Wheat allergy ဂျုံနဲ့ မတည့်ခြင်း
Gluten allergy ဂလူတင်ဓါတ်နှင့် မသင့်ခြင်း
မေးခွန်းတခု = ကျေးဇူးပါဆရာ။ တချို့.ရိုတီးစားပြီး ဂျုံနဲ့မတည့်တာထင်တယ်။ ဘိုက်အောင့်ချင်တယ်ဆရာ။
မေးခွန်းတခု = ဆရာ ကျွန်တော်အသက်၂၈နှစ်ပါ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ၅ လပိုင်းလောက်ကစပြီး ပေါင်မုန့်စား လိုက်တာနဲ့ ယားဘုသေးသေးလေးတွေ တကိုယ်လုံးထွက်လာပါတယ် နောက်ပိုင်းဂျုံနဲ့ပက်သက်တာ စားတာနဲ့ ယားဘုတွေက ပိုကြီးလာတယ် ၂၀၁၇ ကဆို ရွှေကြည်မုန့် စားမိတာ သွေးပေါင်ထိုးကျ ပြီး နှလုံးခုန်နှုန်း ၁၆၀ ဖြစ်ပီးထဲက ဂျုံ နဲ့ပက်သက်တာ အကုန်ရှောင်လိုက်ပါတယ်ဆရာ သိချင်တာက တသက်လုံးစားလာတာ ဘာမှမဖြစ်ပဲ ကျွန်တော်အသက် ၂၆ နှစ်လောက်မှဖြစ်တာ ဘာလို့လဲဆရာ ကျေးဇူးတင်ပါတယ်။
Gluten ဂလူတင်ဓါတ်ဆိုတာ ဂျုံ၊ ဘာလီနဲ့ ရိုင်းစပါးတွေမှာပါတယ်။ Celiac disease စီးလီးယက်ရောဂါခေါ်တဲ့ ဂျုံကို အလာဂျီရသူတွေက ဒီဓါတ်ကို လုံးဝရှောင်ကြရတယ်။ စီးလီးယက်နဲ့ ဂျုံအလာဂျီနဲ့ မတူပါ။ စီးလီးယက်ရောဂါရှိသူ ကိုယ်အလေးချိန်ကျမယ်။ အန်မယ်။ ဗိုက်ကယ်နေမယ်။ ဗိုက်နာမယ်။ ဝမ်းပျက်လိုက် ချုပ်လိုက်ဖြစ်မယ်။ ဝမ်းအရောင် ပျော့မယ်။ အဆီများပြီး အနံ့ပိုဆိုးတယ်။
ဂျုံနဲ့လုပ်ထားတာစားတိုင်း မတည့်ဖြစ်မယ်။ တချို့က အနံ့ရတာနဲ့ ဖြစ်တယ်။ မတည့်သူ ဂျုံကို အမြဲရှောင်ရမယ်။ ဂျုံနဲ့လုပ်တဲ့အစားအစာတွေကများတယ်။
ပြန်စာ
ဂလူတင် ဆိုတာ ဂျုံထဲမှာပါတဲ့ဓါတ်ဖြစ်တယ်။ မသင့်သူတွေမှာ ဂျုံနဲ့လုပ်တဲ့အစားအစာတခုခုစားလိုက်ရင် ဒီလိုတွေ ဖြစ်နိုင်တယ်။
ဗိုက်နာ၊ လေပွ၊ ရင်ပြည့်။
ဝမ်းပျက် သို့မဟုတ် ဝမ်းချုပ် (ကန်တော့)
ပျို့ အန်။
အရေပြားအနီပြင် သို့မဟုတ် နှင်းခူဖြစ်။
အရေပြားယား၊ ကွာကျ။
ခေါင်းကိုက်၊ ဦးနှောက်ထုံထိုင်း၊ အားနည်း၊ စိုးရိမ်၊ စိတ်ကျ။
အဆစ်နာ၊ ကြွက်သားနာ။
နှာရည်ယို၊ နှာခေါင်းပွစိပွဖြစ်။
သွေးအားနည်း၊ ခြေလက် ထုံကျဉ်။
ရှားရှားပါးပါး Anaphylaxis ရှော့ခ်။ တက်။ သတိလစ်။
ဂလူတင်နဲ့ တည့် မတည့် စစ်နည်း မရှိသေးပါ။ ရာဂါလက္ခဏာတွေကိုသာကြည့်ရတယ်။
ကုသနည်း
တသက်လုံး ဂလူတင်ပါတဲ့အစားအသောက်တွေကို ရှောင်ပါ။
ဂလူတင်ဓါတ်ဟာ Wheat, Rye, Barley, Oats ဂျုံ၊ ရိုင်းစပါး၊ ဘာလီစေ့နဲ့ အုတ်စပါးတွေထဲမှာ ပါတယ်။ တချို့ ထုတ်ကုန်တွေမှာ ဂလူတင်းမပါလို့ ရေးထားတာကို စားသုံးနိုင်ပါတယ်။
ဆေး - ဝမ်းပျက်တာ၊ အန်းတာ၊ ဗိုက်နာတာအတွက် ဆေးပေးမယ်။
Celiac disease ကလည်း ခံစားရတာတွေ တူတယ်။ သွေးစစ်ရင် သိမယ်။ လိုအပ်ရင် upper endoscopy လုပ်ပြီး biopsies အသားစယူစစ်ဆေးမယ်။
အလာဂျီကုသနည်းနဲ့ ရှော့ခ်ကုသနည်းတွေအတိုင်း ကုသရမယ်။
Allergy Links
1. Allergic skin အရေပြား အလာဂျီ https://dr-tint-swe.blogspot.com/2021/08/allergic-skin.html
2. Allergies Treatment (အလာဂျီ) ကိုကုသခြင်း https://dr-tint-swe.blogspot.com/2021/01/allergies-treatment.html
3. Allergy Relief Kit အလာဂျီရှေးဦးသူနာပြု ဆေးအိတ် https://dr-tint-swe.blogspot.com/2020/12/allergy-relief-kit.html
4. Allergy testing အလာဂျီ စစ်ဆေးခြင်း https://dr-tint-swe.blogspot.com/2020/12/allergy-testing.html
5. Allergy Triggers အလာဂျီရစေတတ်တဲ့ အကြောင်းတရားများ https://dr-tint-swe.blogspot.com/2021/08/allergies.html
6. Anti-Itch အယားသက်သာဆေး https://dr-tint-swe.blogspot.com/2021/06/anti-itch.html
7. Cetirizine တညတပြား အလာဂျီဆေး https://dr-tint-swe.blogspot.com/2021/01/cetrizine.html
8. Cosmetic allergy ကော့စမက်တစ် အလာဂျီ https://dr-tint-swe.blogspot.com/2021/08/cosmetic-allergy.html
9. Hives အင်ပြင်ထွက်ခြင်း https://dr-tint-swe.blogspot.com/2020/12/hives.html
အလာဂျီ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာနိုင်-ရှောင်နိုင်မှသာ ပျောက်မှာပါ။ ဆေးက ဖြစ်လာတာကိုသာ သက်သာစေမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment