Kidney Failure ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်း (၂)


- ကျောက်ကပ်အဆိပ်တက်နေတဲ့သူကို အဆိပ်လျော့နည်းအောင် ဘယ်လိုလုပ်ရမလဲရှင့်
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။
- ဆရာရှင့် သမီး အသက် ၃၀ ပါ အိမ်ထောင်ကျတာ ၁ နှစ်ကျော်ရှိပါပြီ ကလေးယူဖို့ဆိုပြီး Medical check up လုပ်လိုက်တာ မထင်မှတ်ဘဲ ကျောက်ကပ်ရောဂါဖြစ်နေတာတွေ့ရတယ် Creatinine 3.3, EGFR 19 ဘဲ ရှိပါတော့တယ် ဒီအခြေအနေနဲ့ ကိုယ်ဝန်ဆောင်လို့ရပါသေးလား ဆရာ ကျေးဇူးပြုပီး(ပြီး) ဖြေပေးပါ ဆရာရှင့်
- ဆရာရှင့် အသက်က ၆၃ ဆီးချို ဖြစ်နေတာ ၁၃ နှစ်ကျော်လောက်ရှိပါပြီရှင့် အခုလက်ရှိက ဆရာ၀န်က ကျောက်ကပ် ၃ ပုံမှာ ၁ပုံ ပျက်စီးနေပြီလို့ပြောပါတယ်ရှင့် Creatunine က 3 ကျော်ပါတယ်ရှင့် ကြက်ဥ တနေ့ ၂ လုံး စားလို့ရပါသလားရှင့် ဘယ်လို အစာအစားတွေ ကိုရှောငိပြီး ဘယ်လိုအစားအစာတွေကို ပိုစားသင့်ပါလဲရှင့်
ကြက်ဥမှာ ပရိုတင်းပါတယ်။ ကျောက်ကပ်မကောင်းသူ ပရိုတင်းစားတာ သတိထားရတယ်။ တနေ့မှာ စုစုပေါင်းပရိုတင်း 0.6–0.8 g/kg/day ထက်ပိုမစားရ။
- ဆရာ ကျွန်တော် ဆီးနဲ့ကျောက်ကပ်သမားတော်ပြနေတဲ့ လူနာ အမျိူးသားပါ အသက် ၂၈ ပါဆရာ ကျွန်တော် ခဏခဏသွေးတိုးနေတက်(တတ်)၍ BP 170/92) ဆီးနဲ့သွေး စစ်ကြည့်တော့ ကျွန်တော်ရဲ့ ကျောက်ကပ်က အလုပ်လုပ်မူ့ (မူ့) 11 % လို့ပြောပါတယ် သမားတော်ပေးတဲ့ ဆေးသောက်နေတာ ၂ ပတ်ကျော်ခဲ့ပါပြီ  BP ကခုဆို 130 / 85 ဝန်းကျင်ရှိပါပြီဆရာ 150 / 90 ကျော်ထိမရောက်တော့ပါ ဒါပေမယ့်ကျွန်တော့်ရဲ့ ခြေမျက်စိနားတဝိူက် ခုဆို ယောင်(ရောင်)လာတယ်ဆရာ မနက်ခင်းဆို လျော့ပြီး ညပိုင်းမှာ ယောင်(ရောင်)တယ်ဆရာ ခြေထောက်ယောင်(ရောင်)တယ်ဆိုတာပိုဆိုး လာတဲ့သဘောလား ဆရာ ကျွန်တော်သက်သာအောင်ဘယ်လိုနေရမလဲ ဆရာ ကျွန်တော် ဆေးလိပ် အရက် ကွမ်း မစားပါဘူးဆရာ နေထိုင်မူ့ပုံစံပြောင်းလဲမူ့ (မူ့) အပေါ်မှာ ရော ပြောင်းလဲမူ့ရှိလာနိုင်လားဆရာ ဆေးစစ်ချက်တွေနဲ့ သောက်နေတဲ့ဆေးတွေရော ပို့ပေး ရမလားဆရာ ကျောက်ကပ်သွေးတိုးအတွက် တည့်သည့်အစာနှင့် မတည့်သည့်အစာရော ပြောပေးပါဆရာ 
အမေရိကမှာ လူပေါင်း ၆ သောင်း ၆ ထောင်ကျော် ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းအဆင့် ရောက်နေကြတယ်။ အသက် ၆ဝ ကျော်တွေမှာ များတယ်။ ငယ်သူတွေလည်း မလွတ်ကြပါ။ ကျောက်ကပ်ဆိုတာ ကိုယ်ထဲက စွန့်ထုတ်ပစ္စည်းတွေကို စစ်ထုတ်ပေးနေတယ်။ အဲတာတွေ ထုတ်မပေးနိုင်ရင် အတွင်းထဲအဆိပ်သင့်သလိုဖြစ်တယ်။ ကျောက်ကပ် အလုပ်တွေထဲမှာ အက်စစ်ဓါတ်ကို ပုံမှန်ဖြစ်နေအောင် ထိန်းပေးနေတယ်။ အဲဒီစနစ်နဲ့ အပူချိန်ထိန်းတာပါပျက်မယ်။ အရည် + ဓါတ်ဆားတွေကိုလည်း ထိန်းပေးနေတယ်။ ပျက်မယ်။
Kidney Failure ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းလက္ခဏာလေးခု
၁။ Varying Shades Of Urine ဆီးအရောင်
ကျောက်ကပ်အလုပ်ပျက်တာနဲ့ ဆီးအရောင်ပြောင်းမယ်။ အဝါရောင်နုနုကနေ နီညိုညိုအထိရှိမယ်။ ခပ်စိမ်းစိန်းနဲ့ သွေးရောင်လည်းရှိတယ်။
၂။ Mild-Severe Lower-back Ache ခါးအလယ်ပိုင်းနာခြင်း
နောက်ကျောလယ်လောက်ကနာရင် ကျောက်ကပ်မှာ တခုခုဖြစ်နေသလား စစ်ဆေးရမယ်။ ဆီးသွားလို့နာတာနဲ့ တွဲနေသလား။
၃။ Swelling-up Of Body Parts ကိုယ်ရောင်သလား
မျက်နှာ၊ ခြေ၊ လက်တွေရောင်သလား။
၄။ Frequent Skin Problems အရေပြားနာ မကြာခဏဖြစ်သလား
အရေပြားမှာ အနီရောင်၊ အနာ၊ ပိုးဝင်တာ၊ ယားတာတွေမကြာခဏဖြစ်ရင် ကျောက်ကပ်ကိုစစ်ဆေးသင့်တယ်။
Creatinine levels (normal ranges)
Blood Women 0.6 - 1.1 mg/dL
53 - 97.2 um0l/L
ကိန်ဂဏန်းတိုင်းနောက်မှ Unit ယူနစ် (တန်ဘိုး)  ပါရတယ်။ ခယေတနင်း စစ်တဲ့ဂဏန်းနောက်မှာ ယူနစ် ၂ မျိုး ရှိတယ်။ မေးတဲ့သူမှာ ဘယ်ယူနစ်လဲ မသိပါ။ ဘာဘဲဖြစ်ဖြစ် ကျောက်ကပ်အလုပ် နည်းနေတယ်။ ကလေးယူ မယူကို ကျောက်ကပ်အထူးကုဆရာဝန်က မတားရင် ယူနိုင်။ အိုဂျီက မတားရင်လည်း ယူနိုင်။ 
ပုံမှန်အားဖြင့် ကလေးယူဘို့ ဆေးစစ်ကြလေ့မရှိပါ။ ဘာကြောင့်စစ်ရသလဲ မသိ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ