Betex Tablet ဘီတက်စ် အားဆေး

၁။ ဆရာရှင့် Betex နေ့စဉ်သောက်လို့ရပါသလား side effect ရှိနိုင်ပါသလားရှင့် ဂုတ်ကျီးပေါင်းရှိပြီး မျက်မှန်သမားမို့ပါ အသက် ၃၈နှစ်ပါရှင် ဖုန်းကွန်ပျူတာအကြည့်များတဲ့သူမို့ပါရှင်
၂။ ဆရာ ကျွန်တေည့်အသက် ၃၈ပါ ယောက်ျားလေး အိမ်ထောင်ရှိပါတယ်ဗျ  နောက်ကျောတွေတက်နေလို့ ပါဗျ Betex သောက်လို့ အဆင်ပြေလားဗျ ဆေးရဲ့ဆိုးကျိုး ကောင်ကျိုးလေး ဘယ်အချိန်သောက်ရလဲ  ရှင်းပြပေးပါဗျ ကျေးဇူးပါဗျ
၃။ ဆရာခင်ဗျာ ခဏခဏမေးရလို့ အားနာပါတယ်၊ အခုပုံပါ Betex ဆိုတဲ့ ဆေးကို တနေ့တလုံး စွဲသောက်လို့ရလားခင်ဗျာ။ အသက် ၃၁ နှစ်ပါ။ ဇက်ကြောတွေတက်လို့ သောက်ချင်လို့ပါ။ တခါမှ မသောက်ဖူးပါဘူး ခင်ဗျာ။
၄။ မင်္ဂလာပါဆရာ နေတိုင်းဝယ်သောက်လိုရလားဆရာ သိချင်လိုပါ
Cyanocobalamin, Pyridoxine Hydrochloride and Thiamine Hydrochloride တွေပါတယ်။
အောက်ပါရောဂါရှိသူတွေအတွက်ဖြစ်တယ်။
Vitamin B1, B6, B12 deficiency ဗီတာမင် ဘီ-၁၊ ဘီ-၆ နဲ့ ဘီ-၁၂ နည်းသူတွေကို ပေးတယ်။ 
Addisonian anemia - အက်ဒီဆင် အသွေးနည်းရောဂါ
Small bowel bacterial overgrowth - အူသိမ်အတွင်း ဗက်တီးရီးယားလွန်ကဲစွာ ပွားများခြင်း
Fish tapeworm infestation - ငါးသန်ကောင် (ငါးသံကောင်) စွဲကပ်ခြင်း
Malignancy of pancreas or bowel - မုန့်ချိုအိတ် သို့မဟုတ် အူမကြီး ကင်ဆာရောဂါ
Folic acid deficiency - ဖောလစ်အက်ဆစ် ချို့တဲ့ခြင်း
Inadequate dietary intake - အာဟာရ မလုံလောက်စွာ စားသုံးရခြင်း
Drug-induced deficiency - ဆေးဝါးကြောင့် အာဟာရ ချို့တဲ့ခြင်း
Metabolic disorders - ဇီဝရုပ် ဖြစ်ပျက်မှု ပုံမမှန်ခြင်း
Brain disorders due to thiamine deficiency - သိုင်ယာမင်း (ဘီဝမ်း) ချို့တဲ့မှုကြောင့် ဖြစ်သော ဦးနှောက်ရောဂါ
Side-effects - ဘေးထွက်ဆိုးကျိုးများ
Pulmonary edema - အဆုတ်အတွင်း ရေဝင်ခြင်း (အဆုတ် ရေအိုင်ခြင်း)
Congestive heart failure - နှလုံးလုပ်ဆောင်ရည် ပျက်ယွင်းခြင်း
Polycythemia vera - သွေးနီဥ ပိုမိုများပြားသော ရောဂါ
Diarrhea - ဝမ်းပျက်၊ ဝမ်းလျှော
Itching - ယားယံ၊ ယား
Feeling of swelling of entire body - တစ်ကိုယ်လုံး ဖောင်းရောင်နေသကဲ့သို့ ခံစားရခြင်း
Paresthesia - အာရုံကြော မအီမသာဖြစ်ခြင်း (ထုံကျဉ်၊ စိန်းစိန်းဖြစ်၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း)
Somnolence - အိပ်ချင်မူးတူးဖြစ်ခြင်း (ငိုက်မျဉ်းခြင်း)
ဆေးဆိုတာ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ညွှန်ရင်သောက်ရတယ်။ ဗီတာမင်တွေကတော့ ဆရာဝန်လက်မှတ်မလိုပဲ ဝယ်လို့ရတယ်။ ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ