ဆံပင်အလှပြင်ခြင်းသည် ကူးစက်ရောဂါထက် အရေးကြီး၏

မင်္ဂလာပါ ဆရာ ကျွန်မအသက် ၃၇ ပါ အိမ်ထောင်သည် နို့တိုက်မိခင်ပါ ကလေးမွေးထားတာ ၅လပဲရှိပါသေးတယ် ပြီးခဲ့တဲ့အပတ်က သားအိမ်ခေါင်းကင်ဆာရှိမရှိ စစ်ထားတာ သားအိမ်ကင်ဆာဖြစ်နိုင်တဲ့ HPV 18 ပိုးတွေ့တယ်လို့ မနေ့ကမှဖုန်းဆက်ပြောလာတယ် အဲ့ဒါ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆံပင်ကောက်ဆေးသုံးပြီး ဆံပင်ကောက်ဖို့ ရက်ချိန်းယူလိုက်မိတယ် ဆရာ HPV 18 ပိုးရှိတဲ့ နို့တိုက်မိခင်က ဆံပင်ဆိုးဆေး ကောက်ဆေး ဖြောင့်ဆေးတွေသုံးလို့ ရနိုင် မရနိုင် သိချင်လို့ပါ ဆရာ

Cervical Cancer Risks သားအိမ်ဝကင်ဆာ ဖြစ်နိုင်သူများ https://dr-tint-swe.blogspot.com/2022/06/cervical-cancer-risks.html

Hair dye reactions ဆံပင်ဆိုးဆေး သတိပေး https://dr-tint-swe.blogspot.com/2022/10/hair-dye-reactions.html

ဆံပင်

- ကိုယ်နဲ့ မတည့်ဖြစ်ဘူးတဲ့ ဆိုးဆေးနဲ့ တသက်လုံး မတည့်။ မတည့်မဖြစ်တာနဲ့ တည့်။ 

- ဆံပင်အလှပြင်လို့ ရောဂါတွေ ပိုမဆိုး၊ ရောဂါတွေ မပျောက်။

မေးခွန်းတွေအရ မဆိုင်တာကို စိုးရိမ်ကြပြီ ဆိုင်တာကို အလေးမထားသူတွေ မကြာခဏတွေရတယ်။

- ပိုးတခုခု၊ ရောဂါတခုခုတွေရင် ကုသဘို့ထက် အရေးကြီးတာ မရှိ။ ဖြစ်နိုင်ရင် ဘယ်လိုကာကွယ်မလဲ လုပ်ရမယ်။ 

- ကင်ဆာဖြစ်သူ အများစုက ဆရာဝန်ကို မမေး ဖေ့စ်ဘွတ်ကိုသာမေးကြတယ်။ ဆရာဝန်မဟုတ်သူတွေကလည်း ဓါတ်စာတွေ ဖြည့်စွက်စာတွေ နည်းပေးကြတယ်။ ရောင်းချကြတယ်။ ရောဂါနဲ့ နည်းနည်းလေးမှ မဆိုင်တာတွေ။ လူကြိုက်ကတော့ များတယ်။

- လူတိုင်းက နေ့တိုင်းလုပ်ကြတဲ့ ရေချိုး၊ ရေသောက်၊ လက်ဆေး၊ ခေါင်းလျှော်တာကို ရန်လုပ်တဲ့စာမျိုးဆိုရင် တယောက်ပြီးတယောက်က တင်ကြတယ်။ လိုက်နာကြတယ်။

- ရေကို ထိုင်သောက်၊ ထသောက်၊ မသန့်တဲ့ရေကို မပြော ရေသန့်ကိုပြောကြတယ်။ အဲလိုစာကို တယောက်ပြီးတယောက်က တင်ကြတယ်။ လိုက်နာကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ