December 24, 2013 လွန်ခဲ့တဲ့ ၉ နှစ်တိတိက အခုလို ခရစ်စမတ် အဖိတ်နေ့

ဆေးခန်းမှာ မွေးလူနာတယောက် ရောက်နေတယ်လို့ ဆရာမတယောက်က ဖေ့စ်ဘွတ် မက်စင်ဂျာကနေ အသိပေးတယ်။ တခါမှ လာမပြဘူးတဲ့ ကိုယ်ဝန်ဆောင်တဲ့။ HIV စစ်ထားတဲ့အဖြေက ညနေမှရမတဲ့။ ကနေ့ ဆေးခန်းဖွင့်ရက်။ ခဏနေ ဆေးခန်းသွားရမယ်။

နယူးဒေလီ ယမုန်နာဆေးခန်းလေးကို ၂၀၀၂ ခု သြဂုတ်လကနေ ၂၀၁၄ ခု စက်တင်ဘာလအထိ ဖွင့်ခဲ့တယ်။ ကိုယ်ဝန်ဆောင်နဲ့ မွေးလူနာတွေကိုတော့ ၂၀၀၆ ကျမှ လက်ခံတယ်။ ကလေးစုစုပေါင်း ၃၄၉ ယောက် မွေးပေးခဲ့တယ်။

နှစ်သစ်ကူးဖြစ်ဖြစ်၊ သင်္ကြန်ဖြစ်ဖြစ်၊ ခရစ်စမတ်ဖြစ်ဖြစ် မွေးလူနာတွေက ရက်မရွေးပါ။ နိုင်ငံရေးအစည်းအဝေးရှိနေမှန်းလည်း ဗိုက်ထဲကကလေးက မသိပါ။

ဆေးခန်းလေးမှာ အရာရာ မပြည့်စုံပါ။ နှာခေါင်းစည်းနဲ့ လက်အိတ်တော့ရှိပေမဲ့ အရေးပေါ်ရင် တခါတခါ တပ်ချိန်မရ။ လူနာမှာ သွေးကတဆင့်ကူးစက်ရောဂါတိုင်းကို စိမ်းခဲ့ပါလို့လည်း ခိုင်းမရ။ ကံတရားသာ အားကိုးရာ။ အခုထိတော့ အဲလို သွေးကတင့်ကူးစက်ရောဂါ မရှိသေးပါ။

ကိုယ်ဝန်ဆောင် လူနာတွေ၊ ဆရာမတွေ မဲရီးခရစ်စမတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ