သန် သံ သမ် သာန်


၁။ ဆရာ မြန်မာစာ သတ်ပုံအကြောင်း မေးချင်လို့ပါ။ စိတ်ဆိုတဲ့ စကားလုံးနဲ့တွဲရေးတဲ့ စိတ်သန်ဒန်လို့ အသံထွက်တဲ့ စကားလုံးရဲ့ မူရင်းသတ်ပုံ အမှန်ကို သိချင်လို့ပါခင်ဗျ။ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ ဆရာရှင့် ကလေးက သုံးနှစ်ခွဲပါ သံကြေဆေးတိုက်ရင်းဖျားနေလို့ ဆက်တိုက်လို့ရပါသလားရှင် သံကြေဆေးက သုံးရက်တိုက်ခိုင်းထားတာပါ တရက်ပဲတိုက်ရပါသေးတယ်

၃။ ဆရာအဲ့ဒါဆို ညဉ့်နက်သန်ကောင်ကအမှန်လား။ သန်းခေါင်ကျော်အချိန်ဆိုတဲ့စကားလုံးပဲတွေ့နေရလို့။

၄။ ဆရာခင်ဗျာ ဝသန်မိုးနဲ့ ဝဿန်မိုး ဘယ်ဟာမှန်ပါသလဲ

သန်

ကကုသန်ဘုရား၊

ကျွမ်းသန္တာလန်၊

ငသန်ချိတ်ငါး၊

စိတ်သန္တာန်၊

နားသန်သီး၊

ပဋိသန္ဓေ၊

ပိုနသန်ကောင်၊

ရည်သန်၊

လူပြောမသန် လူသန်မပြော။

ဝသန် (မိုး) ရာသီ၊

သံသယ၊

သဏ္ဌာန် (ပုံပန်း၊ လုံးရပ်၊ အသွင်အပြင်)၊

သန်စွမ်း၊

သန်ဘက်ခါ၊

သန်မာ၊

သန်ယံ (သန်ကောင်ယံ)၊

သန်မြန်၊

သန်လျှက်ဓါး (ကဝိဓဇသတ်ပုံကျမ်း)၊

သန်လျက်ခုံ (အစိုးရထုတ်သတ်ပုံကျမ်း)၊

သန်လျက်စွန်း၊ 

သန်လျင်းချိတ်

သန်သန်မြန်မြန်၊

သန်ကောင်၊ သန်ချဆေး၊

သန္ဓေကောင်း၊

သန္နိဋ္ဌာန်၊

သန္နိပတ်၊

သန္နိပါတ်နာ၊

သန္တာန် (အစဉ်အဆက်)၊

သန္တာကျောက်တန်း၊

သံ 

ကလန်သံပျင်၊ 

သံချွန်၊ 

သံခိပ် (အကျဉ်း)၊ 

သံချပ်အကျႌ၊ 

သံချိတ်၊ 

သံချိုသီချင်း၊ 

သံညှပ်၊ 

သံတမန်၊ 

သံတိုမယ်န၊ 

သံတူကြောင်းကွဲ၊ 

သံကြိုးစာ၊ 

သံပုံး၊ 

သံပတ်နာရီ၊ 

သံပရာခွံ၊ 

သံပရာသီး၊ 

သံမဏိ၊ 

သံမနိုင်ကျောက်မနိုင်ပင်၊ 

သံသရာ။

သံချောင်း၊ 

သံတော်ဦးတင်၊ 

သံပေါက်၊ 

သံယောင်လိုက်၊ 

သံယောဇဉ်၊ 

သံခြေချင်း၊ 

သင်္ကြန်သံချပ်၊ 

အသံ၊ 

သာန်

သုသာန်သင်းချိုင်း

အဝသာန် = အဝသာန = အဆုံး

သမ်

လှေသမ္မန်

သမ္မတ

သမ္မာအယူ

ခုံသမ္မတ်

ဘုန်းသမ္ဘာ

သမ္ပယုတ်

သမ္မာဖြောင့်စင်း

သမ္မာပတ်

သမ္ဘာရ

သမ္မုတိ

သမ္ပတ္တိစက်

လှေသမ္မန်

သမ္မတ

သမ္မာအယူ

ခုံသမ္မတ်

ဘုန်းသမ္ဘာ

သမ္ပယုတ်

သမ္မာဖြောင့်စင်း

သမ္မာပတ်

သမ္ဘာရ

သမ္မုတိ

သမ္ပတ္တိစက်

ခုနစ်စင်ကြယ်ပြောင် အမြီးထောင် သန်ကောင်ချိန်သို့ရောက်ခဲ့ပြီ။

စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးရှိ၏ဟု ဟုတ်တိုင်းမှန်စွာမသိသော ပုဂ္ဂိုလ်သည် ထိုကိလေသာအညစ်အကြေးကို ပယ်ရန်အလိုဆန္ဒကို ဖြစ်စေလိမ့်မည်မဟုတ်၊ အားထုတ်လိမ့်မည်မဟုတ်၊ လုံ့လစွမ်းကို ကြိုးပမ်းလိမ့်မည်မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ