံမှန်ဖြစ်တယ်။ ဆီးလမ်းပိုးဝင်နေရင် pH နည်းနေတာ တွေ့ရတယ်။ ကြာသွားပြန်ရင် တမျိုး ဖြစ်ပြန်တယ်။ pH များတာကို အယ်လ်ကာလိုင်းဖြစ်နေတယ်ခေါ်တယ်။ ဒါလည်းမကောင်းဘူး။ ဗီတာမင် စီ Ascorbic acid ကို ပြောင်းပြန်မှတ်ပါ အက်စစ် လျှော့စေနိုင်တယ်။

ဆီး အက်စစ်ဓါတ်များစေတဲ့ အကြောင်းရင်းတွေကတော့ -

• အက်စစ်များစေတဲ့ အစားအသောက်တွေစားတာ၊

• အစာငတ်ခံတာ၊

• ဝမ်းပျက်တာ၊

• ဆီးချိုရှိတာ၊

• ရေ-ဆားဓါတ် နည်းသွားတာ၊

• အသက်ရှူလမ်း ရောဂါ တချို့တို့ ပါဝင်တယ်။

အစားအသောက်

အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ ပဲ၊ ပြောင်ဖူး၊ ဘယ်ရီသီးအမျိုးမျိုး၊ ဆီးသီးအမျိုးမျိုး၊ ရိစ် ခေါ် တဆေး၊ ချဉ်တဲ့ခရင်မ်၊ ထောပတ်၊ ရောဂတ်တွေက အက်စစ်ဓါတ် များစေပါတယ်။ အသား၊ ပင်လယ်စာ၊ အသည်း၊ နှလုံး၊ ဝက်ပေါင်ခြောက်တွေက ယူရစ်အက်စစ်များတဲ့ အစာတွေ ဖြစ်တယ်။

အရွက်တွေ၊ မှို၊ ကညွတ်၊ မုံလာ၊ ဟင်းနုနွယ်ရွက်တွေကို အသင့်အတင့် စားနိုင်တယ်။ ချဉ်တဲ့အသီးတွေ၊ ငှက်ပျောသီး၊ ပန်းသီး၊ ခရမ်းချဉ်သီးတွေက အက်စစ်နည်းတယ်။ အက်စစ်နည်းတဲ့ အသီးတွေကတော့ လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီးတို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယက Key Lime, Citron, Wild Orange မလေးရှားက Pomelo တရုပ်က Mandarin Orange ကိုရီးယားက Trifoliate Orange သြစတေးလျက Round Lime တွေလည်း ပါတယ်။ Packaged fruit juices, Sauces, pickles and artificial sweeteners တွေကို အက်စစ်များနေသူတွေက ရှောင်သင့်ကြတယ်။ Juices made of black cherry, Celery, Birch leaf and Parsley တွေ သောက်သင့်တယ်။

ဆီးလမ်းပိုးဝင်ခြင်း

ဆီးမှာ ပိုးဝင်နေ-မနေကို Dipsticks နည်းနဲ့ အိမ်မှာတင် အလွယ်စမ်းနိုင်တယ်။ အိပ်ရာထသွားတဲ့ဆီးကို စစ်ရင် ၉ဝ% မှန်တယ်။ ဗက်တီးရီးယားကနေထွက်တဲ့ Nitrite (နိုက်ထရိတ်) ပါနေ-မနေ စစ်တာပါ။ ဆီးမှာအက်စစ်များနေရင် ကျောက်ကပ်မှာ Uric acid stones, Cystine stones and Calcium oxalate stones ကျောက် တည်နိုင်တယ်။ ဆီးလမ်းပိုးဝင်နေသတွေ အက်စစ်များအစာတွေ၊ အပူ-အစပ် ရှောင်ရတယ်၊ ဆေးလိပ်ဖြတ်ရမယ်။ ဆီးပူနေသူ၊ ပုံမှန်ထက် ပိုပြီး ဝမ်းသွားတာ၊ အန်တာဖြစ်ရင်လည်း ရေပိုသောက်ရမယ်။ ဆီးသွားချင်စိတ်ရှိရင် သွားလိုက်ပါ။ ဆီး-ဝမ်းသွားပြီး ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီသာ တဖက်သပ် သွားနည်း သုံးပါ။ ရေချိုးတာကို အပေါ်ကနေ ရေကျတဲ့နည်း သုံးပါ၊ ရေချိုးစည်ထဲမှာ ချိုးတာ မကောင်းပါ။ (ကန်တော့ပါ) လိင်မဆက်ဆံမီ ရေဆေးပါ။ အမျိုးသမီးသုံး Feminine hygiene sprays and scented douches တွေ မသုံးပါနဲ့။

ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ

- ပဋိဇီဝဆေးများ၊ Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅ ရက်။ ဒါမှမဟုတ် Amoxacilin 500 mg တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်၊ ၅ ရက်။ ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅ ရက်။ ဒါမှမဟုတ် Nitrofurantoin = 100 mg တနေ့ ၂-၄ ကြိမ်၊ ၇ ရက်။

- လေနာဆေး Antacid (Magnesium hydroxide) တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်။

- နာတာ သက်သာအောင် Hyoscine (Spasmogin or Buscopan) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်။

- လိင်ကြောင့်ဖြစ်သူတွေကို အတူနေပြီးပြီးရင် ပဋိဇီဝဆေး တကြိမ်သောက်ဘို့ ညွှန်တယ်။ ဆီးအောင့်တယ်လို့ ခံစားရရင် ၂-၃ ရက်ဆက် သောက်ရမယ်။

ဂေါက်ဖြစ်နေသူ၊ ဆီးပူနေသူ၊ ဆီးခဏခဏအောင့်တတ်သူများ Cranberry ခရန်ဘယ်ရီဆေး၊ ဖျော်ရည်သောက်ပါ။ ချယ်ရီဖျော်ရည် အိမ်မှာဖျော်သောက်ပါ။ Apple Cider Vinegar ပန်းသီးဖျော်ရည် သောက်ပါ။ ရေများများသောက်ပါ။ အသား လျှော့စားပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ