ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာစားခြင်းဆိုတာ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသေားအသောက်တွေ ရွေးချယ်တတ်ခြင်းကနေ စတယ်။

ဆား (ဆိုဒီယမ်) လျှော့စားပါ။

ဖြူဖွေးသွားအောင်ချွတ်မထားတဲ့ အစေ့အဆံကနေလုပ်တဲ့ စားရာတွေ ရွေးစားပါ။

အသီးနဲ့ အသီးအနှံမျိုးစုံ ပါပါစေ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပရိုတင်း (အသား၊ ငါ၊ ဥ၊ ပဲအမျိုးမျိုး၊ နို့) နဲ့ ပင်လယ်စာတွေ ပါပါစေ။

တင်ပြထားချက်က အမေရိကန် နှလုံးအသင်းက ထုတ်ထားတာ ဖြစ်ပါတယ်။ မြန်မာပြည်အတွက် ကိုယ့်ဆီမှာ စိုက်ပျိုးထုတ်လုပ်တာတွေထဲကနေ အထက်ပါနည်းကို မှီးပြီး စားသောက်သင့်ကြတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသားဆိုတာ အဆီမများတဲ့အသားတွေဖြစ်တယ်။ ပင်လယ်စာဆိုတာလည်း တကူးတကမဟုတ်ပဲ ရေငန်ငါးပုစွန်တွေ အဆင်သင့်တဲ့အခါ စားပါလေ။

ဆား (ဆိုဒီယမ်) များတာတွေတော့ ကိုယ့်တိုင်းပြည်က များတယ်။ လျှော့ပါလေ။ သွေးတိုး၊ ကိုယ်ရောင်၊ နှလုံးနဲ့ မတည့်ပါ။ ဆားနဲ့လုပ်တာတွေ ဘာတွေလဲ သိကြပါမယ်။

မြန်မာပြည်မှာက သူတို့ဆီလို ကိုလက်စထောများတာ နည်းပါတယ်။ အသီး၊ အသီးအရွက်လည်း ကိုယ့်ဆီက သန့်ရှင်းလတ်ဆတ်တာတွေ ကောင်းတယ်။

ဆီးချိုရှိသူတွေအတွက် သင့်မျှတဲ့အစားအသောက်တွေ ခဏခဏတင်ပြထားတယ်။

ကင်ဆာအတွက်အစားအသောက် ထူးမရှိပါ။ သူများတွေနည်းတူ စားသောက်ပါလေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ