Effects of Hypoxia အောက်စီဂျင်နည်းနေချိန်မှာ ဒါတွေခံစားရမယ်
ဆရာရှင့် အောက်စီဂျင်ကျတာကိုoximeter နဲ့မတိုင်းဘဲ ဘယ်လိုအချက်တွေနဲ့ကော သိနိုင်ပါလဲရှင့် အဲ့စက်နဲ့တိုင်းမှပဲ သိရတာလားရှင့်
ကိုဗစ်အတွက် အောက်စီဂျင်သုံးရတယ်။ ကူးစက်ခံထားရသူတွေနဲ့ သံသယရှိသူတွေအတွက် အသုံးကျတယ်။ Finger pulse oximeter အောက်စီမီတာနဲ့ စမ်းရင် သွေးထဲက အောက်စီဂျင်လယ်ဘယ် ခေါ် အနည်းအများကို သိမယ်။
SpO2 100% ကနေ 96% က အကောင်းဆုံး။
95-100% ကောင်းတယ်လို့ သတ်မှတ်ချက်လည်းရှိတယ်။
90% အောက်ဆိုရင် ဆေးရုံပြပါ။
အောက်စီဂျင်ပေးရတဲ့ လူနာတွေက အမျိုးမျိုးရှိတယ်။ လေထဲမှာ အောက်စီဂျင်၂ဝ့၉၅% ပါတယ်။ နိုက်ထရိုဂျင်က ၇၈့ဝ၉% ပါတယ်။ တချို့လူနာတွေ သာမန်လေထဲကအောက်စီဂျင်နဲ့ မလောက်တဲ့အခါ အောက်စီဂျင် ပေးရတယ်။
၁။ chronic obstructive pulmonary disease (COPD) နာတာရှည် ဆို့ပိတ်မှုရှိတဲ့ အဆုတ်ရောဂါ၊
၂။ pneumonia နူမိုးနီးယား၊
၃။ asthma ပန်းနာ၊
၄။ bronchopulmonary dysplasia, underdeveloped lungs in newborns မွေးစကလေးရောဂါတမျိုး၊
၅။ heart failure နှလုံးအလုပ်မနိုင်တော့ခြင်း၊
၆။ cystic fibrosis ရောဂါတမျိုး၊
၇။ sleep apnea အိပ်စက်မှုရောဂါတမျိုး၊
၈။ lung disease အဆုတ်ရောဂါတချို့၊
၉။ trauma to the respiratory system အသက်ရှူလမ်းထိခိုက်ခံရခြင်း။
အောက်စီဂျင်နည်းနေချိန်မှာ ဒါတွေခံစားရမယ်။
၁။ rapid breathing အသက်ရှူမြန်၊
၂။ shortness of breath အသက်ရှူမဝ၊
၃။ fast heart rate နှလုံးခုန်မြန်၊
၄။ coughing or wheezing ချောင်ဆိုး၊ ရင်ကြပ်၊
၅။ sweating ချွေးပြန်၊
၆။ confusion စိတ်မကြည်လင်၊
၇။ changes in the color of your skin အသားအရေအရောင်ပြာ။
အသုံးပြုတဲ့ အောက်စီဂျင်က အမျိုးမျိုးရှိတယ်။
၁။ oxygen gas အငွေ့၊
၂။ liquid oxygen အရည်၊
၃။ oxygen concentrators ကွန်ဆန်ထရိတ်တာ၊
၄။ hyperbaric oxygen therapy ဟိုက်ပါဘဲရစ်။
အောက်စီဂျင်ပေးနည်းလည်း အမျိုးမျိုးရှိတယ်။
၁။ the nonrebreather mask နှာခေါင်းဖုံးကရိယာ၊
၂။ the incubator (for infants) အင်ကျူဘေတာ၊
၃။ continuous positive airway pressure (CPAP) ဖိအားသုံးစက်။
အောက်စီဂျင်ပေးသင့် မသင့် သေချာအောင် သွေးလွှတ်ကြောထဲကသွေးစစ်နိုင်တယ်။ ပုံမှန် 75 and 100 mmHg ရှိတယ်။ 60 mmHg ထက်နည်းသူ အောက်စီဂျင်လိုမယ်။ 110 mmHg ထက်မပိုစေရ။
ဒေါက်တာတင့်ဆွေ

Prone Position အကြောင်းလေး မျှဝေပေးပါဦး ဆရာ
ReplyDeleteအောက်ဆီဂျင်ကျနေသော လူနာများအတွက် Prone Position အကြောင်းလေး မျှဝေပေးပါဦးဆရာ
ReplyDeleteအောက်စီဂျင် အမှားပြင်တာပါ ဆရာ
Delete