Thyroid Cancer SEER Stage 5-Year Relative Survival Rate သိုင်းရွိုက်ကင်ဆာ ၅ နှစ်အသက်ရှင်နှုန်း

ဆရာခင်ဗျ ကျွန်တော့ ညီမတစ်ယောက်(တယောက်)က အသက်က ၂၃ ပါ ခင်ဗျ thyroid cancer ဖြစ်လို့ဆိုပြီး Thyroid တစ်ခုလုံး(တခုလုံး) ထုတ်ထားပါတယ်ခင်ဗျ ENT ဆရာဝန်ကြီး ဒေါက်တာ ( - )က လုံးဝ မစိုးရိမ်ရတော့ဘူးလို့ ပြောပါတယ်ခင်ဗျ။ ၁၆.၁.၂၀၂၃ နောက်ပိုင်း ရောင်ခြည်ဆေး သောက်ရပါမယ်ခင်ဗျ။

ဘာတွေ ဆိုးကျိုးကောင်းကျိုးတွေ ရှိနိုင်မလဲ ခင်ဗျ၊ သက်တမ်းစေ့ နေနိုင် မနေနိုင်၊ တခြားနေရာတွေ cancer ဆဲလ် ပျံ့နိုင် မပျံ့နိုင်လေးပြောပေးပါခင်ဗျ၊ နောက်နှစ်ထဲ အိမ်ထောင်ပြုရင်ရော အဆင်ပြေနိုင်ပါ့မလားခင်ဗျ၊ ကလေးတော့ တန်းမယူသေးပါဘူး ဆရာခင်ဗျ နိုင်ငံခြား သွားနေမယ်ဆိုရင်ကော အဆင်ပြေ နိုင်မလားခင်ဗျ ဆရာ

ကင်ဆာတိုင်းကို ၅ နှစ်အသက်ရှင်နှုန်းနဲ့ တိုင်းတာပါတယ်။ လည်ပင်းကြီးကင်ဆာ အလားအလာ အတော်ကောင်းတယ်။ အမျိုးအစားနဲ့ အဆင့်အရ ကိန်းဂဏန်း နည်းနည်းကွဲပြားတယ်။ ယူအက်စ်အေမှာ လုပ်တဲ့ လေ့လာမှုသုတေသနကို တင်ပြမယ်။ 

1.  Papillary thyroid cancer SEER Stage 5-Year Relative Survival Rate

•  Localized near 100%

•  Regional 99%

•  Distant 75%

•  All SEER stages combined near 100%

2.  Follicular thyroid cancer SEER Stage 5-Year Relative Survival Rate

•  Localized near 100%

•  Regional 98%

•  Distant 63%

•  All SEER stages combined 98%

3.  Medullary thyroid cancer SEER Stage 5-Year Relative Survival Rate

•  Localized near 100%

•  Regional 90%

•  Distant 40%

•  All SEER stages combined 89%

4.  Anaplastic thyroid cancer SEER Stage 5-Year Relative Survival Rate

•  Localized 34%

•  Regional 9%

•  Distant 4%

•  All SEER stages combined 7%

တခြားလို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။

Thyroid Cancer သိုင်းရွိုက်ကင်ဆာ https://dr-tint-swe.blogspot.com/2021/05/thyroid-cancer.html

Nuclear Medicine အနုမြူဆေးပညာ https://dr-tint-swe.blogspot.com/2022/10/nuclear-medicine.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ