"ညောင်ရွှေ နှင့် မန်ကျည်းရွက်"
ညောင်ရွှေသား သူငယ်ချင်းက တင်ထားတာ။ သူကလည်းဆရာဝန်။ ကျွန်တော်အညာသားလည်း မန်ကျည်းရွက် ကြိုက်တယ်။ ဆရာဝန်ဆိုတာ ကျန်းမာရေးမှာ အမြင်မတော်တာတွေကို ထောက်ပြရတယ်။
ကျီးပေါင်းအတွက် မန်ကျည်းရွက်ကို ခေါင်းအုံးအိပ်ရင် ပျောက်တယ် တဲ့။ အရပ်ဆေးနည်းတွေထဲမှာ အသံထွက်ဆင်တူတာလိုက်ပြီး ဆေးနည်းပေးကြတယ်။ မှားတယ်။ မှန်တာ တခုမှ မရှိပါ။
• ကင်ဆာနဲ့ ကင်ပွန်းရွက်နဲ့ မဆိုင်။
• ကျီးပေါင်း နဲ့ မန်ကျည်းရွက် မဆိုင်။
• ကိုဗစ်နဲ့ ဗစ်ပရုပ်ဆီနဲ့ မဆိုင်။
• ခါးနာနဲ့ ခရမ်းခါးသီးနဲ့ မဆိုင်။
• ဆီးချိုနဲ့ နွားချိုနဲ့ မဆိုင်။
• တုပ်ကွေးနဲ့ ဒုတ်ကွေး မဆိုင်။
• ဒူးနာနဲ့ ဒူးရင်းသီးနဲ့ မဆိုင်။
• လျှာနာနဲ့ နွားလျှာ မဆိုင်။
• လိပ်ခေါင်းနဲ့ လိပ်ဥနဲ့ မဆိုင်။
• လေနာနဲ့ လေတိုက်တာနဲ့ မဆိုင်။
• ဝက်သက်နဲ့ ဝက်သားနဲ့ မဆိုင်။
• သန်ကောင်နဲ့ သံချောင်းနဲ့ မဆိုင်။
ဒီအရပ်မှာတော့ မန်ကျည်းရွက် မူးလို့တောင် ရှူစရာမရှိ။ မန်ကျည်းရွက်က အမူးပျောက်ဆေးတော့ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment