တကိုယ်တည်း ရှား၏

တင်ထာတာတခု တွေ့တယ်။ အားနာနာနဲ့ ထောက်ပြပါရစေ။ ဆောရီး။ Single လို့ပြောလိုက်တာနဲ့ ချစ်သူရည်းစားမရှိတဲ့ တစ်ကိုယ်တည်းသမားတွေလို့ အားလုံးက သိထားကြမှာပါ။ 

တကိုယ်တည်း ရှား၏။ (တစ်)ကိုယ်တည်း များ၏။

စေတနာရှင်

အဖိုးအိုသည် တကိုယ်တည်းသာ

စားသုံးပါရန်

ခြုံကို ပြုစုနေခြင်း မဟုတ်။ 

သူကွယ်လွန်က

ကျန်ခဲ့ကြမည့်၊ သားလှသမီး

ဇနီး မြေး မြစ်၊ နှစ်ပေါင်းဆက်ဆက်

မပျက်ထိန်းသိမ်း၊ စိမ်းလန်းခြံကျယ်

သီးစုံကြွယ်အောင်၊ ဆောင်ရွက်စေရေး

သိမြင် ပေးနေခြင်းမျှသာ။

ကိုယ်ကျိုးမဖက်

နံနက်မှစ၊ အမှိုက်လဲရှင်း

ခြံခင်းပြုပြင်၊ ရေစင်သွန်းလောင်း

ကောင်းမြတ်စေတနာ၊ ဖိုးမေတ္တာကို

သာဓုကြိမ်ကြိမ် ခေါ်မိတကား။ (မြန်အောင် ကျော်လွင်) 

မြန်အောင်နဲ့ မြန်ပြည်မှာ တကိုယ်တည်းသာ သတ်ပုံမမှန်ကြတော့တကား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ