ကြော်ငြာဆေးတွေအကြောင်း

ဆရာရှင့် အထက်ပါဓာတ်စာများသုံးသင့် မသုံးသင့် ‌ပြောပြပေးဖို့ လေးစားစွာတောင်းဆိုပါသည်ရှင့်။ ဖိုက်တိုဗွီက အူရှင်းဆေးလို့ ပြောတယ်ရှင့် ဝိတ်ကျတယ်ပေါ့။ ၃ ထုပ်တော့သောက်လိုက်ပါတယ်ရှင့် နှစ်ရက် တထုပ် သောက်တာရှင့်။ နှစ်ပေါင် သုံးပေါင်တော့ ကျတယ်ရှင့်။ ဆက်ပြီး သောက်သင့် မသောက်သင့် သိချင်ပါသည်ရှင့်ဆရာ။ ကျေးဇူးပြု၍ဖြေကြားပေးစေလိုပါသည်ရှင့်။ ခဏခဏ (ခဏခဏ) တင်ပြပါတယ်။ ဖြည့်စွက်စာတွေ၊ ဓါတ်စာတွေအကြောင်းလည်း ခဏခဏ (ခဏခဏ) တင်ပြပါတယ်။

ဆေးဆိုတာ လူတိုင်းအတူတူ သောက်ကြရတာ မဟုတ်။ တယောက်နဲ့တယောက်က မတူ။ အသက်-ကျား-မ-အလေးချိန်-အိမ်ထောင်ရေး-ကိုယ်ခံကျန်းမာရေး စတာတွေ မတူကြပါ။

ကြော်ငြာဆေးတွေဆိုတာ ဆေးသုတေသန မရှိ သို့မဟုတ် မပြည့်စုံပါ။

ဖြေရတိုင်းမှာ အားနာစရာတွေရှိတယ်။ ရောင်းသူ၊ ဝယ်သူနဲ့ ပွဲစားတွေက ကိုယ့်လူမျိုးတွေ။

ကိုယ်အလေးချိန်ကျနည်းစာကို ဆေးသုတေသနတွေအရ ရေးထားတယ်။

ပိန်လွန်းလို့ ကိုယ်အလေးချိန်တိုးလိုသူတွေအတွက်လည်း ဆေးသုတေသနတွေအရ ရေးထားတယ်။

အားဆေးအမျိုးမျိုး (ကလေး၊ ကိုယ်ဝန်၊ လူကြီး၊ အသက်ကြီး) တွေအတွက် ရေးထားပါတယ်။ 

ဘာကျန်သေးလဲ။ သွေးအား၊ ကင်ဆာ။ ရေးထားတယ်။

တဦးချင်းကနေ ကိုယ်ရေးအချက်အလက်တွေနဲ့ ဖြစ်လိုတာမေးတိုင်းလည်း တိုက်ရိုက် ဖြေပါတယ်။ များလှပြီ။

ပို့ပေးတဲ့ကြော်ငြာဆေးပုံ မတင်တော့ပါ။ ဆေးအတုပါလို့ တင်တိုင်း ဘယ်မှာဝယ်ရမလဲတဲံ။ ဘယ်လောက်ပေးရ့သလဲတဲ့။ များလှပြီ။ 

ကြေ်ငြာဆေးတွေ အမေရိကားမှာလည်း တီဗွီကနေ တနေကုန်လာတယ်။ ဒါပေမဲ့ သူတို့ဆီမှာ ဥပဒေရှိတော့ အမှားတွေ့လို့ တရားစွဲရင် ဒေါ်လာသန်းချီရနိုင်တယ်။

တထုပ်ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ