ယခုတော့လည်း ဗမာပြည်

ဆရာခင်ဗျာ ဒီစာကိုဖတ်ရတာ မြန်မာနိုင်ငံလို့ ရေးထား သုံးနုန်းထားတာ ၁၈၈၆ ခုနှစ်ကတည်းလို့သိရပါတယ် ဗမာ ဆိုတဲ့ နာမည်ကနေ မြန်မာဆိုတဲ့နာမည်ကိုပြောင်းတာ ဘယ်နှခုနှစ်လောက်က ဖြစ်နိုင်ပါသလဲခင်ဗျာ စာက အတုအစစ်တော့မသိပါဘူး FB ပေါ်မှာတွေ့ရလို့ပါ

ဗမာ နဲ့ မြန်မာ ၁၀၀% အတူတူဖြစ်တယ်။ ဟိုအရင်ကတည်းက လိုအပ်သလို သုံးတယ်။ အခုလည်း သုံးနိုင်တယ်။

စကားလုံးနိုင်ငံရေးကြောင့် လူတွေ တွေဝေမိန်းမောကုန်ကြတယ်။ ရန်ဖြစ်နေကြတယ်။

ဗမာခေါ်ခေါ် မြန်မာခေါ်ခေါ် ရှေးတုန်းက ဘုရင်တွေအုပ်စိုးခဲ့တဲ့ တိုင်းပြည်မှာ အုပ်စိုးခံလူတွေ နေခဲ့တယ်။ ညံ့တဲ့ဘုရင်တွေကညံ့၊ ဆိုးတဲ့ဘုရင်တွေကဆိုးတယ်။

ဗမာခေါ်ခေါ် မြန်မာခေါ်ခေါ် ၁၉၄၈ မှာ လွတ်လပ်ရေးရတယ်။ ဗမာစစ်တပ်ခေါ်ခေါ် မြန်မာစစ်တပ်ခေါ်ခေါ် အခုထိ ၃ ကြိမ် အာဏာသိမ်းပြီ။ 

ကောင်းတယ်ဆိုတဲ့ အာဏာသိမ်းခြင်းမရှိတဲ့တိုင်းပြည်မှာ ဗမာခေါ်ခေါ် မြန်မာခေါ်ခေါ်လူတွေ နေထိုင်ကြတယ်။

Name Change အမည်ပြောင်းလဲခြင်းဟူသည် https://dr-tint-swe.blogspot.com/2020/12/name-change.html

ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ https://dr-tint-swe.blogspot.com/2021/04/blog-post_88.html

ဗမာ နဲ့ မြန်မာ https://dr-tint-swe.blogspot.com/2021/11/blog-post_889.html

Burma Vs Myanmar (1) မြန်မာဆိုတာဘာလဲ (၁) https://dr-tint-swe.blogspot.com/2021/11/burma-vs-myanmar-1.html

Burma Vs Myanmar (2) မြန်မာဆိုတာဘာလဲ (၂) https://dr-tint-swe.blogspot.com/2021/11/burma-vs-myanmar-2.html

Myanmar Vs Burma ပစိဖိတ်သမုဒ္ဒရာနဲ့ ဧဝရက်တောင် https://dr-tint-swe.blogspot.com/2021/11/myanmar-vs-burma.html

ဇွဲ

ဗမာတမျိုးလုံးရဲ့တာဝန်တွေကို လုံ့လဝီရိယဇွဲနဲ့ခဲရင် ဧကန်မလွဲ အမြဲအောင်နိုင်မည်

ယခုတော့လည်း ဗမာပြည် ရေတက်ငါးစင်ရိုင်းလိုပ ပုံခိုင်းလို့ဆိုပြန်သည် ကောက်ရိုးမီးတမျှ ဝုန်းကတည်းထသည်

ပြီးတော့တလီ ကျွန်တော့်အသဲထဲမှာ စွဲလောက်အောင် နာပြန်ပါသည် ဆော်ဒါလင်မနစ်ရည် ဖေါက်လိုက်ရင်မြည်သတဲ့ ဘာသာခြားနဲ့ အများကဆိုပြန်သည် အဲတာကြောင့် မခံချင်သည် စံတင်လို့ပြကြစို့ရဲ့ အမှန်ပင်ဝီရိယနဲ့ ဗမာမှန်သမျှ လုပ်ပြစေချင်သည်

ဇွဲကိုပင်အတည် မြဲကြဘို့စိတ်ရင်းကောင်းနဲ့အတည် အမျိုးသားအမျိုးသမီးတို့သည် အရာရာမျိုး ကြံစည်ကာတိုး ကြံစည်ကာတိုး တို့ဗမာမျိုး ဖြိုးကြွယ်ဘို့အတည် ဇွဲ ဇွဲ ဇွဲရှိမှအောင်နိုင်မည်

လုံ့ဝီရိယဇွဲကို မြဲအောင်ပဲအတည် အသဲထဲမှာစွဲကာ ပိုင်ပိုင်နိုင်နိုင် မြိုင်မြိုင်ဆိုင်ဆိုင် အထက်တန်းကျကျနန သတ္တိဗျတ္တိ ရှိကြစေချင်သည်

ဗမာပြီပြီ စွမ်းဆောင်ကြဘို့တလီ ယောက်ျားအာဇာနည် ကောင်းကင်ကြယ်ကိုမလွတ်တမ်း ဆွတ်လှမ်းနိုင်ဘို့အတည် အထက်ပါစကားသည် မြွက်ကာကြားသည် ကြံကာစည် အဖန်ဖန်ကြားလို့ ပန်ကြားရပြန်သည်

ပင်လယ်ပြင် ကူးခပ်သည် တကယ်ပင် ထူးမြတ်သည် သူဇွဲကောင်းလို့အောင်ပါသည် အလောင်းတော်ဇနက ပြုမူခဲ့သည် ယောက်ျားလုံ့လ အသုံးချလို့ ထီးနန်းစံရသည် အဲဒီပမာထုံးကို အစဉ်သုံးဘို့ ကျွန်တော်နှိုးဆော်သည်

ဇွဲကိုပင်အတည် မြဲကြဘို့စိတ်ရင်းကောင်းနဲ့အတည် အမျိုးသားအမျိုးသမီးတို့သည် အရာရာမျိုး ကြံစည်ကာတိုး ကြံစည်ကာတိုး တို့ဗမာမျိုး ဖြိုးကြွယ်ဘို့အတည် ဇွဲ ဇွဲ ဇွဲရှိမှအောင်နိုင်မည်။   ။

မြန်မာ(တစ်)မျိုးလုံးရဲ့တာဝန်တွေကိုလို့ မရေးပါ။ ဗမာ(တစ်)မျိုးလုံးရဲ့တာဝန်တွေကိုလို့ မရေးပါ။ 

စာသားကွဲလွဲချက်ရှိပါက ကျွန်တော့်တာဝန်ဖြစ်ပါတယ်။

ဇွဲ - ရေး - မြကလောင်၊ ဆို - ပြည်လှဖေ https://www.youtube.com/watch?v=vytRoh8CSbA

https://www.youtube.com/watch?v=R1_ETmoQi0o

ဇွဲ - ရေး - မြကလောင်၊ ဆို - ပြည်လှဖေ https://www.youtube.com/watch?app=desktop&v=KTa3gDmicII

ဗမာနဲ့ မြန်မာ သူ့နေရာနဲ့သူ သုံးရတယ်။ မလုပ်သင့်တာက အရင်က တရားဝင်သုံးစွဲထား၊ မှတ်ပုံတင်ထား၊ ကျောက်တိုင်မှာရေးထားတာကို နောက်လူတွေက လိုသလို မပြင်ဆင်ခြင်းဖြစ်တယ်။ ဝေါဟာရနိုင်ငံရေးနွံထဲက လူတွေရော တိုင်းပြည်ပါ ရုန်းထွက်နိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ