Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်

(ကန်တော့)

ယောက်ျားတွေမှာ ဆီးအောင်တယ်ဆိုရင် ဆီးထွက်ပြွန်က ဖြစ်တတ်တယ်။ အများဆုံးက လိင်ကတဆင့် ကူးစက်ရောဂါ တခုခု ဖြစ်နိုင်တယ်။ (ဂနိုးရီးယာ)၊ (ကလာမိုင်ဒီးယား) နဲ့ (ထရိုင်ကိုမိုးနပ်စ်) ပိုးတွေကြောင့် ဖြစ်တတ်တယ်။ ပိုးရှိနေသူကနေကူးတယ်။ ရက်ရှည်ဖြစ်ရင် ဗက်တီးရီးယားကြောင့် ဖြစ်မယ်။ ကြာကြာဖြစ်ရင် ဆီးသွားပြွန် ကျဉ်းလာစေတတ်တယ်။

ရေယုံဖြစ်စေတဲ့ (ဗိုင်းရပ်စ်) နဲ့ တခြားရှားပါးတာတွေလဲ စဉ်းစားရမယ်။ ပိုးမဟုတ်ဘဲ ဆပ်ပြာ၊ လိမ်းဆေး စတာတွေကလဲ မတည့်သူတွေမှာ ဖြစ်တယ်။ သုတ်ပိုးသေဆေး၊ (ကွန်ဒွမ်)၊ တားဆေး ပစ္စည်းတွေနဲ့လဲ မတည့်ရင် ဖြစ်နိုင်သေးတယ်။ ထိခိုက်မိလို့၊ (မာစတာဘေးရှင်း) လုပ်လို့၊ လိင်ဆက်ဆံတာ အဆင်မပြေလို့ ဆိုတာတွေလဲ မလွတ်ပါ။

ဆီးထွက်ပြွန်ရောင်တာ ဖြစ်ရင် ပူပြီးနာမယ်၊ ဆီးသွားချင်ရင် အမြန်သွားချင်တယ်။ တချို့မှာ ယားမယ်၊ နာမယ်၊ ပန်းအဖျား ရောင်မယ်၊ ဆက်ဆံချိန်မှာလဲ နာမယ်။ ဆီးထဲ သွေးပါတာလဲ ဖြစ်နိုင်တယ်။ သုတ်ရည်ထဲမှာလဲ သွေးပါနိုင်တယ်။ အရည် တမျိုးမျိုး ဆင်းနိုင်တယ်။ အရည်အကျဲ ဒါမှမဟုတ် အပြစ်တွေ ဆင်းမယ်။ တခြားရောဂါနဲ့ တွဲနေရင် လိင်အင်္ဂါမှာ အနာလဲ တွဲရှိနိုင်တယ်။

ရိုးရိုး ဆီးထွက်ပြွန် ရောင်ရင် မဖျားပါ။ နေမကောင်းလဲ မဖြစ်ပါ။ ပိုးက တခြား ပြန့်သွားရင်တော့ ဖြစ်လိမ့်မယ်။ ခါးနာမယ်။ ဗိုက်နာမယ်။ အပြင်းဖျားမယ်။ ပျို့-အန်ချင်မယ်။ အဆစ်ရောင်မယ်။ ကျားအစေ့ကိုလည်း ကူးမည်။ Epididymitis လို့ ခေါ်တယ်။ အစေ့ပါနာမယ်။

အိမ်မှာတင် ရေများများသောက်ပါ။ အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့ (ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေကို လျှော့ရ-ရှောင်ရမယ်။ အက်စစ် များစေတယ်။ ကောင်းတာတွေက လိမ်မော်၊ သံပုရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ချော့ကလက်၊ ပဲတောင့်ရှည် စားပါ။ ဆရာဝန်ဆီရောက်ရင် ပိုးသေဆေးပေးပါမယ်။

ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ

• ပဋိဇီဝဆေးများ၊ Co-trimoxazole (Septrin) ဒါမှမဟုတ် Amoxacilin 500 mg ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက် သောက်ပါ။ ဒါမှမဟုတ် Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက် သောက်ပါ။ ဒါမှမဟုတ် Azithromycin 1 gm or Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက် သောက်ပါ။

• ဆီးပူသက်သောအောင် လေနာဆေး Antacid (Magnesium hydroxide) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။

• အနာသက်သာအောင် Buscopan, Ibuprofen, Acetaminophen ဆေး တခုခုကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။

• ၇ ရက် လိင်မဆက်ဆံရ။ လိင်ဆက်ဆံပြီးရင် ပဋိဇီဝဆေး တကြိမ်သောက်ပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ