Oxygen Therapy အောက်စီဂျင်ပေးခြင်း

ဆရာ မင်္ဂလာပါရှင့် အမေက အသက် ၆၈ နှစ်ပါရှင့် လွန်ခဲ့တဲ့ ၇ လကျော်လောက်က ခါးရိုးထိခိုက်ပြီး အိပ်ရာထဲလဲနေရာကနေ ဆေးရုံတက်ရပါတယ်ရှင့် ဆေးရုံရောက်မှ သွေးပျစ်တဲ့ရောဂါလည်းဖြစ်နေမှန်းသိရပြီး သွေးကျဲဆေးလည်း အမြဲသောက်နေရပါတယ်ရှင့် အမေက ဆေးလိပ်ကိုလည်း နှစ်ငါးဆယ်ကျော်လောက်ကို သောက်ခဲ့တာပါရှင့် အိပ်ရာထဲလဲမှပဲ မသောက်တော့တာပါရှင့် အဆုတ်ကလည်း သိပ်မကောင်းတော့ ဆေးရုံဆင်းပြီးကတည်းက  SPO 2 ကအမြဲ ၈၅ နဲ့ ၉၀ ဝန်းကျင်ပဲရှိပါတယ်ရှင့် အသက်ရှူတာတော့ မောဟိုက်နေတာမျိုး မရှိပါဘူးရှင် အမေ့ကို မောနေလားမေးရင်လည်း မမောဘူးပြောပါတယ်ရှင့် ခုကျ ကိုဗစ်တွေ ဘာတွေဖြစ်တာနဲ့ရောဆိုတော့ အိမ်မှာ အောက်ဆီဂျင်ဘူး ဆောင်ထားပါတယ်ဆရာ အမေက မောလည်း မမောဘူးဆိုတော့ SPO 2 က ၉၀ ဝန်းကျင်ပေမယ့် အောက်ဆီဂျင် ပေးဖို့ လိုမလိုဆိုတာကို သိချင်လို့ပါရှင့် သမီးတို့က ကလေးမြို့ကပါရှင့် သမီးတို့မြို့မှာ ကိုဗစ်က outbreak နီးပါးကို ဖြစ်နေတာရှင့် အဲဒါကြောင့် မေးတာပါရှင့် 

အောက်စီဂျင်ပေးရတဲ့ လူနာတွေက အမျိုးမျိုးရှိတယ်။ လေထဲမှာ အောက်စီဂျင်၂ဝ့၉၅% ပါတယ်။ နိုက်ထရိုဂျင်က ၇၈့ဝ၉% ပါတယ်။ တချို့လူနာတွေ သာမန်လေထဲကအောက်စီဂျင်နဲ့ မလောက်တဲ့အခါ အောက်စီဂျင် ပေးရတယ်။

၁။ chronic obstructive pulmonary disease (COPD) နာတာရှည် ဆို့ပိတ်မှုရှိတဲ့ အဆုတ်ရောဂါ၊

၂။ pneumonia နူမိုးနီးယား၊

၃။ asthma ပန်းနာ၊

၄။ bronchopulmonary dysplasia, underdeveloped lungs in newborns မွေးစကလေးရောဂါတမျိုး၊

၅။ heart failure နှလုံးအလုပ်မနိုင်တော့ခြင်း၊

၆။ cystic fibrosis ရောဂါတမျိုး၊

၇။ sleep apnea အိပ်စက်မှုရောဂါတမျိုး၊

၈။ lung disease အဆုတ်ရောဂါတချို့၊

၉။ trauma to the respiratory system အသက်ရှူလမ်းထိခိုက်ခံရခြင်း။

အောက်စီဂျင်နည်းနေချိန်မှာ ဒါတွေခံစားရမယ်။

၁။ rapid breathing အသက်ရှူမြန်၊

၂။ shortness of breath အသက်ရှူမဝ၊

၃။ fast heart rate နှလုံးခုန်မြန်၊

၄။ coughing or wheezing ချောင်ဆိုး၊ ရင်ကြပ်၊

၅။ sweating ချွေးပြန်၊

၆။ confusion စိတ်မကြည်လင်၊

၇။ changes in the color of your skin အသားအရေအရောင်ပြာ။

အသုံးပြုတဲ့ အောက်စီဂျင်က အမျိုးမျိုးရှိတယ်။

၁။ oxygen gas အငွေ့၊

၂။ liquid oxygen အရည်၊

၃။ oxygen concentrators ကွန်ဆန်ထရိတ်တာ၊

၄။ hyperbaric oxygen therapy ဟိုက်ပါဘဲရစ်။

အောက်စီဂျင်ပေးနည်းလည်း အမျိုးမျိုးရှိတယ်။

၁။ the nonrebreather mask နှာခေါင်းဖုံးကရိယာ၊

၂။ the incubator (for infants) အင်ကျူဘေတာ၊

၃။ continuous positive airway pressure (CPAP) ဖိအားသုံးစက်။

အောက်စီဂျင်ပေးသင့် မသင့် သေချာအောင် သွေးလွှတ်ကြောထဲကသွေးစစ်နိုင်တယ်။ ပုံမှန် 75 and 100 mmHg ရှိတယ်။ 60 mmHg ထက်နည်းသူ အောက်စီဂျင်လိုမယ်။ 110 mmHg ထက်မပိုစေရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ