ကိုယ်အပူချိန်ဆိုတာ

မင်္ဂလာပါ ဆရာရှင့် ကျွန်မ အသက်က ၂၈ နှစ်ပါရှင်။ အိမ်ထောင်ကျတာ ၂ လလောက်ရှိပါပြီ။ အရင်က ကျွန်မ ခန္ဓာကိုယ်က အေးပါတယ်ရှင်။ COVID-19 ဖြစ်ပြီးထဲက ဖျားတာ မဟုတ်ဘဲ ခန္ဓာကိုယ်အပူချိန် တက်လာပါတယ်ရှင်။ ကျွန်မ ကိုယ်တိုင်က ပူနေတယ်လို့ မခံစားရဘဲ ကျွန်မဘေးမှာ ရှိနေတဲ့ လူတွေက ကျွန်မ အသားနဲ့ မထိနိုင်လောက်အောင် ပူနေတာပါ။ အထူးသဖြင့် ညဖက်တွေ ပိုဆိုးပါတယ်ရှင်။ ကျွန်မရဲ့ အလုပ်က တနေ့လုံး Aircon ခန်းထဲမှာ နေရပြီး ညဖက်လဲ အခန်းကို Aircon ဖွင့်အိပ်ဖြစ်ပါတယ်ရှင်။ တနေ့ရေ ၂ ခါချိုးပြီး ရေများများလဲ သောက်ပါတယ်ရှင်။ ခန္ဓာကိုယ်အပူချိန်က လုံးဝ မကျလို့ပါရှင်။ ခန္ဓာကိုယ်အပူချိန်ကျအောင် ဘယ်လိုလုပ်ရမလဲ လမ်းညွှန်ပေးပါဦးရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

ကိုယ်အပူချိန်ဆိုတာ သာမိုမီတာနဲ့တိုင်းမှသာ ပူတယ် အေးတယ် သိပါတယ်။ ခံစားရတာနဲ့ တူချင်မှ တူတယ်။ အတူနေသူထက်ပိုပူတယ်လို့ ခံစားရသူ သူများထက် (အရင်ကထက်) စိတ်တိုလာသလား၊ နှလုံးခုန်နှုန်း တမိနစ်မှာ ဘယ်လောက်လဲ။ ပိုများနေသလား စစ်ရမယ်။ ပုံမှန်က တမိနစ်မှာ ၇၀-၈၀ ရှိကြတယ်။

မေးခွန်းထဲက 1-2-3 တွေကို ၁-၂-၃ လို့ ပြင်လိုက်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ