Happy New Year ခွဲဆရာဝန်

"ခွဲစိပ်လူနာတွေရော ကုသနိုင်သလားဆရာ။"
 ဟာ ဘယ်ရတော့မလဲ။ လူနာနဲ့ ဆရာဝန် ခွဲနေကြရတော့တယ်ဗျ။ ခွဲစရာမြင်ရင်တော့ လက်ယားတာပေါ့။
 ကျွန်တော်က ဆေးပညာဘွဲ့တခုတည်းသာရလို့ ရိုးရိုးဆရာဝန်လို့ခေါ်တယ်။ ဘွဲ့က တခုထဲပေမဲ့ နှစ်မျိုးပါတယ်။ ‘ဆေးကုပညာဝိဇ္ဇာဘွဲ’ နဲ့ ‘ခွဲစိတ်ပညာဝိဇ္ဇာ’ ဘွဲ့။ 
 ဆရာဝန်တွေ ဘွဲ့ရပြီးနောက်မှာ တယောက်တမျိုးဖြစ်လာကြတယ်။ ရတဲ့ဘွဲ့လေးတခုနဲ့ အရိုးထုတ်ကြရသူကများတယ်။
 သူတို့ထဲမှာ ဆေးကုတာ အားသန်သူနဲ့ ခွဲစိတ်တာမှာ စိတ်ပါသူလို့ မတူကြဘူး။ 
 ကျွန်တော်က အစုံသုပ်ပေမဲ့ ‘ဒါးဆရာဝန်’ လို့ နာမည်တပ်ခံရသူတွေထဲက တယောက်။
 နိုင်ငံရေးထဲရောက်မှ ခွဲရစိတ်ရတာ နည်းနည်းလာတယ်။ ဒါလည်း ရသလောက်တော့ လုပ်သေးတယ်။ နယ်စပ်ဒေသတွေမှာ ရှိတာကိုရတာနဲ့ ခွဲစိပ်ပေးပါတယ်။
 နိုင်ငံရေးထဲရောက်မှ တိုင်းပြည်နဲ့ရော၊ ပြည်တွင်းလူနာတွေနဲ့ပါ ခွဲရတော့တယ်။ 
 အခုတတိယနိုင်ငံရောက်တော့ ခွဲစိတ်စရာနဲ့ပါ ခွဲခွါရပါတော့တယ်။ 
 ကျွန်တော် စိတ်မကုန် လက်မတုန်သေးပါ။ ဒါပေမဲ့ ‘ခွဲဆရာဝန်’ ဖြစ်သွားပြီ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ