Aspilets (Aspirin) 80 mg Tablet ဆေး

မင်္ဂလာပါဆရာ ကျွန်မက အသက် ၃၂ နှစ်၊ အိမ်ထောင်ရှိပါတယ် အရပ်က ၅ ပေ ၅ လက်မမှာ ကိုယ်အလေးချိန်က ၁၇၆ ပါ။ အစာအိမ်ရောင်တာနဲ့ ဗိုက်အောင့်တာခနခန(cPcP)ဖြစ်တတ်လို့ ဆရာဝန် ညွှန်ကြားချက်အရ Pantosec 40mg ကို တစ်လ(တလ) (2022-Oct 23 မှ 2022-Dec 23 ထိ) လောက်စွဲသောက်ခဲ့ရတာရှိပါတယ်ဆရာ။ အခုလက်ရှိတော့ ကလေးယူဖို့အတွက် OG ပြနေတာပါဆရာ။ OG တိုက်တဲ့ဆေးထဲမှာ aspilets ဆိုတဲ့ဆေးတစ်မျိုး(တမျိုး)ပါလာလို့ပါ။ ကိုယ်ပြထားတဲ့ဆရာဝန်ကို မယုံကြည်တာကြောင့်လို့တော့ မဟုတ်ပေမယ့် aspilets ဆေးကသွေးကြဲဆေး၊ နှလုံးရောဂါသမားတွေ သောက်တဲ့ဆေးလို့ သိထားလို့ပါဆရာ။ အဲ့တာကြောင့် ဆေးကို ဆက်ပြီးသောက်သင့်လားဆိုတာလေး သိချင်လို့ပါရှင်

ဆရာဝန်လက်မှတ်မပါဘဲ ဝယ်လို့ရတဲ့ aspirin ဆေးကို အဖျား၊ အကိုက်အခဲအတွက် သုံးနိုင်တယ်။ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ကြွက်သားနာခြင်း၊ အဆစ်နာခြင်း။

ဆရာဝန်လက်မှတ်နဲ့သာရောင်းတဲ့ aspirin ဆေးကို နှလုံးအတက်မရစေအောင် ကာကွယ်ဘို့ ပေးတယ်။ သွေးခဲတာ မဖြစ်အောင် ကာကွယ်မယ်။ 

ကိုယ်ဝန်ဆောင်နေစဉ်မှာ ဆရာဝန်ညွှန်မှ သောက်ရမယ်။ တချို့ အရင်က PET ခေါ် ကိုယ်ဝန်သွေးဆိပ် သင့်ဘူးတဲ့ ရာဇဝင်ရှိတဲ့ ကိုယ်ဝန်ဆောင်ကို aspirin ဆေးအလေးချိန်နည်းနည်း ပေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ