ဆရာဝန်လက်ရေး ဖတ်မရ

ဒီဆေးတွေကဘာအတွက်ကောင်းလဲဆရာ သိချင်ပါတယ်ရှင် သိချင်တာလေးတွေအမြဲပြောပြလို့အရမ်းလဲကျေးဇူးတင်ပါတယ်ရှင်

ဆေးအမည်လက်ရေးက ဖတ်ရတာ မရှင်းပါ။ ရမ်းမဖြေချင်ပါ။

ဆရာဝန်လက်ရေး ဖတ်မရ။ ကျွန်တော်လည်း ဆရာဝန်တယောက် ဖြစ်ပါသည်။

ဆေးစစ်ချက်၊ ဆေးစာတွေကို -

၁။ ကွန်ပြူတာစနစ်နဲ့ ရေးမှသာ ဖတ်ရတာ ရှင်းတယ်။

၂။ ကွန်ပြူတာစနစ်နဲ့ ရေးတိုင်းလည်း သတ်ပုံမှန်တာမဟုတ်။

၃။ ဆေးစစ်ချက်ပါ အောက်ဆုံးက မှတ်ချက်စာကြောင်းကိုသာ ဖတ်လိုတယ်။ ပုံတွေ မလိုပါ။

၄။ ဂူဂယ် အင်မေ့ချ်ကပုံတွေ တခုမှ မကြည့်လို။

၅။ လူနာအမည် စတဲ့အချက်အလက်တွေကို တခြားသူတွေဆီ မပို့သင့်။

၆။ သတ်ပုံမမှန်လို့ မဖြေတာ မရှိသေး။ ဖတ်ရတာနားလည်ပြီး ဖြေတတ်ရင် ဖြေပါတယ်။ မေးခွန်းပေါင်း ထောင်သောင်း ရှိပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ