Diffuse Large B-Cell Lymphoma လင်ဖိုးမားတမျိုး

ဆေးပညာသတင်းဖြစ်ပါတယ်။ အမေရိကန်လွှတ်တော် (ကွန်ဂရက်) အမတ် Jamie Raskin မှာ ဆိုးဝါးတဲ့ ကင်ဆာ ခံစားနေရတယ်။ ဆိုးပေမဲ့ ကုသလို့ရတယ်။ Diffuse Large B-Cell Lymphoma လင်ဖိုးမားတမျိုး ဖြစ်တယ်။ ရောဂါအမည်သိတာနဲ့ စနစ်တကျ ဆေးကုသမှု ခံယူရမယ်။ ကိုဗစ်၊ တုပ်ကွေးနဲ့ တခြား ဗိုင်းရပ်စ်တွေကို သတိထား ရှောင်ရှားနေပါလို့ သူ့ဆရာဝန်တွေ ညွှန်ပါတယ်။ အမေရိကန် ကင်ဆာအဖွဲ့ အဆိုအရ diffuse large B cell lymphoma ဟာ ကြီးထွားမှု မြန်တယ်။ ခီမိုသာရာပီနည်းနဲ့ ကုသရမယ်။ ဆေး ၄ မျိုးပါတယ်။ လူနာ တဝက်လောက် ပျောက်မယ်။

Subtypees အမျိုးအစားခွဲတွေလည်း ရှိတယ်။

T-cell/histiocyte-rich B-cell lymphoma အမျိုးအစား၊

Primary DLBCL of the central nervous system (CNS) အမျိုးအစား၊

Primary cutaneous DLBCL, leg type အမျိုးအစား၊

Epstein-Barr virus (EBV)-positive DLBCL of the elderly အမျိုးအစားနဲ့ 

DLBCL not otherwise specified (NOS) အမျိုးအစားတွေ ဖြစ်တယ်။

ဒီသတင်းကနေ မြန်မာနိုင်ငံသားတွေအတွက် အသိပေးလိုတာက ရောဂါကို တိတိကျကျနဲ့ စောစောစီးစီး သိအောင်လုပ်ရမယ်။ ကုသနည်းလည်း တိကျ မြန်ဆန် မှန်ကန်ရတယ်။ မြန်မာပြည်မှာက ကင်ဆာဆို ဆရာဝန် မမေးကြပါ။ အရပ်ဆေးနည်းတွေ၊ ဓါတ်စာတွေပေးကြတာ မမှန်ကန်ပါ။ ကင်ဆာဆိုရင် ကုသနည်းကို မသိလိုဘဲ ဘာစားရမလဲ၊ ဘယ်အစာရှောင်ရမလဲသာ မေးနေကြတာ မှားတယ်။ ဖေ့စ်ဘွတ်မှာ ရေးနေကြတာတွေကလည်း ၈၀-၉၀% မမှန်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ