Myanmar Vs Burma ပစိဖိတ်သမုဒ္ဒရာနဲ့ ဧဝရက်တောင်

ဘာမား နဲ့ မြန်မာ ရေးတိုင်း ကွန်မင့်တွေဖတ်ရတယ်။ သန်ရာကြိုက်ရာကနေသာ ကွန်မင့်ပေးသူတွေရှိတယ်။

မြန်မာစာအရငြင်းမလား၊ အင်္ဂလိပ်စာလိုငြင်းမလား၊ နိုင်ငံရေးနဲ့ငြင်းမလား။ သုံးမျိုးသုံးစားရှိတယ်။ ကျွန်တော်က မမြင်ရမစမ်းရတဲ့သူကို ဒါကို ဒီလိုသောက်လို့ မညွှန်ပဲ၊ ဆေးစာကိုသာရေးပါတယ်။ နိုင်ငံရေး ရေးရင်တော့ ကိုယ်ကြိုက်တဲ့ဖက်ကနေ တင်ပြပါတယ်။ သုတစာဆိုရင် အကိုးအကားနဲ့ ကိုယ့်အမြင်ကိုပါ ရေးတယ်။

အင်္ဂလိပ်စာလုံးလေးပါလာရင် ကိုလိုနီနဲ့ပေးစားချင်တဲ့ သူငယ်နာလည်း မကြာမကြာတွေ့ရတယ်။ ကျွန်တော်ကတော့ မြန်မာလိုဆို မြန်မာစာနဲ့တူတန်အောင်၊ အင်္ဂလိပ်စာလည်း အင်္ဂလိပ်လိုမှန်ကန်အောင်သာ ဖြစ်စေချင်တယ်။ နိုင်ငံရေးဆိုရင် အများပြည်သူဖက်ကနေသာရေးသင့်တယ်။ ကျွန်တော်က အဲဒီဘာသာရပ်ကြီးသုံးခုလုံးမှာ ကျွမ်းကျင်သူတော့မဟုတ်ပါ။ လောကမှာ အားလုံးကြိုက်ဆိုတာ မရှိပါ။ ဘယ်သူမှလည်း မပြည့်စုံကြပါ။ ငြင်းတာမှာ ပညာနဲ့ စေတနာပါမှ။

တချို့က မှန်တယ်ထင်တာတောင်မှ သူပြောလို့ ငါမကြိုက်ဖူးလုပ်တယ်။ တချို့က ခြေရာကွက်သာ ပင်လယ်ထင်တယ်။ လောကမှာ ပစိဖိတ်သမုဒ္ဒရာကို ကူးသန်းဖူးသူ လက်ချိုးရေတွက်လို့ရတယ်။ ဧဝရက်တောင်တက်ဖူးသူ ရှားတယ်။ ကျွန်တော်က အဲဒီနှစ်ခုလုံးမှာ မစွမ်းပါ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ