Water ရေသောက်တာ ခေါင်းလျှော်တာကို ရန်ရှာနေကြတာ မှားတယ်

ကင်ဆာနေရာတခုမှာ တွေ့တဲ့ အမှားတခု။

ကင်ဆာသမားတွေအတွက် ကျွန်တော်သိတာ‌လေးတစ်ခု(တခု) မျှဝေပေးပါအုန်းမယ်။ အဲဒါက ဘာလဲဆိုရင် ကင်ဆာဖြစ်‌တဲ့သူတိုင်း ရေကို တစ်နေ့(တနေ့)သုံးလီတာ အနည်းဆုံးသောက်ပေးရပါမယ်။ ဒီထက်များရင်ပိုပြီးကောင်းပါတယ်။ ‌ရေကိုများများသောက်ပေးကျ(ကြ)ပါ။ အဟုတ်ကို လုပ်ဆောင်ကြည်ကျ(ကြ)ပါ။ ကောင်းကျိုးတွေ ခံစားရပါမယ်။ ကင်ဆာရောဂါခွဲစိတ်ဖို့ဆိုရင် မန်းလေးက ခွဲစိတ်ဆရာဝန်ကြီး ဦးကျော်ဆင့်နဲ့ခွဲစိတ်ကျ(ကြ)ပါလို့ တိုက်တွန်းချင့်ပါတယ်။ ဆရာကြီးက အခု တော်ဝင်နှင်းဆီဆေးရုံမှာ ထိုင်ပြီး ခွဲစိတ်ပေးနေပါတယ်။

ကင်ဆာနဲ့ ရေ တိုက်ရိုက်မဆိုင်ပါ။ ကင်ဆာကို ကင်ဆာအလိုက် စနစ်တကျ ကုသဘို့ထက်အရေးကြီးတာ မရှိပါ။ တချို့ဆေးတွေကို ရေတဖန်ခွက်နဲ့ သောက်စေတယ်။ ရေသောက်နည်းရင် ရေခန်းခြောက်ခြင်းဖြစ်မယ်။ ကျောက်ကပ်အလုပ် နည်းစေမယ်။ 

အခြေခံအချက်ကတော့ လူတိုင်းလိုလိုက နေ့တိုင်းလို ရေအပါအဝင် စားသောက်တာတွေကနေ ရောဂါမရစေနိုင်။ ရောဂါကိုလည်း မကာကွယ်နိုင်။ ရောဂါကိုလည်း ပျောက်အောင်မကုနိုင်ပါ။ မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်မှာ ရေသောက်တာ၊ ခေါင်းလျှော်တာကို ရန်ရှာနေကြတာ မှားတယ်။

1. Alkaline water အယ်လ်ကာလိုင်းရေ https://dr-tint-swe.blogspot.com/2021/05/alkaline-water.html

2. Bottled Purified Water ရေသန့် ရေနွေးကြမ်း https://dr-tint-swe.blogspot.com/2021/08/blog-post_35.html

3. Bottled Water Questions ရေပုလင်း မေးခွန်းများ https://dr-tint-swe.blogspot.com/2021/05/bottled-water-questions.html

4. Chlorine ကလိုရင်းနဲ့ပိုးသန့်ထားတဲ့‌ရေကို အပူပေး‌သောက်သုံးရင် အန္တရာယ်မရှိပါ https://dr-tint-swe.blogspot.com/2021/06/chlorine.html

5. Flux for hot water ရေနွေးညသိပ်မြွေအဆိပ်တဲ့ မှား၏ https://dr-tint-swe.blogspot.com/2021/05/flux-for-hot-water.html

6. How much water ရေဘယ်လောက်သောက်ရမလဲ https://dr-tint-swe.blogspot.com/2021/07/how-much-water.html

7. Water and pH ရေသန့်ဆိုတာ https://dr-tint-swe.blogspot.com/2021/05/water-and-ph.html

8. Water pH မဟုတ်တာဆို ပိုမေးကြတယ် https://dr-tint-swe.blogspot.com/2021/01/bottled-water.html

9. Water Please ရေ https://dr-tint-swe.blogspot.com/2021/05/water-please.html

10. Water poisoning ရေအဆိပ်သင့်ခြင်း https://dr-tint-swe.blogspot.com/2021/07/water-poisoning.html

11. Water မှားသော ရေပညာပေးပို့စ် https://dr-tint-swe.blogspot.com/2021/05/water.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ