Cervical Cancer သားအိမ်အဝကင်ဆာ

(ကန်တော့)

သားအိမ်ဝ = သားအိမ်ခေါင်း။

၁။ သားအိပ်ခေါင်းကင်ဆာက ဘယ်လိုလက္ခနာ(လက္ခဏာ)လဲ ပြောပြပေးပါလား (ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ မက်စင်ဂျာကို ဖတ်ပါရန်။)

၂။ ညီမ အမေက စစသိကတည်းက သားအိမ်ခေါင်းကင်ဆာအဆင့် ၃ဖြစ်နေပီ(နေပြီ) ဆေးရုံမှာ ကီမို ၄ခါသွင်းပီး(သွင်းပြီး) ဓါတ်ကင်တာ ၃၂ကြိမ်ကင်ထားပီး(ထားပြီး) ၆လအကြာမှာ cd (CT) ပြန်ရိုက်တော့ သားအိမ်က အလုံးက သေးပီး(သေးပြီး) အဆုတ်နဲ့ အသည်းမှာ ကင်ဆာပိုးတွယ်နေတာ သိလိုက်ရတယ်

သက်တန်း(သက်တမ်း)စေ့ နေနိုင်စေချင်တယ် အမေ့ကို ဆရာဝန်ကတော့ ဆေး ၆ခါပြန်သွင်းရမယ်ပြောတယ် အဲ့လို ပြန်သွင်းလိုက်ရင် ကင်ဆာပိုးက ပျောက်ကင်နိုင်လားရှင့် အမေ့ကို ကင်ဆာပျောက်အောင် ဓါတ်ကင်တာတောင် အဆင့် ၃ကနေမကျပဲ အဆင့် ၄ ဘာလို့ဖြစ်တာလဲဟင် နားမလည်လို့ပါ ရှင်းပြပေးကြပါရှင့် အမေ့ကိုလည်း သနားမိတယ်

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကင်ဆာပိုးတော့ မဟုတ်ပါ။ ကင်ဆာပြန့်တာလို့ ခေါ်တယ်။ ညီမ အမေဆိုတာ ကိုယ့်အမေ သို့မဟုတ် ကိုယ့်အဒေါ်။

၃။ သိချင်သာ(သိချင်တာ) မေးပါရစေ ဦးဦး/ဒေါ်ဒေါ် /အကို/အမ/ တို့ ကန်တော်ပါ ကျွန်တော်ကယော်ကျားလေး(ယောက်ျားလေး)ပါ ကင်ဆာဝေဒဏာရှင်ကအမျိုးသမီးပါ ကင်ဆာအမျိုးအစားက သားအိမ်ခေါင်းကင်ဆာပါ ကင်ဆာဆရာဝန်/ဆရာမတွေပြောသာတော့ အဆင့် ၁လိုပြောတယ် သားဥအိမ်ထုတ်ဖို အပြင်ဆေးခန်း og တွေနဲ့ တိုင်ပင်သာ(တိုင်ပင်တာ) ခွဲမပေးပါဘူး အမျိုးသမီးအသက်က ၃၄ ပါ ဆေးသွင်းဓာတ်ကင်ပြီးမှ ခွဲထုတ်လို့ရမယ်လို့ပြောတာ ဘာ့ကြောင့်ပါလဲ နောက်တစ်ခု(တခု)က အဆင့်တစ်မကလို့လား ဖြေပေးကြပါအတွေအကြုံလေးတွေ

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကင်ဆာသတ်ပုံလည်း အတော်မှားကြတယ်။ ချိုက ကင်စာ တဲ့။ အခုရေးတာ ကင်ဆား တဲ့။ ဦး သိုမဟုတ် အုန်းက ပိုမှန်တယ်။ စောစောသိ။ စနစ်တကျကုသဘိုက ပိုအရေးကြီးပါတယ်။ 

Cervical Cancer (1) သားအိမ်အဝ-ကင်ဆာ (၁) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-1.html

Cervical Cancer (2) သားအိမ်အဝ-ကင်ဆာ (၂) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-2.html

Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-3.html

HPV vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး https://dr-tint-swe.blogspot.com/2021/01/hpv-vaccine.html

Cervical Cancer & Virgins သားအိမ်ဝကင်ဆာနဲ့ အပျို https://dr-tint-swe.blogspot.com/2021/01/cervical-cancer-virgins.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ