High Calorie Food (ကယ်လိုရီ) များတဲ့ အစားအစာများ

ကယ်လိုရီ များတာကဘာတွေလဲ ပြောပြပေးပါလားဆရာ။ 

အခြေခံကတော့ သကြား (အချို) နဲ့ အဆီ များတာတွေက (ကယ်လိုရီ) များတဲ့ အစားအစာတွေပါ။ အသီးအနှံ-အသီး အရွက်တွေက (ကယ်လိုရီ) မများဘဲ ရေနဲ့ (ဖိုင်ဗာ) များကြတယ်။ အစားတိုင်းကနေ (ကယ်လိုရီ) တော့ ရကြတာ ချည်းပါဘဲ။ ဒါပေမဲ့ ကွာတယ်။ ဆန်ချင့်တဲ့ နို့ဆီဗူးတလုံးစာ သခွါးသီးနဲ့ နို့ဆီဗူးတလုံးစာ စပျစ်သီးခြောက်တို့ဟာ ထုထည်ချင်းတူပေမဲ့ သူတို့ကရတဲ့ (ကယ်လိုရီ) ၃၇ ဆ ကွာတယ်။ ထမင်း ၁ ကျပ်သာ၊ အသား ၁ ကျပ်သားနဲ့ ဆီ ၁ ကျပ်သားတွေက ရတဲ့ (ကယ်လိုရီ) က ၄-၄-၉ အချိုးရှိတယ်။ 

• Fatty meats အဆီများအသား၊ Salami ဆလာမီ၊ Candy bars ချော့ကလက်၊ cookies ကူကီးစ်၊ Potato chips အာလူး-ချစ်ပ်၊ တွေက (ကယ်လိုရီ) များများရတာတွေ ဖြစ်တယ်။ 

• ကြော်ထားတဲ့အစာတွေ ကိုလာ၊ ဘီယာတွေကလည်း များတယ်။ 

• Whole grains, Cereals ခေါ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပြောင်းဖူး၊ အုတ်စပါး၊ ဘာလီ၊ နဲ့ သူတို့ကနေ လုပ်ထားတဲ့ အစားအစာတွေ (ကယ်လိုရီ) များကြတယ်။

• Pasta အပါအဝင် ဂျုံမှုံ့နဲ့လုပ်တဲ့ ခေါက်ဆွဲ၊ စပါဂတီ၊ မက်ခရော်နီ၊ ရိုတီး၊ ပူရီ၊ (ကယ်လိုရီ) များကြတယ်။

• Beans ခေါ်တဲံ ပဲသီး၊ ပဲတောင့်အမျိုးမျိုး၊ Potatoes အာလူး၊ စတာတွေက (ကယ်လိုရီ) များကြတယ်။

• Cream မလိုင်၊ Whole milk ပြုပြင်မထားတဲ့နွားနို့၊ Condensed milk နို့ဆီ၊ (ကယ်လိုရီ) များကြတယ်။

• Cheese ဒိန်ခဲ၊ Butter ထောပတ်၊ Margarine (မာဂျရင်း)၊ (ကယ်လိုရီ) များကြတယ်။

• Ice cream (အိုက်စ်ခရင်)၊ Cake ကိတ်၊ Pie (ပိုင်)၊ Waffles (ဝေဖါ)၊ (ကယ်လိုရီ) များကြတယ်။

Healthy but High Calorie Food (ကယ်လိုရီ) များပြီး ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကတော့ -

• Nuts ခေါ်တဲ့ စေ့အဆံတွေထဲက အများစုက နှလုံးကျန်းမာရေးကို မထိခိုက်တဲ့ အဆီတွေပါပြီး၊ (ကယ်လိုရီ) ပါ များတယ်။ 

• Peanut butter ခေါ်တဲ့ မြေပဲကနေလုပ်တဲ့ ထောပတ်မလိုင်၊

• Fruit juices သစ်သီးဖျော်ရည်အစစ်၊ ၂၀၀ မီလီ ၃ ဖန်ခွက် မှာ Orange Juice လိမ်မော်ရည်က ၂၆၀၊ Pineapple Juice နာနတ်ရည်က ၃ဝဝ၊ Grapefruit Juice စပျစ်သီးရည်က ၂၂၈၊ Apple Juice ပန်းသီးရည်က ၂၈၂ ကယ်လိုရီရတယ်။

• Yoghurts ခေါ်တဲ့ ဒိန်ချဉ် ၁၆၀ ဂရမ်ကနေ ၂၄၃ ကယ်လိုရီရတယ်။

• Pasta 75g ကနေ 259 ကယ်လိုရီရတယ်။

• Breakfast မနက်စာအဖြစ်စားတဲ့ ပြောင်းကနေလုပ်တဲ့ နွားနို့နဲ့ဖျော်သောက်တဲ့ Corn Flakes (ကောင်းဖလိပ်) ကနေ ၇၄-၁၈၅ ကယ်လိုရီရတယ်။

• Butter or Margarine ထောပတ်၊ မာဂျရင်း ကနေ ၇ဝ-၁၁ဝ ကယ်လိုရီရတယ်။

• Toasted Brown Bread ၁ ချပ်ကနေ 65.3kcals ရတယ်။

• Toasted White Bread ၁ ချပ်ကနေ 63.6kcals ရတယ်။

သုတေသနက အမေရိကားမှာဖြစ်လို့ သူတို့စားတာတွေသာ ပါတယ်။

Dr. တင့်ဆွေ

၂၆-၁၂-၂၀၁၆

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ