ဗမာ နဲ့ မြန်မာ ၁၀၀% တူတယ်

ဆရာခင်ဗျာ ဒီစာကိုဖတ်ရတာ မြန်မာနိုင်ငံလို့ ရေးထား သုံးနုန်းထားတာ ၁၈၈၆ ခုနှစ်ကတည်းလို့သိရပါတယ် ဗမာ ဆိုတဲ့ နာမည်ကနေ မြန်မာဆိုတဲ့နာမည်ကိုပြောင်းတာ ဘယ်နှခုနှစ်လောက်က ဖြစ်နိုင်ပါသလဲခင်ဗျာ စာက အတုအစစ်တော့မသိပါဘူး FB ပေါ်မှာတွေ့ရလို့ပါ

တိုင်းပြည်အနည်နဲ့ လူမျိုးအမည်။ မြန်မာလိုနဲ့ အင်္ဂလိပ်လို။ တယောက်တမျိုးပြောကြ ရေးကြ ငြင်းခုကြ ရန်ဖြစ်နေကြတာ နဝတ လက်ထက်က စပါတယ်။ တကောင်းပြည်တည်ကတည်းက နဝတ မတက်ခင်အထိ ဝေါဟာရပြဿနာ ရှိခဲ့ပါ။ 

မြန်မာလို့သုံးတာ တိုင်းရင်းသားတွေကို ချစ်လို့တဲ့။ တကယ်အချစ်ခံကြရပါသလား။ 

မဆလ ခေတ်မှာ ပြည်သူ့ဆိုင်တဲ့။ ပြည်သူတွေ အညံ့ဆိုးလူသုံးကန်တွေကိုတောင် တန်းစီတိုးဝယ်ကြရတယ်။

အမည်နဲ့ ဝေါဟာရကို နိုင်ငံရေးလုပ်ခြင်းမျှသာဖြစ်တယ်။

ဒိုဗမာအစည်းအရုံး တကယ်ရှိခဲ့တာ။ နိုင်ငံတော်သီချင်း မူရင်း သိပါသလား။ ဗမာကနေ မြန်မာလို့ပြောင်းတော့ တိုင်းပြည်ကြီး ပိုကောင်းလာပါသလား

နိုင်ငံတော်သီချင်း 

(ကမ္ဘာမကျေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ) ၂

ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။

ဒါ တို့ပြည် ဒါ တို့မြေ တို့ပိုင်နက်မြေ။

တို့ ပြည် တို့ မြေ - အကျိုးကို 

ညီညာစွာ တို့ တတွေ

ထမ်းဆောင်ပါစို့ လေ 

တို့ တာဝန်ပေ အဖိုးတန် မြေ။

ဗမာ နဲ့ မြန်မာ ၁၀၀% တူတယ်။ အဆင်သင့်သလို သုံးနိုင်တယ်။ သီချင်း၊ ကဗျာ၊ ဆောင်ပုဒ် စတာတွေမှာ အား နဲ့ အသံ၊ မာန် နဲ့ ကာရန်အရ အကောင်းဆုံးကို ရွေးသုံးရတယ်။

အကျင့်တွေပါနေကြပြီ။ ဘာကိုဖြစ်ဖြစ် နာမည်လှလှလေးပေးရင် အဟုတ်မှတ်ကြတယ်။ မဟုတ်ကဟုတ်ကကို အဟုတ်ထင်သူ ရာခိုင်နှုန်း အင်မတန်များတယ်။ လိမ်လို့ကောင်းပြီး ညာရတာလွယ်တာပေါ့။

ဗမာ နဲ့ မြန်မာ https://dr-tint-swe.blogspot.com/2022/04/blog-post_120.html

ယခုတော့လည်း ဗမာပြည် https://dr-tint-swe.blogspot.com/2021/12/blog-post_930.html

Name Change အမည်ပြောင်းလဲခြင်းဟူသည် https://dr-tint-swe.blogspot.com/2020/12/name-change.html

ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ https://dr-tint-swe.blogspot.com/2021/04/blog-post_88.html

ဗမာ နဲ့ မြန်မာ https://dr-tint-swe.blogspot.com/2021/11/blog-post_889.html

Burma Vs Myanmar (1) မြန်မာဆိုတာဘာလဲ (၁) https://dr-tint-swe.blogspot.com/2021/11/burma-vs-myanmar-1.html

Burma Vs Myanmar (2) မြန်မာဆိုတာဘာလဲ (၂) https://dr-tint-swe.blogspot.com/2021/11/burma-vs-myanmar-2.html

Myanmar Vs Burma ပစိဖိတ်သမုဒ္ဒရာနဲ့ ဧဝရက်တောင် https://dr-tint-swe.blogspot.com/2021/11/myanmar-vs-burma.html

Myanmar Burmese Burman Burmah https://dr-tint-swe.blogspot.com/2021/05/myanmar-burmese-burman-burmah.html

ဗမာ တရုပ် https://dr-tint-swe.blogspot.com/2021/12/blog-post_837.html

နိုင်ငံတော်သီချင်း https://dr-tint-swe.blogspot.com/2022/05/blog-post_251.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ