Gallstones သည်းချေအိတ်ကျောက် ကုသနည်း

ဆရာ သည်းချေအိတ် ကျောက်ဆိုတာ ခွဲထုတ်ပစ်မှရတာလား ဆေးသောက်ရင်ရောကျေနိုင်သလား ရေများများသောက်ရင်ကျေတယ်ဆိုတာရောဟုတ်ပါသလားဆရာ တစ်ချို့(တချို့) ဆရာ၀န်တွေက ဆေးသောက်ရင် ကျေတယ် တစ်ချို့(တချို့) ဆရာ၀န်တွေက ခွဲထုတ်မှရတယ် သို့မဟုတ် လေဆာပစ်မှရတယ် ပြောတာတွေ မတူလို့ပါ

သည်းချေအိတ်ကျောက် ခွဲစိတ်ကုသနည်း
Cholecystectomy သည်းခြေအိတ်ထုတ်ပြစ်နည်းမှာ Laparoscopy နည်းကိုသုံးတယ်။ Open surgery သမားရိုးကျခွဲနည်းက ဗိုက်ဖွင့်ပြီးဖြတ်ထုတ်ရတယ်။ သည်းခြေအိတ်ရောင်နေတာဆိုရင်တော့ ဒီနည်းနဲ့ လုပ်ရတယ်။ သည်းခြေအိတ်ကို ခွဲထုတ်ပေမဲ့ အသက်ရှင်နေနိုင်ပါတယ်။ သည်းခြေရည်ကို အသည်းကနေ လုံလောက်အောင် ထုတ်ပေးနေမယ်။

တခြားကုနည်းတွေ ရှိသေးတယ်။ Cholesterol gallstones အမျိုးအစားကို Ursodeoxycholic acid ဆေးနဲ့ ကျောက်ကို ပျော်သွားစေနိုင်တယ်။ ဆေးအကြာကြီး (၂ နှစ်) ပေးရတယ်။ ဆေးရပ်ရင် ပြန်ဖြစ်တာတွေရှိတယ်။ သည်းခြေကျောက်က ပြွန်မှာပိတ်နေတယ်ဆိုရင် (ERS) နဲ့ (ERCP) နည်းသုံးကုတာတချို့ကိုကောင်းစေတယ်။ Lithotripsy နည်းနဲ့ ချေဖျက် နိုင်တယ်။

pigment stones အမျိုးအစား သည်းခြေကျောက်ကို အများဆုံးနည်းကတော့ ခွဲစိတ်ကုသနည်းဖြစ်တယ်။ cholesterol stones အမျိုးအစားကျောက်ကို ခွဲစိတ်နည်းမဟုတ်တာနဲ့ ပျောက်တာလည်း ရှိတယ်။
ကြီးနဲ့ကျောက်၊ ပိုးဝင်နေတဲ့ကျောက်၊ နာတာရှည်နာခြင်းခံစားနေစေတဲ့ကျောက်ကို ခွဲစိတ်ကုသရမယ်။

ကိုယ်အလေးချိန်များသူတွေ မခွဲရအောင် Ursodiol ဆေးကိုသုံးကြတယ်။
Apple juice
Apple cider vinegar
Milk thistle
Artichoke
Gold coin grass
Castor oil pack စတဲ့ ဆေးနည်းတွေ သုံးကြတယ်။

Apple cider vinegar ကိုတခါသောက် ဇွန်းသေး ၃ ဇွန်း၊ တနေ့ ၃ ကြိမ်သောက်ပါ။ ခါးအောက်ပိုင်းကိုရေအေးနဲ့ ချိုးပါ။ နောက် ရေအေးနဲ့ ရေနွေး တလှည့်စီချိုးပါ။ ရေအများကြီးသောက်ပါ။ Cranberry juice နဲ့ Aloe vera juice သောက်ပါ။ အဆီနဲ့ ကိုလက်စတောလျှော့စားပါ။ ဖိုင်ဘာများတဲ့ အသီးအနှံတွေ စားပါ။ ပဲပုပ်ကထုတ်တဲ့ Lecithin ခေါ်တဲ့ အဆီတမျိုးစားသုံးပါ။

နောက်တနည်း။ အစာမစားဘဲ ၄ ရက်နေပါ။ မုံလာဥနီဖျော်ရည်၊ နာနတ်ဖျော်ရည်၊ စပျစ်သီးဖျော်ရည်တွေသာ သောက်ပါ။ ၄ ရက်မြောက်နေ့မှာသံလွင်ဆီနဲ့ သံပုရာရည်သောက်ပါ။ ၅ ရက်မြောက်နေ့မှာ ကြက်ဆူဆီဇွန်းသေး ၄ ဇွန်းသောက်ပါ။ နောက် အသီအနှံတွေ များများတိုးစားပေးပါ။

Gallstones သည်းခြေကျောက် https://dr-tint-swe.blogspot.com/2021/05/gallstones.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ